လားရှိုးမှာ ဆရာဝန်တွေ စစ်ရှောင်ကုန်လို့ လူနာတွေ အခက်ကြုံနေ

 

ဇူလိုင် ၁၀၊ ၂၀၂၄
Shy V (VOM)

လားရှိုးမှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် လက်ရှိ ဆရာဝန်တွေ စစ်ရှောင်ကုန်ပြီး ဓာတ်ဆီပါ ပြတ်လပ်လာလို့ ပြည်သူတွေ ခက်ခဲနေကြရကြောင်း ဒေသခံတွေက ပြောပါတယ်။

“အရေးပေါ်လူနာတွေကလွဲပြီး အခြေအနေ မစိုးရိမ်ရတဲ့ လူနာတွေကို လိုအပ်တဲ့ဆေး ကုသမှုရရင် ကိုယ်နေထိုင်တဲ့ နေရာမှာပဲ ပြုစုစောင့် ရှောက်တာတွေလုပ်ကြဖို့ ညွှန်ကြားထားတယ်လို့ သိရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။

လက်ရှိ လားရှိုး ဆေးရုံကြီးက ဆရာဝန်တချို့လည်း စစ်ရှောင်သွားတာကြောင့် ဆရာဝန်တွေ လုံလုံလောက်လောက် မရှိတော့ကြောင်း၊ စစ်ဆေးရုံမှာလည်း လူနာတွေကိုလက်ခံ ဆေးကုသ ပေးနေ‌ေကြာင်း သိရတယ်လို့ သူက ပြောပါတယ်။

ဒီနေ့တော့ မြို့ထဲမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာပြီး ဓာတ်ဆီ တလီတာ နှစ်သောင်းအထိ ဈေးတက်လာတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။

“ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကလည်း ရလိုက်၊ မရလိုက် ဖြစ်နေတယ်။ ဆေးဆိုင်နဲ့ အိမ်ဆိုင် တချို့ခဏတဖြုတ်ဖွင့် ပေမယ့် ဓာတ်ဆီကတော့ ဝယ်လို့ မရတဲ့ အခြေအနေထိ ဖြစ်လာနေတယ်” လို့ သူက ပြောပါတယ်။

ဖုန်း ငွေဖြည့်ကဒ် ၁၀၀၀ တန်ကဒ်ကို ၁၅၀၀ ကျပ် ပေးရပြီး ခေါက်ဆွဲခြောက်ထုပ် တထုပ် ၂၀၀၀ ကျပ်၊ ဖယောင်းတိုင် ၅ တိုင်ပါအလတ်ဆိုဒ် တထုပ် ၄၀၀၀ ကျပ်၊ ဓာတ်ဆီ တလီတာ နှစ်သောင်းထိ ရှိလာနယ်လို့ဆိုပါတယ်။

စက်သုံးဆီ ကုမ္ပဏီတွေ တချို့ကို အစိုးရဘက်က Payment Order တွေ မချပေးတော့သလို သယ်ယူဖို့ လမ်းကြောင်းကလည်း အဆင်မပြေတော့ဘူး လို့ ဒေသခံ တယောက် ပြောပါတယ်။

“ဆီဆိုင်တွေ တချို့ကို Payment Order မပေးတော့ဘူးဆိုတဲ့ သတင်းမှန်ပါတယ်။ စက်သုံးဆီဆိုင် ဝောာ်ဝောာ် များများလည်း ပိတ်ထားတာတွေ‌ေနရတယ်။ ဖွင့်လို့ရတဲ့ ဆီဆိုင်တွေလည်း တန်းစီရပါတယ်။ အကန့်အသတ်နဲ့ ရောင်းပေးတာပေါ့။ ဒီနေ့တော့ ဝယ်လို့ဝောာင်မရတဲ့ အနေအထား ပေါ့” လို့ သူက ပြောပါတယ်

မြို့ထဲရပ်ကွက်တွေမှာလည်း ဒီမနက် ကတည်းက လက်ရှိထိ လက်နက်ကြီးတွေ မကြာ မကြာ ကျရောက်ပေါက်ကွဲတာတွေ ရှိနေတာကြောင့် ထိခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့ လက်နက်ကြီး ထင်းရှူးမြိုင်ဘက် တလုံး၊ နေခြည်ကျောင်းနား တလုံး၊ ဘူတာရုံး သံလမ်းဘေး နှစ်လုံး၊ တောရကျောင်းနား သုံးလုံးကျတယ်။ ဘူဝာဘက်ကျတာမှာ နှစ် ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရတယ်လို့ သိရတယ်။ တခြားအထိအခိုက်တွေက မသိရသေးဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။

မွန်းလွဲ ပိုင်းကစ ၆၈ တပ် ဘက်နဲ့ ၅၀၇ တပ် ဘက် တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းပစ်ကူတွေပါတွေ့ရပြီး မြို့ပြင်ဘက် နောင်မွန်၊ ခေးခမ်း၊ မယ်ဟန်၊ မြို့စွန် အေတီဘက်၊ ကုန်းညောင်၊ မန်အိုင် စတဲ့ နေရာတွေ ဘက်မှာလည်း မကြာခဏ တိုက်ပွဲ ဖြစ်ပွားတာရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သုံးရက်ခန့်ကစ မြို့ထဲ ရပ်ကွက်တွေမှာ နှစ်ဖက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ အများအပြား ကျရောက်တာကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးမှု များလာပြီးနောက် မြို့တွင်းနေ ပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်ပြီး မြို့‌ေနပြည်သူ သုံးပုံတပုံခန့် မြို့ကိုစွန့်ခွာ စစ်ဘေး ရှောင်တိမ်းခဲ့ကြရပါတယ်။

“မြို့လက်နက်ကြီးတွေ အရမ်းကျလာတယ်။ အဲဒါကြောင့် မဖြစ်မနေ ရှောင်ထွက်လာရတယ်။ ကျွန်မတို့ ၈ ရက်နေ့က ထွက်လာတာ ကားတွေများလွန်းလို့ တလှိမ့်ချင်းပဲ ထွက်လာရတယ်။ လမ်းမှာ နှစ်ည အိပ်ခဲ့ရတယ်။ ဒီမနက်မှ ဘေးကင်းရာ ရောက်လာခဲ့တယ်” လို့ သူက ပြောပါတယ်။

လမ်းမှာတော့ MNDAA တပ်ဖွဲ့ဘက်က စစ်ဆေးပြီး အသိ ယောက်ျားလေး တယောက် ခေါ်သွားခံရတာလို့ သိရပြီး စစ်သားစုဆောင်တာတွေရှိတယ်လို့လည်း သိရကြောင်း သူက ပြောပါတယ်။

တိုက်ပွဲ ရက်ရှည် ဖြစ်ပွားရင် မြို့ထဲ ကုန်စည် ပြတ်လပ်မှု ရှိကာ စစ်ဘေး မရှောင်နိုင်တဲ့ ပြည်သူတွေ ခက်ခဲဒုက္ခကြုံလာမှာဖြစ်တယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကစ လားရှိုးနဲ့ အနီးဝန်းကျင်မှာ MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက ထိုးစစ်ဆင်နေတာ ဖြစ်ပြီး တိုက်ပွဲကြောင် လက်နက်ကြီး မြို့ထဲကျကာ ဒီနေ့ ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းအထိ အရပ်သားပြည်သူ ၂၅ ယောက်ထက် မနည်း သေဆုံးခဲ့ပြီး အယောက် ၃၀ နဲ့အထက် ထိခိုက် ဒဏ်ရာရရှိထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Photo Crd# ဒေသခံ

#voiceofmyanmar #VOM #လားရှိုး #ဆရာဝန် #စစ်ရှောင် #ဓာတ်ဆီ #ပြတ်လပ်

Related posts

Leave a Comment

VOM News

FREE
VIEW