ဆော်ဒီအာရေဗျမှာ ဟာ့ဂျ်ဘုရားဖူးရင်း အပူဒဏ်ကြောင့်သေဆုံးသူ ၁၃၀၀ ကျော်ထိ မြင့်တက်လာ

 

ရီယတ်၊ ဇွန်- ၂၄-၂၀၂၄
မျိုးဆက်(VOM)

ဆော်ဒီအာရေဗျနိုင်ငံ ဟာ့ဂျ်ကာလအတွင်း ပြင်းထန်တဲ့အပူချိန်ကြောင့် သေဆုံးတဲ့ ဘုရားဖူးအရေအတွက် ၁၃၀၀ ကျော်ထိရှိလာကြောင်း ဆော်ဒီအာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူအများစုဟာ ဘုရာဖူးများအဖြစ် တရားဝင်မှတ်ပုံတင်ခြင်းမရှိကြောင်း တာဝန်ရှိသူများကဆိုသည်။ လက်ရှိမှာတော့ မက္ကမြို့ရဲ့အပူချိန်ဟာ ၅၁ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိပူပြင်းနေပါတယ်။

သေဆုံးသူတွေရဲ့ လေးပုံသုံးပုံကျော်ဟာ မက္ကာကို တရားဝင်လာရောက်ဘုရားဖူးဖို့ တရားဝင်ခွင့်ပြုချက်မရှိသူများဖြစ်ပြီး လုံလောက်သော အမိုးအကာမရှိဘဲ နေရောင်အောက်မှာ သွားလာနေကြတယ်လို့ ဆော်ဒီသတင်းဌာနတွေက ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ သက်ကြီးရွယ်အိုနဲ့ တာနာရှည်ရောဂါသမားတွေပါဝင်တယ်လို့ ဆိုပါတယ်။ တရားဝင်ခွင့်ပြုချက်မရှိသူ တသိန်းလေးသောင်းအပါအဝင် ဘုရားဖူး တသန်းခွဲနီးပါးကို ကျန်းမာရေးတာဝန်ရှိသူတွေက အပူဆိုင်ရာ ပြုစုစောင့်ရှောက်မှုတွေ ပေးခဲ့ပြီး အချို့ကတော့ အပူလွန်ကဲမှုကြောင့် ဆေးရုံတက်နေရတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အီဂျစ်နိုင်ငံသား ၆၅၈ ယောက်၊ အင်ဒိုနီးရှားနိုင်ငံသား ၂၀၀ ကျော်နဲ့ အိနိ္ဒယနိုင်ငံသား ၉၈ ယောက်ပါဝင်ကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားသည်။

ဆော်ဒီအာရေဗျဟာ ဟာ့ဂျ်ဘုရားဖူးတွေကို ပိုမိုဘေးကင်းအောင် အထူးသဖြင့် လေအေးပေးစက်တပ် တဲတွေနဲ့ ဟာ့ဂျ်သယ်ယူပို့ဆောင်ရေး နေရာမျိုးတွေကို ဝင်ခွင့်မရှိတဲ့ မှတ်ပုံတင်ခြင်းမရှိတဲ့ ဘုရားဖူးတွေအတွက် လုပ်ဆောင်ခြင်းမရှိတဲ့အပေါ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Ref:BBC
PhotoAFP

#Voiceofmaynamr #VOM #ဆော်ဒီ #ဟာ့ဂျ်ဘုရားဖူး #၁၃၀၀ကျော် #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW