ဇွန် ၂၃ – ၂၀၂၄ GG (VOM) ဆန်စျေးနူန်းမြင့်တက်မှုကို ထိန်းချုပ်ဖို့အတွက် ရန်ကုန်တိုင်းအတွင်းကပြည်သူတွေကို သက်သာတဲ့စျေးနူန်းနဲ့ ဆန်တွေရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်MRF က ဒီနေ့ဇွန်လ ၂၃ ရက်မှာထုတ်ပြန်ကြေညာပါတယ်။ ဆန်ကုန်သည်တွေအရေးယူခံရပြီး MRF ကတာဝန်ရှိသူတွေက ဆန်စျေးနူန်းမြင့်တက်မှုနဲ့ပတ်သက်လို့ ခေါ်ယူမေးမြန်းမှု ရပြီးနောက်မှာ စားသုံးသူ ပြည်သူကို ဇွန်လ ၂၄ ရက်ကစပြီး ဆန်တွေထုတ်ရောင်းပေးမယ့်အကြောင်း ပြောဆိုလာတာဖြစ်ပါတယ်။ ဆန်တွေကိုထုတ်ရောင်းပေးမယ့်အစီအစဥ်က ရန်ကုန်တိုင်း တခုတည်းသာဖြစ်တဲ့အပြင် လိုအပ်သလောက်ပမာဏကို ဆိုင်တိုင်းမှာဝယ်ယူမရဘဲ ဘုရင့်နောင်ကုန်စည်ဒိုင် ၊ဝါးတန်းကုန်စည်ဒိုင်မှာသာ အကန့်အသတ်နဲ့ ဝယ်ယူနိုင်တာကြောင့် လက်ရှိဆန်စျေးကွက်ကျဆင်းနိူင်ဖွယ်မရှိဘူးလို့ ဆန်ကုန်သည်တွေကသုံးသပ်ပါတယ်။ ” ဆန်မှမဟုတ်ဘူးဘယ်ပစ္စည်းမဆို ကိုယ်လိုချင်တဲ့အချိန်၊လိုအပ်သလောက်ကို ကိုယ်နေတဲ့ဒေသမှာ အချိန်မရွေးဝယ်ယူလို့ရနေရင် စျေးကမတန်တဆထိူးမတက်ဘူးဒါထုံးစံပဲ၊ အခုသူတို့က ရန်ကုန်တောင်မှ နှစ်နေရာပဲရောင်းပေးနိုင်တာ၊ဒါတောင်မှတ်ပုံ အိမ်ထောင်စုစာရင်းပြရအုံးမယ်ဆိုတော့စဥ်းစားကြည့်ပါ၊ ပြည်ကောက်ရောင်းပေးတဲ့လက်လီဆိုင်တွေလည်းမပြောဘူး၊အခုလို အိမ်ထောင်တစုကို ဆန်နှစ်အိတ်ရောင်းပေးမယ့်အစီအစဥ်ကိုတနိုင်လုံးလုပ်သွားနိူင်ရင်တော့ အတော်သင့်ပြေလိမ့်မယ်၊ဒါလည်းလူလတ်တန်းစားပဲပြေမယ်၊နေ့တိုင်း ပြည်ကောက်ဝယ်စား ရတဲ့သူတွေကတော့ မပြေနိုင်ဘူး၊အရင်ကလည်းသူတို့အရံဆန်တွေထုတ်ရောင်းပေးတာမျိုးလုပ်ခဲ့တာပဲ ၊ဆန်စျေးကွက်မကျတဲ့အပြင် ခုဘယ်စျေးဖြစ်လာလဲ…
Read MoreDay: June 23, 2024
နမ့်ခမ်း အမှတ် ၂ စျေးကို တရုတ်စျေးသစ် စီမံကိန်းအတွက် TNLA က ဆိုင်ခန်းတွေဖျက်နေ
ဇွန် ၂၃၊၂၀၂၄ Shy V ‘VOM) နမ့်ခမ်းမြို့၊ အောင်မေတ္တာ ရပ်ကွက်ရှိ အမှတ် ၂ ဈေးကို TNLA က တရုတ်ဈေးသစ် စီမံကိန်းချထားပြီး ဒေသခံ ဆိုင်ရှင်တွေ သဘောတူညီချက် မရရှိပဲ တရုတ်ဈေးသစ် လုပ်ဖို့ ဆိုင်ခန်းတွေ ဖျက်နေပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ်။ ဆိုင်ခန်းတွေ ဖျက် နေပြီ။ ကျွန်မတို့ကိုတော့ လာဖျက်မယ်ဆိုတာ ဘာမှ လာမပြောဘူး။ ဒီနေ့တော့ဆိုင်က ခင်းပြီးပြီလေ။ ဖျက်တာ ဆိုင်ခန်းနားဝောာ့ ရောက်လာ နေပြီ။ သူတို့ လာဖျက်သွား မလား မသိဘူး။ မနက်ဖြန်တော့ ဆိုင်ခန်း ပြောင်းဖွင့် ပြီနော်။ ဟိုဘက် လမ်းကြားထဲ” လို့ ဆိုင်ရောင်းနေတဲ့ ဆိုင်ရှင် တယောက်က လက်ညိုး ထိုး ညွှန်ပြပါတယ်။ ဆိုင်ရှင်တွေကို နစ်နာကြေးနဲ့ ပတ်သက်ပြီး…
Read Moreမန္တလေး ကုန်စည်ဒိုင် ၂၃- ၆-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ
မန္တလေး- ၂၃- ၆-၂၀၂၄ (VoiceOfMyanmar) ဂျုံစေ့အမျိုးမျိုး ဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 190000/ 200000 ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 190000/ 200000 ဂျုံ (စစ်ကိုင်း/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 190000/200000 ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 190000 / 200000 ဂျုံ (ကလေး) – ၆၀ ပိဿာ 150000 ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 165000/ 170000/ ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ -165000/ 170000/ ဂျုံ…
Read Moreမြင်းခြံမှာ လူနာပို့တဲ့ လူမှုရေးကားပစ်ခံရပြီး ဆရာတော်တပါးပျံလွန်တော်မူ
ဇွန် ၂၃ – ၂၀၂၄ GG (VOM) မြင်းမြို့နယ်မှာ ၊ လူနာလိုက်ပို့တဲ့ လူမှုရေးအသင်းကားပစ်ခတ်ခံရပြီး ကားပေါ်ပါတဲ့ ဆခမကျေးရွာက ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသွားခဲ့ရတယ်လို့သိရပါတယ်။ ဖြစ်စဥ်က ဇွန်လ ၂၂ ရက်နေ့ ည၉ နာရီခွဲလောက်မှာ လူမှုကူညီရေးအသင်းကားဟာ လူနာပို့ပြီး ပြန်အလာ မြင်းခြံမြို့အထွက်မှာ ပစ်ခတ်ခံရတာဖြစ်ကြောင်း ၊ အဆိုပါပစ်ခတ်မှုကြောင့် ကားရှေ့ခေါင်းခန်းမှာထိုင်နေတဲ့ ဆရာတော်ကနေရာမှာပဲ ပျံလွန်တော်မူခဲ့ပြီး ယာဥ်မောင်းကထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ဖြစ်စဥ်နဲ့ပတ်သက်ပြီး မြင်းခြံမြို့လူမှုကူညီရေးအဖွဲ့ဝင်တယောက်က “ညက မြင်းခြံမြို့အရှေ့ဘက်အထွက်မှာ အပစ်ခံရတာ၊အဲ့နားကလူတွေလည်းပြောတယ် သေနတ်သံတွေကြားရတယ်ပေါ့။ဆရာတော်ကပျံလွန်တော်မူသွားတယ်၊ဆခမရွာကျောင်းကပါ၊ပစ်ခတ်မှုဖြစ်တာက သတ်မှတ်ချိန် ၁၀ နာရီမထိုးခင်ဖြစ်တာ၊၉ နာရီခွဲလောက်ပေါ့၊ခုလိုလူမှုရေးကားတွေပစ်ခံရတာတကယ်လုပ်ကိုင်နေသူတွေအတွက် အခက်အခဲတွေဖြစ်ပါတယ်။ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် လူမှုရေးကားတွေကိုတော့ ခွင့်ပြုပေးသင့်တယ်၊ပြည်သူ့ကျန်းမာရေးအတွက် လုပ်ဆောင်နေတဲ့လုပ်ငန်းပါ၊အားလုံးအဆင်ပြေပြေနဲ့ပဲဖြစ်ချင်ပါတယ် ” လို့မှတ်ချက်ပြုပြောပါတယ်။ ပစ်ခတ်မှုအတွင်းပျံလွန်တော်မူခဲ့ရတဲ့ ဆရာတော်က ဆခမဘုန်းကြီးကျောင်းကကျောင်းထိုင်ဆရာတော်ဖြစ်ပြီး လူနာလမ်းကြောင်ူရှိပါက အခုလိုကားနဲ့လိုက်ပါလေ့ရှိကြောင်း ၊ သက်တော်က ၄၉ နှစ်၊ဝါတော် ၁၀ ဝါရှိတယ်လို့သိရပါတယ်။…
Read Moreဂျပန်ဧကရာဇ် ဇနီးမောင်နှံ ဗြိတိန်ကို ချစ်ကြည်ရေး အလည်အပတ်ခရီး ရောက်ရှိနေ
လန်ဒန်၊ ဇွန်-၂၃-၂၀၂၄ မျိုးဆက်(VOM) ဂျပန်ဧကရာဇ် နာရူဟီတိုနဲ့ ကြင်ယာတော် မာဆာကိုတို့ဟာ ဗြိတိန်ုနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ် ခရီးရောက်ရှိနေပြီး ဒါဟာ ၂၀၁၉ ခုနှစ်မှာ နန်းတက်ပြီးနောက် ဒုတိယမြောက် ဗြိတိန်ခရီးစဉ်ဖြစ်ပါတယ်။ တော်ဝင်ဇနီးမောင်နှံလိုက်ပါလာတဲ့ ဂျပန်အစိုးရလေယာဉ်ဟာ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၃၀ မိနစ်ဝန်းကျင်မှာ လန်ဒန်အနီးလေဆိပ်ကို ဆိုက်ရောက်ခဲ့ပါတယ်။ ဂျပန်ဧကရာဇ်တို့ ဇနီးမှောင်နှံဟာ အဲလိဇဘတ်-၂ ဘုရင်မကြီး ကွယ်လွန်ချိန်က ဗြိတိန်ကို နောက်ဆုံးသွားရောက်ခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ ဗြိတိန်ရဲ့ ချားလ်ဘုရင်ရဲ့ ဖိတ်ကြားမှုအရ သွားရောက်ခဲ့တာဖြစ်ပြီး မနက်ဖြန်မှာတော့ ဧကရာဇ်တို့ ဇနီးမောင်နှံဟာ လန်ဒန်ရှိ ဂျပန်ယဉ်ကျေးမှု စင်တာကို သွားရောက်မှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဇွန် ၂၅ ရက်မှာတော့ ဘက်ကင်ဟမ်နန်းတော်မှာ ချားလ်ဘုရင်က အခမ်းအနားနဲ့ ကြိုဆိုပြီး ဧည့်ခံပွဲတက်ရောက်မှာဖြစ်ကာ ဇွန် ၂၇ ရက်မှာတော့ ဗြိတိန်တော်ဝင်မိသားစု…
Read Moreအစ္စရေးနဲ့ ဟဇ်ဘိုလာတို့ အပြန်အလှန်တိုက်ခိုက်မှု ပိုမိုပြင်းထန်လာ
တဲလ်အဗစ်၊ ဇွန်-၂၃-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးစစ်တပ်ဟာ အိမ်နီးချင်း လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ရဲ့ စစ်ရေးပစ်မှတ်တွေကို ပြီးခဲ့တဲ့နေက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်အကြား တင်းမာမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။ လက်ဘနွန်တောင်ပိုင်းက ဟဇ်ဘိုလာပစ်မှတ်တွေကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုအပြီးမှာတော့ ဟဇ်ဘိုလာတွေကလည်း အစ္စရေးကို မောင်းသူမဲ့လေယာဉ်တွေနဲ့အပြင် အခြားတိုက်ခိုက်မှုတွေပါ တုံ့ပြန်လုပ်ဆောင်ခဲ့ပါတယ်။ နှစ်ဘက်တင်းမာမှုတွေကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်လာမှာကို ကမ္ဘာ့နိုင်ငံတွေက စိုးရိမ်ပူပန်နေကြပါတယ်။ အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က နှစ်ဘက်စလုံးကို တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးကို ဒုံးကျည်ရာနဲ့ချီ တိုက်ခိုက်ခဲ့ပြီး နှစ်ဘက် တင်းမာမှုတွေ ပိုမိုမြင့်တက်လာကာ အစ္စရေးကလည်း ဟဇ်ဘိုလာအဖွဲ့အပေါ် စစ်ဆင်ရေးတွေလုပ်ဖို့ ဆုံးဖြတ်ချက်တရပ်ကို ယခုသီတင်းပတ်မှာ ချမှတ်ခဲ့ပါတယ်။ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ ပြီးခဲ့တဲ့အောက်တိုဘာလက ဂါဇာစစ်ပွဲစတင်ပြီးနောက် ဂါဇာအခြေစိုက် ဟားမတ်စ်တို့ကို ထောက်ခံကြောင်း ပြသနတဲ့အနေနဲ့…
Read Moreရုရှား-မြောက်ကိုရီးယား စစ်ရေးအကူအညီပေးရေး သဘောတူညီရယူမှု ကုလလုံခြုံရေးကောင်စီမှာ ဆွေးနွေးမယ်
နယူးယောက်၊ ဇွန်-၂၃-၂၀၂၄ မျိုးဆက်(VOM) ရုရှားနဲ့ မြောက်ကိုရီးယားတို့အကြား နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမယ့် သဘောတူညီချက်သစ်နဲ့ပတ်သက်ပြီး လာမယ့် ဇွန် ၂၈ ရက်မှာ လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပဖို့ စီစဉ်ထားကြောင်း သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။ အစည်းအဝေးကျင်းပဖို့ အခြားနိုင်ငံတွေနဲ့အတူ ဂျပန်နဲ့ အမေရိကန်တို့က တောင်းဆိုခဲ့ကြကြောင်း သတင်းရင်းမြစ်တွေကပြောပါတယ်။ ရုရှားနဲ့ မြောက်ကိုရီးယားတို့ရဲ့ သဘောတူညီချက်သစ်မှာ စစ်မက်ဖြစ်ပွားပါက တနိုင်ငံက တနိုင်ငံကို စစ်ရေးနဲ့ အခြားအကူအညီတွေ ပေးအပ်ရမယ်လို့ ပါဝင်ပါတယ်။ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က အဆိုပါစာချုပ်နဲ့ ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်းနဲ့ အင်ဒို-ပစိဖိတ်ဒေသရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒီ သဘောတူညီချက်ဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် တောင်ကိုရီးယားက ရှုတ်ချခဲ့ပြီး တောင်ကိုရီးယားအနေနဲ့ နိုင်ငံတစ်နိုင်ငံ ရန်စကျူးကျော်ခံနေရပါက အလားတူလက်နက်တွေ ထောက်ပံ့ပေးမယ့် ဖြစ်နိုင်ခြေကို ပြန်လည်သုံးသပ်စဉ်းစားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။…
Read Moreဂါဇာစီးတီးကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု လူ ၃၈ ယောက်ထက်မနည်း သေဆုံးပြန်
ဂါဇာစီးတီး၊ ဇွန်-၂၃-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသ ဂါဇာစီးတီးကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်အတွင်း လူ ၃၈ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ အစ္စရေးစစ်တပ်ကတော့ ဒါဟာ ဟားမတ်စ်တို့ရဲ့ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ ဂါဇာရှိ သမိုင်းဝင်ဒုက္ခသည်စခန်းတခုဖြစ်တဲ့ အယ်လ်ရှာတီအရပ်ရှိ လူနေရပ်ကွက်တခုကိုလည်း ဒုံးကျည်အကြိမ်ပေါင်းများစွာ ထိမှန်ခဲ့ပြီး အခြားတိုက်ခိုက်မှုတခုမှာတော့ အယ်လ်တူဖက်ခရိုင်ရှိ နေအီမ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဟားမတ်စ်တာဝန်ရှိသူတွေက ဆိုပါတယ်။ အစောပိုင်းသတင်းတွေအရ လူ ၄၂ ယောက်သေဆုံးတယ်လို့ ခန့်မှန်းကြပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုဟာ ဟားမတ်စ်ထိပ်တန်းတာဝန်ရှိသူတယောက်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ အစ္စရေး သတင်းမီဒီယာတွေက ဖော်ပြပါတယ်။ “မြင်တဲ့အတိုင်းပါပဲ။ တိုက်ခိုက်မှုရဲ့ သက်ရောက်မှုက ငလျင်တခုလိုပဲ။ ဒီဒေသကို ပစ်မှတ်ထားပြီး နေအိမ်တွေ ဖျက်ဆီးခံခဲ့ရတယ်။ အပျက်အစီးတွေအောက်မှာ မိသားစုတွေရှိနေတုန်းပဲ ”လို့ ဂါဇာအရပ်ဘက်ကာကွယ်ရေး တာဝန်ရှိသူတယောက်က…
Read MoreThis Day in History
Voice of Myanmar ဗြိတိန်သည် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ၂၀၁၆ ခုနှစ် ဇွန် ၂၃ ရက်တွင် ပြုလုပ်ခဲ့ပြီး နှုတ်ထွက်ခြင်းကို ပြည်သူ ၅၁ ဒသမ ၉ ရာခိုင်နှုန်းက ထောက်ခံခဲ့ပြီးနောက် ဥရောပသမဂ္ဂမှ နှုတ်ထွက်ခဲ့သည့် ပထမဆုံးနိုင်ငံ ဖြစ်လာသည်။ #Voiceofmyanmar #VOM #ThisDayinHistory #June23
Read More