ရုရှားရဲ့ ဒရုန်းဂိုဒေါင်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ် ထုတ်ပြန်

 

ကိဗ်ယက်၊ ဇွန်-၂၄-၂၀၂၄
မျိုးဆက်(VOM)

အီရန်လုပ်ဒရုန်းတွေကို ပစ်လွှတ်ဖို့နဲ့ ဗိုလ်လောင်းတွေလေ့ကျင့်ဖို့ အသုံးပြုတဲ့ ရုရှားရဲ့ ဒရုန်းတွေထားရှိရာ ဂိုထောင်ကို လေကြောင်းတိုက်ခိုက်မှုတခုအတွင် ဖျက်ဆီးနိုင်ခဲ့ကြောင်း ဂြိုဟ်တု ဓါတ်ပုံတွေက ပြသနေတယ်လို့ ယူကရိန်းစစ်တပ်က ထုတ်ပြန်ပါတယ်။

တောင်ပိုင်း ခရက်စနိုဒါဒေသရှိ ရုရှားလေယာဉ်ကွင်းအနီးမှာ ကြီးမားတဲ့ပေါက်ကွဲမှုတခုဖြစ်ခဲ့ကြောင်း သတင်းတွေထွက်ပေါ်ပြီးနောက် ဒီကိစ္စနဲ့ပတ်သက်ပြီး ယူကရိန်းစစ်တပ်က ဗီဒီယိုဖိုင်တခုကို ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားဘက်ကတော့ ဒီသတင်းတွေနဲ့ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်မပေးပေမယ့် အဲဒီဒေသမှာ ဒရုန်းအများအပြားကို ပစ်ချခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း အီရန်လုပ် Shahed ဒရုန်းတွေကို အသုံးပြုဖို့ လေ့ကျင့်သင်ကြားပေးနေတဲ့ ဆရာတွေနဲ့ ဗိုလ်လောင်းအများအပြား သေဆုံးခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီစစ်ဆင်ရေးကို ယူကရိန်းထောက်လှမ်းရေး အေဂျင်စီတွေနဲ့ ပူးပေါင်းပြီး စီစဉ်လုပ်ဆောင်ခဲ့တာလို့ ယူကရိန်း ရေတပ်အရာရှိတွေက ပြောပါတယ်။ အဲဒီအခြေစိုက်စခန်းဟာ သိမ်းပိုက်ထားတဲ့ ယူကရိန်းနိုင်ငံ မာရီပိုးလ်မြို့နဲ့ ဆန့်ကျင်လက် အေဇောဗ်ပင်လယ်ဒေသမှာ အခြေစိုက်ပါတယ်။

ရုရှားဟာ မကြာသေးမီက ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အနောက်အုပ်စုမဟာမိတ်နိုင်ငံတွေကို အဆင့်မြင့်လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ထောက်ပံ့ပေးဖို့ ထပ်မံတောင်းဆိုထားပါတယ်။

Ref:BBC
Photo:Planet Labs

#Voiceofmyanmar #VOM #ယူကရိန်း #ရုရှား #ဒရုန်းဂိုထောင် #တိုက်ခိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW