အိန္ဒိယမြောက်ပိုင်းမှာ ဘာသာရေးအခမ်းအနားတခုမှာ လူအုပ်ပြိုကျလို့ ၁၁၆ ယောက်သေဆုံး

 

ဒေလီ၊ ဇူလိုင်-၃-၂၀၂၄
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ ပြုလုပ်တဲ့ ဘာသာရေးအခမ်းအနားတခုမှာ လူအုပ်ပြိုကျမှုကြောင့် လူ ၁၁၆ ယောက် သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအဖြစ်အပျက်ဟာ ဥတာပရာဒေ့ရှ်ပြည်နယ် ဟာသရာ့စ်ခရိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် သေဆုံးသူတွေကို ဆက်လက်စိစစ်နေဆဲဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို ရှင်းလင်းစွာမသိရသေးပေမယ့် ထွက်ပေါက်ဟာကျဉ်းမြောင်းလွန်းပြီး လူတွေအပြင်ထွက်ချိန်မှာ ပြင်းထန်တဲ့ ဖုန်မှုန့်တွေကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူအများအပြားကို တက်နင်းမိခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

“တရားပွဲပြီးတော့ လူတွေအားလုံးအပြင်ထွက်ချိန်မှာ အခုလိုဖြစ်တာပါ။ တချို့က မြောင်းတွေထဲကျတယ်။ သူ့အပေါ်မှာ နောက်တယောက်ထပ်ကျတယ်။ သေဆုံးသူတွေထဲမှာ ကလေးသုံးယောက်ပါတယ်” လို့ မျက်မြင်သက်သေတယောက်ကပြောပါတယ်။

လက်ရှိမှာတော့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အိန္ဒိယနိုင်ငံမှ‌ာ ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာမှုအားနည်းတာကြောင့် ဘာသာရေးပွဲတော်တွေမှာ လူသေဆုံးမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

၂၀၁၈ နဲ့ ၂၀၁၃ ခုနှစ်တို့မှာလည်း ဘာသာရေးပွဲတော်ကျင်းပစဉ်အတွင်း မတော်တဆမှုတွေကြောင့် လူ ၆၀ နဲ့ ၁၀၀ ကျော် သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါသေးတယ်။

Ref:BBC
Photo:AP/Getty Images

#Voiceofmyanmar #VOM #အိန္ဒိယ #ဘာသာရေးပွဲတော် #လူအပ်ပြိုကျ #၁၁၆သေ

Related posts

Leave a Comment

VOM News

FREE
VIEW