ဂါဇာမှာ စစ်ဆင်ရေးကြီးတွေ လျှော့ချပြီး ဟဇ်ဘိုလာနဲ့တင်းမာနေတဲ့ လက်ဘနွန်နယ်စပ်ကို အစ္စရေးတပ်တွေ ရွှေ့မယ်

 

တဲလ်အဗစ်၊ ဇွန်-၂၄-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသမှာ ဟားမတ်စ်တို့ကို တိုက်ခိုက်နေတဲ့ ပြင်းထန်တဲ့ စစ်ဆင်ရေးကြီးတွေ များမကြာခင် အဆုံးသတ်တော့မှာဖြစ်ပြီး အစ္စရေးတပ်တွေကို လက်ဘနွန်နဲ့ထိစပ်နေတဲ့ နိုင်ငံမြောက်ပိုင်း နယ်စပ်တလျှောက်မှာ ထပ်မံချထားတော့မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။

ဒါဟာ စစ်ပွဲပြီးဆုံးပြီးလို့ ဆိုလိုတာမဟုတ်ဘဲ ပြင်းထန်တဲ့စစ်ဆင်ရေးတွေအဆင့်တွေ ရာဖာမှာပြီးဆုံးတော့မှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။ ပြင်းထန်တဲ့ စစ်ဆင်ရေးကို လျှော့ချမှာဖြစ်ပေမယ့် ဒါဟာ စစ်ပွဲပြီးသွားတာမဟုတ်ဘူးလို့ သူကပြောပါတယ်။

အစ္စရေးတပ်တွေကို လက်ဘနွန်နယ်စပ်ရှိ နိုင်ငံမြောက်ပိုင်းကို ပြောင်းရွှေ့နိုင်ခြေရှိပြီး ဒါကိုလုပ်ဆောင်နေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ အစ္စရေးအနေနဲ့ နိုင်ငံကာကွယ်ရေးက အဓိကဦးစားပေးဖြစ်ပြီး ဒုတိယအဆင့်ကတော့ ဒုက္ခရောက်နေတဲ့ အစ္စရေးနိုင်ငံသားတွေကို ကူညီဖို့ဖြစ်တယ်လို့ နေတန်ယာဟုက ဆိုပါတယ်။

လက်ရှိမှာတော့ အစ္စရေးဟာ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့နဲ့ နယ်စပ်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်လက်ပြင်းထန်နေပြီး ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ဟဇ်ဘိုလာအဖွဲ့က အစ္စရေးကို ဒုံးကျည်ရာနဲ့ချီ တိုက်ခိုက်ခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေကြောင့် ဟဇ်ဘိုလာအဖွဲ့အပေါ် စစ်ဆင်ရေးတွေ လုပ်ဆောင်မယ့် ဆုံးဖြတ်ချက်တရပ်ကို အစ္စရေးအစိုးရက မကြာသေးမီ ချမှတ်ခဲ့ပါတယ်။ ဟဇ်ဘိုလာအဖွဲ့ဟာ ဂါဇာက ဟားမတ်စ်တွေကို ထောက်ခံကြောင်း ပြသနတဲ့အနေနဲ့ ပြီးခဲ့တဲ့အောက်တိုဘာလက ဂါဇာစစ်ပွဲစတင်ပြီးကတည်းက အစ္စရေးကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Ref:NHK
Photo:AFP

#Voiceofmyanamr #VOM #အစ္စရေး #လက်ဘနွန် #ဟဇ်ဘိုလာ #နိုင်ငံမြောက်ပိုင်း #တပ်ရွှေ့

Related posts

Leave a Comment

VOM News

FREE
VIEW