တရုတ်မှာ မသန့်စင်ရသေးတဲ့ လောင်စာကားတွေနဲ့ ဟင်းချက်ဆီတွေ သယ်ယူပို့ဆောင်နေလို့ စုံစမ်းစစ်ဆေးနေ

 

ပေကျင်း၊ ဇူလိုင်-၁၁-၂၀၂၄
မျိုးဆက်(VOM)

တရုတ်နိုင်ငံမှာ ဟင်းချက်ဆီများသယ်ဆောင်ရာတွင် အဆိပ်သင့်ဓါတုဗေဒပစ္စည်းများ တင်ဆောင်ပြီးနောက် စနစ်တကျသန့်စင်ခြင်းမပြုရသေးတဲ့ လောင်စာကားတွေ အသုံးပြုနေကြောင်း သတင်းတွေထွက်ပေါ်နေတဲ့အပေါ် စုံစမ်းစစ်ဆေးနေတယ်လို့ တရုတ်အစိုးရက ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။

ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေစတင်နေပြီး ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေကို အပြစ်ပေးအရေးယူသွားမယ်လို့ တရုတ်အစိုးရက ကတိပြုထားပါတယ်။

လောင်စာဆီလိုမျိုးပစ္စည်းတွေသယ်ယူရာမှာ အသုံးပြုတဲ့မော်တော်ယာဉ်တွေကို သေချာစွာမသန့်စင်ဘဲ ဟင်းချက်ဆီနဲ့ ဖျော်ရည်လို စားသောက်ကုန်တွေ သယ်ယူပို့ဆောင်နေတဲ့ အပေါ် တရုတ်လူမှုကွန်ရက်တွေမှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ဝေဖန်သူအများစုကတော့ အစားအသောက်ဘေးကင်းရေးက အဓိကဦးစားပေးရယ့် အချက်ဖြစ်ကြောင်း ပြောဆိုထားပြီး ၂၀၀၈ ခုနှစ်အတွင်းကဖြစ်ပွားခဲ့တဲ့ မယ်လ်မင်းဓါတ်ပါဝင်တဲ့ နို့မှုန့်တွေ့ကြောင့် ကလေးငယ် သုံးသိန်းနာမကျန်းမဖြစ်ခဲ့ရပြီး ခြောက်ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ နှိုင်ယှဉ်ဝေဖန်နေကြပါတယ်။

ဒီကိစ္စကတော့ မယ်လ်မင်းပါဝင်တဲ့ နို့မှုန့်ပြသနာလို တခါတည်း ဖြေရှင်းလို့မရဘူးကြောင်း ပြောဆိုပါတယ်။ တရုတ်နိုင်ငံမှာ ဆီတင်ယာဉ်တွေဟာ များသောအားဖြင့် အမျိုးသားခွဲခြားသတ်မှတ်ထားတာမျိုး နည်းပါးပြီး ဥပမာအားဖြင့် ကျောက်မီးသွေးအခြေခံဆီတွေ ပို့ဆောင်ပြီးရင်လည်း စားသောက်ကုန်လိုပစ္စည်းမျိုးတွေကိုလည်း သယ်ယူပို့ဆောင်မှုတွေ လုပ်လေ့ရှိတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

Ref: BBC
Photo:Reuter/Getty Images

#Voicofmyanmar #VOM #တရုတ် #ဟင်းချက်ဆီ #လောင်စာကား #စုံစမ်းစစ်ဆေးနေ

Related posts

Leave a Comment

VOM News

FREE
VIEW