အစ္စရေးနဲ့ ဟဇ်ဘိုလာတို့ အပြန်အလှန်တိုက်ခိုက်မှု ပိုမိုပြင်းထန်လာ

 

တဲလ်အဗစ်၊ ဇွန်-၂၃-၂၀၂၄
မျိုးဆက်(VOM)

အစ္စရေးစစ်တပ်ဟာ အိမ်နီးချင်း လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ရဲ့ စစ်ရေးပစ်မှတ်တွေကို ပြီးခဲ့တဲ့နေက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်အကြား တင်းမာမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။

လက်ဘနွန်တောင်ပိုင်းက ဟဇ်ဘိုလာပစ်မှတ်တွေကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုအပြီးမှာတော့ ဟဇ်ဘိုလာတွေကလည်း အစ္စရေးကို မောင်းသူမဲ့လေယာဉ်တွေနဲ့အပြင် အခြားတိုက်ခိုက်မှုတွေပါ တုံ့ပြန်လုပ်ဆောင်ခဲ့ပါတယ်။

နှစ်ဘက်တင်းမာမှုတွေကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်လာမှာကို ကမ္ဘာ့နိုင်ငံတွေက စိုးရိမ်ပူပန်နေကြပါတယ်။ အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က နှစ်ဘက်စလုံးကို တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးကို ဒုံးကျည်ရာနဲ့ချီ တိုက်ခိုက်ခဲ့ပြီး နှစ်ဘက် တင်းမာမှုတွေ ပိုမိုမြင့်တက်လာကာ အစ္စရေးကလည်း ဟဇ်ဘိုလာအဖွဲ့အပေါ် စစ်ဆင်ရေးတွေလုပ်ဖို့ ဆုံးဖြတ်ချက်တရပ်ကို ယခုသီတင်းပတ်မှာ ချမှတ်ခဲ့ပါတယ်။

လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ ပြီးခဲ့တဲ့အောက်တိုဘာလက ဂါဇာစစ်ပွဲစတင်ပြီးနောက် ဂါဇာအခြေစိုက် ဟားမတ်စ်တို့ကို ထောက်ခံကြောင်း ပြသနတဲ့အနေနဲ့ အစ္စရေးကို တိုက်ခိုက်မှုတွေ ပြုလုပ်နေခဲ့ပါတယ်။

Ref:NHK
Photo:Getty Images

#Voiceofmyanmar #VOM #အစ္စရေး #ဟဇ်ဘိုလာ #တင်းမာမှု #ပိုမိုမြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW