မူဆယ်မြို့နယ်မှာ ARTဆေး ပြတ်လပ်လို့ အခက်အခဲ ဖြစ်နေ

မတ် ၁၄၊ ၂၀၂၅
Shy V VOM
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်မှာ HIV ပိုး ထိန်းချုပ်တဲ့ ART (Antiretroviral Therapy) ဆေးပြတ်လပ်လို့ အခက်အခဲ ဖြစ်နေရကြောင်း HIV/AIDS နဲ့အတူနေထိုင်သူတွေ ဆီက သိရပါတယ်။
“မူဆယ်မှာ ART ဆေး မရတာ ကြာပြီ။ တောင်ကြီးမှာ သွားယူရတာ ၂ ခေါက်ရှိပြီ။ လမ်းခရီးလည်း အရမ်းခက်ခဲ၊ ငွေလည်း ခက်ခဲလို့ ၆ လ စာ အတွက် ဆေး ပေးလိုက်ဖို့ ညှိကြည့်တယ်။ မရဘူး။ အဲလို ပေးလိုက်ရင် တခြား လူတွေ အတွက် ဆေးတောင် မရှိတာ့ဘူးလို့ ပြောလာတယ်။ ရှမ်းမြောက် နီးတဲ့ နေရာတွေမှာ ညှိယူလို့ရလား ဆိုတော့ နိုင်ငံရေး အခြေအနေ မသိထားတော့ ခက်တယ်လို့ ပြောတယ်” လို့ ART ဆေးသောက်နေရတဲ့ အမျိုးသမီး တယောက်က ပြောပါတယ်။
နိုင်ငံခြားက ထောက်ပံ့မှုနည်းတာကြောင့် ဆေးပေးတာလည်း အရင်လို များများစားစား မရနိုင်တော့ဘူးလို့ သိရတယ် လို့ ပြောပါတယ်။
“အရမ်းခက်ခဲလာလို့ နောက်ဆိုရင် ဘယ်လို ဖြစ်လာမလဲ တောင်မသိဘူး။ ဒီတခေါက် ကျွန်မတို့ ဆေးပေးဝေတဲ့ ရုံးက အကြီးပိုင်းတွေနဲ့ ညှိကြည့်တာ အရမ်းခက်တယ်။ လ အနည်းငယ် အတွက် ရယူတောင် မနည်း ပြောရတယ်။” လို့ သူက ပြောပါတယ်။
ခရီး ဝေးလွန်းတာကြောင့် ၆ လ စာ တောင်းကြည့်တာ ၄ လ စာပဲ ရတယ်၊ ရှမ်းမြောက်မှာ ရုံးတွေတော့ ထားထားပေမယ့် ဆေးကို မရောက်တော့တာ လို့ သူက ပြောပါတယ်။
“လူနာတွေ အားလုံးလည်း အလုပ်ကြမ်း လုပ်ပြီးပဲ ရှာစားရတာ။ အရောင်းအဝယ်လုပ်တတ်တဲ့ လူတွေလည်း မပါဘူး။ ဝင်ငွေ အရမ်းခက်ခဲလာလို့ ဟိုနားရွာက လူနာအဖွဲ့က လောက်သေရွက်ပဲ ကျိုသောက်နေကြရတယ်။” လို့ သူက ရှင်းပြပါတယ်။
ဆေးပြတ်လပ်သွားလို့ သေဆုံး သွားတဲ့ လူတွေ ရှိသလို့ လက်ရှိ သေလုမျောပါး အရမ် ဆိုးဝါးနေတဲ့ သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
“ပုံမှန်ဆိုရင်တော့ ART ဆွေးတွေ မပြတ်ဘူး။ လောလောဆယ်တော့ ဆေးတွေက ဆက်ပေးနေတယ်။ အများကြီး‌ေတာ့ အရင်လို ဗုံးဘောလ‌ေအာ တော့ မလုပ်နိုင်တော့ဘူး။” လို့ ရန်ကုန်က ART ဆေးပေးဝေရေး ရုံးက တာဝန်ရှိသူ တယောက် က ပြောပါတယ်။
လက်ရှိတော့ ရှိတဲ့ဆေးနဲ့ လူဟောင်းတွေကို ပေးနေတာရှိပြီး လူသစ်တွေကိုလည်း မဖြစ်မနေ သောက်ရတဲ့ သူတွေကို ပေးနေတယ်လို့သူက ပြောပါတယ်။
အမေရိကန်မှာ သမ္မတထရမ့် တက်ပြီးနောက် ထောက်ပံ့မှုတွေ လျှော့ချခဲ့ပြီး မြန်မာနိုင်ငံ တင်မဟုတ်ပဲ ကမ္ဘာနဲ့ တဝှမ်း ထိတာဖြစ်တယ်လို့ ဆိုပါတယ်။
Photo Crd#

Related posts

Leave a Comment

VOM News

FREE
VIEW