ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီတွေနဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်လာရေး နေတိုးခေါင်းဆောင်တွေ ကတိပြု

 

ဝါရှင်တန်၊ ဇူလိုင်-၁၁-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ နောက်ပြန်မဆုတ်တဲ့လမ်းကြောင်းနဲ့ နောက်ထပ် စစ်ရေးအကူအညီတွေပေးဖို့ နေတိုးအဖွဲ့ခေါင်းဆောင်တွေက အမေရိကန်မှာပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူလိုက်ပါတယ်။

မဟာမိတ်အဖွဲ့သို့ ယူကရိန်းဝင်ရောက်မယ့် အချိန်ကာလနဲ့ပတ်သက်ပြီး သဘောတူထားတာမျိုးမရှိသေးပေမယ့် နေတိုးအဖွဲ့ဝင် ၃၂ နိုင်ငံ ယူကရိန်းအတွက် မယိမ်းမယိုင်ထောက်ခံနေကြောင်း ခေါင်းဆောင်တွေက ကတိပြုပြောဆိုပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲမှာတော့ ယူကရိန်းအတွက် အဖွဲ့ဝင်နိုင်ငံတွေက အက်ဖ်-၁၆ တိုက်လေယာဉ်များအပါအဝင် လာမယ့်နှစ်အတွက် ဒေါ်လာ ၄၃ ဘီလီယံကျော်တန်ဖိုးရှိ စစ်ရေးအထောက်အပံ့တွေ ယူကရိန်းကို ပေးဖို့သဘောတူခဲ့ကြပါတယ်။

“ ယူကရိန်းကို ထောက်ပံ့နေတာဟာ ပရဟိတလုပ်နေတာ မဟုတ်ပါဘူး ။ ဒါဟာ ကျွန်တော်တို့ရဲ့ လုံခြုံရေး အတွက်ဖြစ်တယ်” လို့ နေတိုးအတွင်းရေးမှူးချုပ် စတိုတန်ဘာ့ဂ်က ပြောပါတယ်။

နေတိုးအဖွဲ့ ခေါင်းဆောင်တွေဟာ ယူကရိန်းစစ်တပ်အတွက် စစ်ရေးအကူအညီတွေနဲ့ လေ့ကျင့်မှုပေါင်းစည်းရေးအတွက် ယူနစ်တခုကိုလည်း ထူထောင်ဖို့သဘောတူခဲ့ကြပြီး နေတိုးအဖွဲ့နဲ့ ယူကရိန်းအကြား ဆက်ဆံရေးပိုမိုခိုင်မာစေမယ့် အစီအမံတွေ ချမှတ်ခဲ့ကြကြောင်း သိရပါတယ်။

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #ယူကရိန်း #နေတိုး #အဖွဲ့ဝင်နိုင်ငံ #စစ်ရေးအထောက်အပံ့ #ထိပ်သီးဆွေးနွေးပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW