ဧ၀ရတ်တောင်နဲ့ ဟိမ၀န္တာတောင်ထိပ်တွေကနေ အမှိက် ၁၁ တန်နဲ့ လူသေအလောင်းတွေ နီပေါစစ်တပ် ဖယ်ရှားရှင်းလင်း

 

ခတ္တမန္ဒူ၊ ဇွန်-၇-၂၀၂၄
မျိုးဆက်(VOM)

နီပေါစစ်တပ်ဟာ ဧ၀ရတ်တောင်နဲ့ အခြားသော ဟိမ၀န္တာတောင်ထိပ်နှစ်ခုကနေ အမှိက် ၁၁ တန်၊ လူသေအလောင်း လေးလောင်းနဲ့အရိုးစုတခုတိုကို ယခုနှစ်အတွင်း ဖယ်ရှားခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဧ၀ရတ်၊ နော့ပ်ဆီ၊ လွတ်ဆီတောငတွေပေါ်ကနေ အမှိက်တွေနဲ့ ရုပ်အလောင်းတွေကို ဆယ်ယူဖို နီပေါတပ်ဖွဲဝင်တွေက ၅၅ ရက်ကြာ အချိန်ယူခဲ့ရကြောင်း နီပေါစစ်တပ် တာဝန်ရှိသူတွေက ဆိုပါတယ်။

တောင်ထိပ်သိုရောက်ရှိဖို အန္တရာယ်များတဲ့ အခြေအနေတွေမှာ တောင်တက်သမား အများအပြားက ကြိုးပမ်းနေကြပြီး နီပေါစစ်တပ်ဟာ ကမ္ဘာ့အမြင့်ဆုံး အမှိက်ပုံကြီးအဖြစ် သတ်မှတ်ခံရတဲ့ တောင်ပေါ်မှာ ၂၀၁၉ ခုနှစ်မှစ၍ နှစ်စဉ်သန့်ရှင်းရေးတွေ လုပ်ဆောင်နေရပါတယ်။

ဧ၀ရတ်တောင်ပေါ်မှာ အမှိက်တန်ချိန် ၅၀ ကျော်နဲ့ အလောင်း ၂၀၀ ကျော်ရှိမယ်လို တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။ ယခင် သန့်ရှင်းရေးပြုလုပ်တဲ့ ငါးကြိမ်အတွင်း အမှိက် ၁၁၉ တန်၊ လူသေအလောင်း ၁၄ လောင်းနဲ့ အရိုးစုအချိုကို ရရှိခဲ့ပါတယ်။

မေလမှာ ကုန်ဆုံးခဲ့တဲ့ နွေဦးရာသီအတွက် တောင်တက်သမား ၄၂၁ ဦးကို နီပေါအစိုးရက တောင်တက်ခွင့်ပြုခဲ့ပြီး ယမန်နှစ်ကထက် ကျဆင်းခဲ့ပါတယ်။ ယခုနှစ်အတွင်း စုစုပေါင်း လူ ၆၀၀ ကျော် တောင်တက်ခဲ့ကြပါတယ်။

Ref:BBC
Photo:AFP

Related posts

✕
VOM News

FREE
VIEW