ဂျပန်ဧကရာဇ် ဇနီးမောင်နှံ ဗြိတိန်ကို ချစ်ကြည်ရေး အလည်အပတ်ခရီး ရောက်ရှိနေ

 

လန်ဒန်၊ ဇွန်-၂၃-၂၀၂၄
မျိုးဆက်(VOM)

ဂျပန်ဧကရာဇ် နာရူဟီတိုနဲ့ ကြင်ယာတော် မာဆာကိုတို့ဟာ ဗြိတိန်ုနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ် ခရီးရောက်ရှိနေပြီး ဒါဟာ ၂၀၁၉ ခုနှစ်မှာ နန်းတက်ပြီးနောက် ဒုတိယမြောက် ဗြိတိန်ခရီးစဉ်ဖြစ်ပါတယ်။

တော်ဝင်ဇနီးမောင်နှံလိုက်ပါလာတဲ့ ဂျပန်အစိုးရလေယာဉ်ဟာ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၃၀ မိနစ်ဝန်းကျင်မှာ လန်ဒန်အနီးလေဆိပ်ကို ဆိုက်ရောက်ခဲ့ပါတယ်။ ဂျပန်ဧကရာဇ်တို့ ဇနီးမှောင်နှံဟာ အဲလိဇဘတ်-၂ ဘုရင်မကြီး ကွယ်လွန်ချိန်က ဗြိတိန်ကို နောက်ဆုံးသွားရောက်ခဲ့ပါတယ်။

ဒီတကြိမ်မှာတော့ ဗြိတိန်ရဲ့ ချားလ်ဘုရင်ရဲ့ ဖိတ်ကြားမှုအရ သွားရောက်ခဲ့တာဖြစ်ပြီး မနက်ဖြန်မှာတော့ ဧကရာဇ်တို့ ဇနီးမောင်နှံဟာ လန်ဒန်ရှိ ဂျပန်ယဉ်ကျေးမှု စင်တာကို သွားရောက်မှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဇွန် ၂၅ ရက်မှာတော့ ဘက်ကင်ဟမ်နန်းတော်မှာ ချားလ်ဘုရင်က အခမ်းအနားနဲ့ ကြိုဆိုပြီး ဧည့်ခံပွဲတက်ရောက်မှာဖြစ်ကာ ဇွန် ၂၇ ရက်မှာတော့ ဗြိတိန်တော်ဝင်မိသားစု သင်္ချိုင်းဂူရှိရာ ဝင်ဆာရဲတိုက်ရှိ အဲလိဇဘတ်-၂ ဘုရင်မကြီးနဲ့ ကြင်ယာတော် မင်းသားကြီးဖိလစ်တို့ရဲ့အုတ်ဂူကို သွားရောက်ပြီး အမှတ်တ၇ ပန်းစည်းချမှာ ဖြစ်ပါတယ်။

နောက်တနေ့မှာတောပ ဂျပန်ဧကရာဇ်နဲ့ ဇနီးမောင်နှံဟာ သူတို့နှစ်ဦး ပညာသင်ကြားခဲ့ရာ အောက်စဖို့ဒ်တက္ကသိုလ်ကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:NHK
Photo:Getty Images

#Voiceofmyanmar #VOM #ဂျပန် #ဧကရာဇ်ဇနီးမောင်နှံ #ဗြိတိန် #အလည်ပတ်အရောက်ရှိ

Related posts

Leave a Comment

VOM News

FREE
VIEW