ယူကရိန်းအတွက် ဒေါ်လာ ၂၂၅ သန်းတန်ဖိုးရှိ စစ်ရေးအကူအညီတွေ အမေရိကန် ထပ်ပေးမယ်

  ပါရီ ၊ ဇွန်-၇-၂၀၂၄ မျိုးဆက်(VOM) အမရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ပြင်သစ်နိုင်ငံ ပါရီမြိုမှာ တွေ့ဆုံခဲ့ပြီး အမေရိကန်အနေနဲ့ ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီ ဒေါ်လာ ၂၂၅ သန်းဖိုးပေးမယ်လို ပြောပါတယ်။ .ယူကရိန်းအတွက် အမေရိကန်အစိုးရက စစ်ရေးအကူအညီတွေထပ်ပေးဖိုအတွက် ရီပတ်ဘလီကန်အတိုက်အခံတွေနဲ့ အခြေအနေဖြစ်နေရချိန် ဒီဇင်ဘာလအတွင်း အမေရိကန်ကို ဇီလန်စကီး သွားရောက်ပြီးနောက်မှာ ဂျိုးဘိုင်ဒင်နဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံဆွေးနွေးတာလည်းဖြစ်ပါတယ်။ အမေရိကန်က ထောက်ပံ့မယ့် ဒေါ်လာ ၂၂၅ သန်းတန်ဖိုးရှိ စစ်ရေးအကူအညီသစ်ထဲမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ အမြောက်ကျည်တွေ ပါဝင်မယ်လို သတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိမှာတော့ ယူကရိန်းနယ်စပ်ကျေးရွာတွေကို ရုရှားက ထိုးစစ်ဆင် သိမ်းပိုက်မှုတွေလုပ်ဆောင်နေပြီး အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းကို အထောက်အပံ့တွေပေးဖို ဆုံးဖြတ်ချက်အမြန်ချသင့်ပြီးလို ယူကရိန်းသမ္မ တဇီလန်စကီးက ပြောပါတယ်။ ယူကရိန်းအတွက် လက်နက်လိုအပ်ချက်တွေကို ပြည့်မီအောင် အမေရိကန်က ကြိုးစားနေတယ်လို အမေရိကန်အမျိုးသားလုံခြုံရေး…

Read More

ဧ၀ရတ်တောင်နဲ့ ဟိမ၀န္တာတောင်ထိပ်တွေကနေ အမှိက် ၁၁ တန်နဲ့ လူသေအလောင်းတွေ နီပေါစစ်တပ် ဖယ်ရှားရှင်းလင်း

  ခတ္တမန္ဒူ၊ ဇွန်-၇-၂၀၂၄ မျိုးဆက်(VOM) နီပေါစစ်တပ်ဟာ ဧ၀ရတ်တောင်နဲ့ အခြားသော ဟိမ၀န္တာတောင်ထိပ်နှစ်ခုကနေ အမှိက် ၁၁ တန်၊ လူသေအလောင်း လေးလောင်းနဲ့အရိုးစုတခုတိုကို ယခုနှစ်အတွင်း ဖယ်ရှားခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဧ၀ရတ်၊ နော့ပ်ဆီ၊ လွတ်ဆီတောငတွေပေါ်ကနေ အမှိက်တွေနဲ့ ရုပ်အလောင်းတွေကို ဆယ်ယူဖို နီပေါတပ်ဖွဲဝင်တွေက ၅၅ ရက်ကြာ အချိန်ယူခဲ့ရကြောင်း နီပေါစစ်တပ် တာဝန်ရှိသူတွေက ဆိုပါတယ်။ တောင်ထိပ်သိုရောက်ရှိဖို အန္တရာယ်များတဲ့ အခြေအနေတွေမှာ တောင်တက်သမား အများအပြားက ကြိုးပမ်းနေကြပြီး နီပေါစစ်တပ်ဟာ ကမ္ဘာ့အမြင့်ဆုံး အမှိက်ပုံကြီးအဖြစ် သတ်မှတ်ခံရတဲ့ တောင်ပေါ်မှာ ၂၀၁၉ ခုနှစ်မှစ၍ နှစ်စဉ်သန့်ရှင်းရေးတွေ လုပ်ဆောင်နေရပါတယ်။ ဧ၀ရတ်တောင်ပေါ်မှာ အမှိက်တန်ချိန် ၅၀ ကျော်နဲ့ အလောင်း ၂၀၀ ကျော်ရှိမယ်လို တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။ ယခင် သန့်ရှင်းရေးပြုလုပ်တဲ့ ငါးကြိမ်အတွင်း အမှိက် ၁၁၉ တန်၊…

Read More

H5N2 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် လူကိုပထမဆုံးအကြိမ် ကူးစက်ပြီး သေဆုံးမှုဖြစ်ပွား

  နယူးယောက်၊ ဇွန်-၇-၂၀၂၄ မျိုးဆက်(VOM) H5N2 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် လူကိုပထမဆုံးအကြိမ် ကူးစက်ပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို ကမ္ဘာ့ကျန်းမာရေးအဖွဲက ပြောပါတယ်။ မက္ကဆီကိုမှ အသက် ၅၉ နှစ်အရွယ်လူတယောက်ဟာ ဖျားနာခြင်းနဲ့ အသက်ရှူကြပ်ခြင်းစတဲ့ ရောဂါလက္ခဏာတွေ ခံစားရပြီးနောက် သေဆုံးသွားတယ်လို ကမ္ဘာ့ကျန်းမာရေးအဖွဲက ပြောပါတယ်။ မက္ကဆီကို ကျန်းမာရေးအာဏာပိုင်တွေဟာ လူနာဆီကနေ နမူနာတွေရယူပြီး စစ်ဆေးကြည့်ရာမှာတော့ H5N2 ဗိုင်းရပ်စ်ကူးစက်နေတာကို တွေ့ရှိခဲ့ရပြီး ဒီဗိုင်းရပ်စ်ဟာ ယခင်က လူကိုကူးစက်မှုမရှိဖူးသေးကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ သေဆုံးသူဟာ ဗိုင်းရပ်စ်ဘယ်လိုကူးစက်ခဲ့တယ်ဆိုတာ မက္ကဆီကိုအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေကြပါတယ်။ ဒီကူးစက်မှုကလွဲပြီး ဗိုင်းရပ်စ်ဟာ လူတွေကို နောက်ထပ်ကူးစက်မှုမရှိသေးကြောင်းနဲ့ လက်ရှိအခြေအနေအရ အများပြည်သူကျန်းမာရေးအပေါ် အန္တရာယ်နည်းတယ်လို ကမ္ဘာ့ကျန်းမာရေးအဖွဲက ပြောပါတယ်။ ၂၀၀၃ ခုနှစ်ကလည်း H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ပြန့်နှံခဲ့ပြီး အဓိကအားဖြင့် အာရှနဲ့ အာဖရိကဒေသအပါအဝင် လူ ၈၀၀ ကျော် ကူးစက်ခံခဲ့ရပြီး…

Read More

This Day in History

  Voice of Myanmar အမေရိကန်ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခြင်းများမှ ကာကွယ်ပေးရန်အတွက် အမေရိကန် အမိမြေလုံခြုံရေးဌာနကို သမ္မတ ဂျော့ဒဗလျူဘုချ်က ၂၀၀၂ ခုနှစ် ဇွန် ၇ ရက်တွင် ဖွဲစည်းခဲ့သည်။

Read More

ထိုင်ဝမ်အတွက် အက်ဖ်-၁၆ တိုက်လေယာဉ်အပိုပစ္စည်း ဒေါ်လာသန်း ၃၀၀ ဖိုးရောင်းဖို အမေရိကန်အစိုးရ အတည်ပြု

  ဝါရှင်တန်၊ ဇွန်-၆-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်အစိုးရဟာ ထိုင်ဝမ်အတွက် အက်ဖ်-၁၆ တိုက်လေယာဉ်နဲ့ ဆက်စပ်ပစ္စည်း ဒေါ်လာ သန်း ၃၀၀ ဖိုးရောင်းချဖို သဘောတူလိုက်ပါတယ်။ ပင်တဂွန် ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီရဲ့ ရောင်းချရန်အဆိုပြုချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြီးနောက် ဆုံးဖြတ်ချက်ကို ကွန်ဂရက်ထံ အကြောင်းကြားခဲ့ပါတယ်။ ဒါဟာ မေလအတွင်းက ထိုင်ဝမ်သမ္မတသစ် လိုင်ကျင်းတီ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ထိုင်ဝမ်အတွက် အမေရိကန်က ပထမဆုံးအကြိမ် လက်နက်ရောင်းချမှုလည်း ဖြစ်ပြီး ထိုင်ဝမ်ကာကွယ်ရေး ကဏ္ဍမှာ အမေရိကန်ရဲ့ ဆက်လက်ပါဝင်မှုကို ထင်ရှားစွာ ပြသနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိက်အော်စတင်နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျွန်တိုဟာ စင်ကာပူမှာကျင်းပတဲ့ လုံခြုံရေးဖိုရမ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုင်ဝမ်အရေး အမြင်ချင်းဖလှယ်ခဲ့ကြပေမယ့် မတူကွဲပြားမှုတွေက ရှိနေဆဲဖြစ်ပါတယ်။ နှစ်ဘက်ဆွေးနွေးမှုအတွင်း ထိုင်ဝမ်ဝန်းကျင်မှာ တရုတ်နိုင်ငံရဲ့ပြီးခဲ့တဲ့လက စစ်ရေးလေ့ကျင့်မှုဟာ ရန်စတာလို အမေရိကန်ကာကွယ်ရေးဝန်ကြီး…

Read More

ဂါဇာအလယ်ပိုင်းမှာ အစ္စရေးရဲ့ ထိုးစစ်သစ်စတင်၊ လူ ၇၀ ကျော်သေဆုံး

  ဂါဇာစီးတီး၊ ဇွန်-၆-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှု ကျောထောက်နောက်ခံနဲ့အတူ ဂါဇာအလယ်ပိုင်းရှိ ဟားမတ်စ်တိုကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးသစ် စတင်နေပြီဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ ဂါဇာအလယ်ပိုင်းရှိ ဒီယာအယ်လ်ဘာလာမြို အရှေ့ပိုင်းဒေသတွေနဲ့ ဘူရီဂျ်ဒုက္ခသည်စခန်းကို လက်ရှိမှာ ထိန်းချုပ်ထားနိုင်ပြီလို အစ္စရေးစစ်တပ်က ဆိုပါတယ်။ ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ကြုံခဲ့ရတယ်လိုဒေသခံတွေက ပြောပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့် အမျိူးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၇၀ ထက်မနည်းသေဆုံးခဲ့ပြီး အလောင်းတွေကို ဆေးရုံပိုထားတယ်လို Médecins Sans Frontières ကူညီရေးအဖွဲက ဆိုပါတယ်။ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓါးစားခံလွတ်မြောက်ရေး သဘောတူညီချက်သစ်ကို အပြီးသတ်နိုင်ရေးအတွက် အမေရိကန် ၊ အီဂျစ်နဲ့ ကာတာစေ့စပ်ညှိနှိင်းရေးမှူးတွေက ဒိုဟာနဲ့ ကိုင်ရိုမှာ တွေ့ဆုံညှိနှိင်းနေကြစဉ်မှာ အစ္စရေးက ဂါဇာအလယ်ပိုင်းမှာ စစ်အဆင်ရေးအသစ် စတင်နေတာဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ်နဲ့ပတ်သက်ပြီး ဟားမတ်စ်တိုရဲ့ တုံပြန်မှုကို စောင့်ဆိုင်းနေကြောင်း အမေရိကန်က…

Read More

အနောက်အုပ်စုကို တိုက်ခိုက်မယ့်နိုင်ငံတွေကို တာဝေးပစ်လက်နက်တွေ ထောက်ပံ့ပေးနိုင်တယ်လို ပူတင် ခြိမ်းခြောက်

  မော်စကို၊ ဇွန်-၆-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းအတွက် အနောက်အုပ်စုနိုင်ငံတွေက တာဝေးပစ်လက်နက်တွေ ထောက်ပံ့ပေးသလိုမျိုး ရုရှားကလည်း အနောက်အုပ်စု ပစ်မှတ်တွေကို တိုက်ခိုက်မယ့် အခြားနိုင်ငံတွေအတွက် အလားတူလက်နက်တွေ ထောက်ပံ့ပေးနိုင်တယ်လို ရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်တွေကို ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်ဖိုကို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ခွင့်ပြုပြီးနောက် ပြည်ပသတင်းဌာနတွေနဲ့ ပြုလုပ်တဲ့ ရှားရှားပါးပါး သတင်းစာရှင်းလင်းပွဲမှာ ပူတင်ကအခုလို ပြောဆိုခဲ့တာပါ။ “ တစုံတယောက်က ကျွန်တော်တို နယ်မြေတွေကို တိုက်ခိုက်ပြီး ပြသနာတွေဖန်တီးဖို စစ်ပွဲဇုန်တခုကို တာဝေးပစ်လက်နက်တွေ ထောက်ပံ့ပေးနိုင်တယ်လို ထင်ရင် အနောက်အုပ်စုရဲ့ ထိရှလွယ်တဲ့အဆောက်အအုံတွေကို တိုက်ခိုက်မယ့် နိုင်ငံတွေကို ရုရှားကလည်း အလားတူလက်နက်တွေကို အခြားနိုင်ငံတွေအတွက် ထောက်ပံ့ခွင့်ရှိတယ်မဟုတ်လား ”လို ပူတင်ကပြောပါတယ်။ ဒီအချက်က အချိုးမညီမျှမှုဖြစ်ပြီး ဒါကို ရုရှားအနေနဲ့ ပြန်လည် စဉ်းစားမှာပါလို ရုရှားသမ္မတ ပူတင်ကဆိုပါတယ်။…

Read More

မြောက်ကိုရီးယားနဲ့ စစ်ရေးသဘောတူညီချက် ရပ်ဆိုင်းပြီးနောက် အမေရိကန်နဲ့ တောင်ကိုရီးယားတို ဗုံးကြဲလေယာဉ်တွေနဲ့ စစ်ရေးလေ့ကျင့်

  ဆိုးလ်၊ ဇွန်-၆-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်နဲ့ တောင်ကိုရီးယားစစ်တပ်တိုဟာ နှစ်နိုင်ငံမှ ဘီ-၁ဘီ ဗုံးကြဲလေယာဉ်တွေ၊ တိုက်လေယာဉ်တွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြောင်း နှစ်နိုင်ငံစစ်တပ်က ထုတ်ပြန်ပါတယ်။ အမှိက်များပါဝင်တဲ့ မိုးပျံပူပေါင်းတွေကို မြောက်ကိုရီးယားက တောင်ကိုရီးယားဘက်ကို လွှတ်တင်မငတွေကြောင့် နှစ်နိုင်ငံစစ်ရေးသဘောတူညီချက်ကို အပြည့်အ၀ရပ်ဆိုင်းကြောင်း တောင်ကိုရီးယားက ကြေညာပြီးနောက် တရက်အကြာတွင် အမေရိကန်နဲ့အတူ ဗုံးကြဲစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ B-1B ဗုံးကြဲလေယာဉ်တွေဟာ တိုက်လေယာဉ်တွေနဲ့အတူ ကိုရီးယားကျွန်းဆွယ်ကို ဖြတ်သန်းပျံသန်းကာ ပဲ့ထိန်းဗုံးတွေကို သတ်မှတ်နေရာ အတိအကျ ဗုံးကြဲလေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ခုနှစ်နှစ်တာကာလအတွင်း အမေရိကန်ဗုံးကြဲလေယာဉ်တွေ ကိုရီးယားကျွန်းဆွယ်မှာ ပထမဆုံးအကြိမ် ဗုံးကြဲစစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။ B-1B ဗုံးကြဲလေယာဉ်တွေဟာ ဂူအမ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းကနေ ပျံတက်ပါက နှစ်နာရီအတွင်း ကိုရီးယားကျွန်းဆွယ်တလျှောက် ဖြန့်ကြက်နိုင်ကြောင်း တောင်ကိုရီးယား သတင်းဌာနတွေကက ဖော်ပြထားပါတယ်။ အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့…

Read More

ဘိုးအင်းရဲ့ စတားလိုင်နာအာကာယာဉ်နဲ့ နာဆာအာကာသယာဉ်မှူးတွေကို ISS ကို ပထမဆုံး ပိုဆောင်

  ဝါရှင်တန် ၊ ဇွန်-၆-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်အာကသကုမ္ပဏီကြီးဖြစ်တဲ့ ဘိုးအင်းဟာ သူ့ရဲ့ စတားလိုင်နာ အာကာသယာဉ်နဲ့အတူ အာကာသယာဉ်မှူးနှစ်ဦးကို တင်ဆောင်င်ပြီး ကမ္ဘာပတ်လမ်းကြောင်းအတွင်း အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ စတားလိုင်နာကို ဖလော်ရီဒါရှိ ကိပ်ကာနီဗယ် အာကာသစခန်းကနေ ဇွန် ၅ ရက်မှာ လွှတ်တင်ခဲ့တာဖြစ်ပြီး အာကာသယာဉ်မှူးနှစ်ယောက်ဟာ နိုင်ငံတကာအာကာသစခန်းကို ရောက်ရှိဖို တရက်ကျော်ကြာမြင့်မှာ ဖြစ်ပါတယ်။ မကြာသေးမီသတင်းပတ်တွေအတွင်းက စမ်းသပ်မှုတွေမှာ ကွန်ပြူတာစနစ်အပါအဝင် နည်းပညာဆိုင်ရာ ပြသနာများကြောင့် နှစ်ကြိမ်တိုင် လွှတ်တင်မှုကို ဖျက်သိမ်းခဲ့ရပါတယ်။ အာကာသယာဉ်မှူးတွေဟာ စတားလိုင်နာနဲ့ ကမ္ဘာမြေကို ပြန်မလာမီ နိုင်ငံတကာ အာကာသစခန်းမှာ တပတ်ကြာနေထိုင်မှဖြစ်ပြီး အမေရိကန်အနောက်တောင်ပိုင်းမှာ ဆင်းသက်ဖို စီစဉ်ထားပါတယ်။ အမေရိကန်အာကာသအေဂျင်စီ(နာဆာ)ဟာ အာကာသယာဉ်မှူးတွေကို ကမ္ဘာပတ်လမ်းကြောင်းကို ပိုဆောင်ဖိုရာမှာ ရုရှားရဲ့ ဆိုယုဇ်အာကာသယာဉ်တွေအပေါ် မှီခိုခဲ့ရပြီး ပြီးခဲ့တဲ့လေးနှစ်ကစပြီး အမေရိကန်ကုမ္ပဏီ စပေ့အိတ်စ်နဲ့အတူ အာကာသယာဉ်မှူးတွေ စတင်ပိုဆောင်ပေးခဲ့ပါတယ်။ Ref:NHK Photo:AP

Read More

This Day in History

  Voice of Myanmar အမေရိကန်စစ်ဗိုလ်ချုပ်ကြီး ဒွိက်ဒေးဗစ်အိုင်ဆင်ဟောင်ဝါ ဦးဆောင်သော မဟာမိတ်တပ်များ၏ စစ်သင်္ဘောများ၊ ကမ်းတက်ရေယာဉ်များ၊ စစ်လေယာဉ်များနှင့် တပ်ဖွဲဝင် တသိန်းငါးသောင်းကျော်သည် ဒုတိယကမ္ဘာစစ်၏ အရေးပါပြီး ကျော်ကြားသော စစ်ဆင်ရေးဖြစ်သည့် D-Day ကို ပြင်သစ်နိုင်ငံမြောက်ပိုင်း နော်မန်ဒီကမ်းခြေတွင် ၁၉၄၄ ခုနှစ် ဇွန် ၆ ရက်တွင် စတင်ခဲ့သည်။

Read More
VOM News

FREE
VIEW