ဂါဇာစီးတီးကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု လူ ၃၈ ယောက်ထက်မနည်း သေဆုံးပြန်

 

ဂါဇာစီးတီး၊ ဇွန်-၂၃-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသ ဂါဇာစီးတီးကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်အတွင်း လူ ၃၈ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။

အစ္စရေးစစ်တပ်ကတော့ ဒါဟာ ဟားမတ်စ်တို့ရဲ့ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ဂါဇာရှိ သမိုင်းဝင်ဒုက္ခသည်စခန်းတခုဖြစ်တဲ့ အယ်လ်ရှာတီအရပ်ရှိ လူနေရပ်ကွက်တခုကိုလည်း ဒုံးကျည်အကြိမ်ပေါင်းများစွာ ထိမှန်ခဲ့ပြီး အခြားတိုက်ခိုက်မှုတခုမှာတော့ အယ်လ်တူဖက်ခရိုင်ရှိ နေအီမ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဟားမတ်စ်တာဝန်ရှိသူတွေက ဆိုပါတယ်။

အစောပိုင်းသတင်းတွေအရ လူ ၄၂ ယောက်သေဆုံးတယ်လို့ ခန့်မှန်းကြပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုဟာ ဟားမတ်စ်ထိပ်တန်းတာဝန်ရှိသူတယောက်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ အစ္စရေး သတင်းမီဒီယာတွေက ဖော်ပြပါတယ်။

“မြင်တဲ့အတိုင်းပါပဲ။ တိုက်ခိုက်မှုရဲ့ သက်ရောက်မှုက ငလျင်တခုလိုပဲ။ ဒီဒေသကို ပစ်မှတ်ထားပြီး နေအိမ်တွေ ဖျက်ဆီးခံခဲ့ရတယ်။ အပျက်အစီးတွေအောက်မှာ မိသားစုတွေရှိနေတုန်းပဲ ”လို့ ဂါဇာအရပ်ဘက်ကာကွယ်ရေး တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဒီအတောအတွင်း မနေ့က ဖြစ်ပွားခဲ့တဲ့ နိုင်ငံတကာကြက်ခြေနီရုံးအနီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရတာကြောင့် လူ ၂၂ ယောက်သေဆုံးခဲ့တဲ့အပေါ် အီးယူအပါအဝင် နိုင်ငံတကာက ရှုတ်ချထားပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ တောင်းဆိုထားပါတယ်။

Ref:BBC
Photo:

#Voiceofmyanmar #VOM #အစ္စရေး #ဂါဇာ #ဟားမတ်စ် #လေကြောင်းတိုက်ခိုက် #၃၈ယောက်သေ

Related posts

Leave a Comment

VOM News

FREE
VIEW