ညောင်ဦးရေဘေး လူသေဆုံးမှုရှိပြီး လူပေါင်း ၄၅၀၀ ကျော်အရေးပေါ် ပြောင်းရွှေ့ပေးထားရ

  ဇူလိုင် ၁၄ – ၂၀၂၄ GG(VOM) မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ်မှာ မြစ်ရေတက်လို့ ရပ်ကွက်နဲ့ကျေးရွာ ၁၅ ရွာလောက်မှာရေကြီးနစ်မြုပ်နေလို့ လူပေါင်း ၄၅၀၀ ကျော်ရေဘေး သင့်ဒဏ်ခံရပြီး အမျိုးသားတယောက်သေဆုံးမှုရှိထားတယ် လို့သိရပါတယ်။ ” သေဆုံးအမျိုးသားက ပြောရမယ်ဆိုရင်ညနေပိုင်းလောက်ကပျောက်သွားတယ်သိရတယ် ။ အရက်သေစားသောက်စားပြီးရေနစ်ပြီးသေဆုံးတယ်ယူဆရတယ်။မြို့ပေါ်ရပ်ကွက်ကပါပဲ။အခုရေကြီးနေတဲ့ နေရာကနှစ်ထပ်အိမ်တွေကရေအကုန်မမြုပ်ပေမယ့် တထပ်အိမ်တွေကတော့မြုပ်တဲ့အခြေအနေရှိတယ်။ဒီနေ့လည်း ကယ်ဆယ်ရေးတွေလုပ်ရမှာပါ။” လို့ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးရဲမင်းထွန်းကပြောပါတယ်။ လက်ရှိဧရာဝတီမြစ်ရေက စိုးရိမ်ရေအမှတ်အထက် ၅ ပေခွဲခန့် ကျော်လွန်နေတာကြောင့် ဧရာဝတီမြစ်ကမ်းဘေးတလျှောက်က မြေနိမ့်ပိုင်းနေရာရပ်ကွက်တွေ ဖြစ်တဲ့ရပ်ကွက် ၅ ခုနဲ့ ကျေးရွာ ၁၀ ရွာမှာ ရေကြီးနစ်မြုပ်မှုဆိုးရွားတဲ့အတွက် အိမ်ထောင်စု ၁၁၀၈ စု( လူဦးရေ ၄၅၄၂ ယောက်)ကို ယာယီဖွင့်လှစ်ထားတဲ့ ရေဘေးရှောင်စခန်းတွေ မှာပြောင်းရွှေ့ပေးထား ရတာဖြစ်တယ်လို့သိရပါတယ်။ အခြားရေဝင်ရောက်နေတဲ့ရပ်ကွက်နဲ့ ကျေးရွာတွေလည်းရှိပြီး ရေဝင်ရောက်မှုနည်းတာကြောင့် နေအိမ်မှာပဲ…

Read More

ဆားလင်းကြီးရှိ ကျေးရွာပေါင်း ၅၀ ကျော် ရေနစ်မြုပ်နေပြီး သောင်းနဲ့ချီတဲ့ ဘေးလွတ်ရာကို ပြောင်းရွှေ့နေရ

  ဇူလိုင် ၁၄ – ၂၀၂၄ SN (VOM) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၅၀ ကျော် ရေနစ်မြုပ်နေပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ ဘေးလွတ်ရာကို ကုန်းမြင့်နေရာတွေဆီ ပြောင်းရွှေ့နေရတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်း တာဝန်ခံက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကစလို့ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတွေအတွင်း ချင်းတွင်းမြစ်ရေ ဝင်ရောက်ခဲ့တာဖြစ်ပြီး အဲဒီ့မြို့နယ်ထဲက ညောင်ပင်ကြီး၊ ကူးတို့ကုန်း၊ ပလောင်၊ ရွှေလှေ၊ ရွာသစ်ကုန်း၊ အေးကုန်း၊ ထနောင်းကုန်း၊ ထန်းတောကြီး၊ ထန်းတော၊ သာယာကုန်း၊ တောင်ပလူ အပါအဝင် ကျေးရွာပေါင်း ၅၀ ကျော်မှာ ရေဝင်ရောက်နေတာလို့ သူက ပြောပါတယ်။ “ရေဝင်တာတွေက မြစ်ကမ်းဘေး နီးတဲ့ရွာတွေက တောက်လျှောက်ဝင်တာပါပဲ။ တရွာမှ လွတ်တယ်လို့မရှိဘူး။ ရေကြီးတာကလည်း အရမ်းမြန်တယ်။ တရက်ကို ရေက ၁…

Read More

လုပ်ကြံမှုကနေ လွတ်မြောက်ခဲ့တဲ့ ဒေါ်နယ်ထရန့် ဆေးရုံကဆင်း၊ ရီပတ်ဘလီကန် အစည်းအဝေး တက်ရောက်ဖွယ်ရှိ

  ဝါရှင်တန်၊ ဇူလိုင်-၁၄-၂၀၂၄ မျိုးဆက်(VOM) သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုကနေ လွတ်မြောက်လာခဲ့တဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ အခြေအနေကောင်းမွန်ပြီး မီလ်ဝါကီးမှာ ကျင်းပမယ့် ရီပတ်ဘလီကန်အစည်းအဝေးကို တက်ရောက်ဖွယ်ရှိနေတယ်လို့ ရီပတ်ဘလီကန်အမျိုးသားကော်မတီနဲ့ ထရန့်ရဲ့မဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောပါတယ်။ သမ္မတဟောင်းထရန့်ဟာ ပန်ဆယ်ဗေးနီးယားမှာ ကျင်းပတဲ့ လူထုစုဝေးပွဲတခုမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး နားမှာဒဏ်ရာရရှိခဲ့ပြီး လက်ရှိမှာတော့ ဆေးရုံကနေ ဆင်းသွားပြီဖြစ်ပါတယ်။ “ကျည်ဆန်က ဝီကနဲမြည်ပြီး ညာဘက်နားရွက်အရေပြားကို ဖောက်ထွက်သွားတယ်။ အော်ဟစ်သံ ပစ်ခတ်သံတွေကြားရပြီး သွေးတွေအများကြီး ထွက်လာတာကို ချက်ချင်းခံစားလိုက်ရပြီးနောက် ဘာဖြစ်တယ်ဆိုတာကို သဘောပေါက်လိုက်တယ်” လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ဒီနောက်မှာတော့ ထရန့်ဟာ လူမှုကွန်ရက်ကနေ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့နဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်းနဲ့ သေဆုံး ဒဏ်ရာရသူတွေအတွက် လွန်စွာဝမ်းနည်းကြောင်း ပြောပါတယ်။ “ ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုလုပ်ရပ်မျိုး ဖြစ်ပေါ်လာတယ်ဆိုတာ မယုံနိုင်စရာပါ။…

Read More

လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနဲ့ မိုးကုတ်မြို့တို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အရပ်သား ထိခိုက် သေဆုံးမှု ဆက်လက်မြင့်တက်နေ

  ဇူလိုင် ၁၄ – ၂၀၂၄ SN (VOM) ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး အရပ်သား ထိခိုက်၊ သေဆုံးမှု ရှိတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကုန်စည်စီးဆင်းမှုတွေလည်း ရပ်တန့်နေတယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။ ရှမ်းပြည်နယ်ရှိ လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနဲ့ မန္တလေးတိုင်းရှိ မိုးကုတ်မြို့တို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး နစကတပ်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ လားရှိုးမြို့အဝင် (၁၂) ရပ်ကွက်၊ အေတီတံတားအကျော်မှာရှိတဲ့ ခြေလျင်တပ်ရင်း (ခလရ – ၆၈) ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ခြေမြန်တပ်ရင်း (ခမရ – ၅၀၇) နဲ့ လွယ်ပြေစခန်းတို့မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲ…

Read More

နိုင်ဂျီးရီးယားမှာ စာသင်ကျောင်းပြိုကျလို့ ကျောင်းသား ၂၂ ယောက်သေပြီး ၁၃၀ ကျော်ဒဏ်ရာရ

  အဘူဂျာ၊ ဇူလိုင်-၁၄-၂၀၂၄ မျိုးဆက်(VOM) နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း ပလာတူပြည်နယ်မှာ စာသင်ကျောင်းပြိုကျမှုကြောင့် ကျောင်းသား ၂၂ ယောက် သေဆုံးပြီး ၁၃၀ ကျော်ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ ပြည်နယ်မြို့တော် ဂျို့စ်ရှိ စိန့်အကယ်ဒီမီ စာသင်ကျောင်းမှာ ကျောင်းသားများ အတန်းတက်နေစဉ်အတွင်း စာသင်ကျောင်းပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းသား ရာချီပြီး အပျက်အစီးများအောက်မှာ ပိတ်မိနေခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒီမတော်တဆမှုကြောင့် ကနဦးမှာ ကျောင်းသား ၁၇ ယောက် ထက်မနည်း သေဆုံးခဲ့ပြီး ၄၀ ကျော်ဆေးရုံပို့ထားကြောင်း ဒေသတွင်း သတင်းဌာနများက ရေးသားဖော်ပြထားပြီး နောက်ပိုင်းမှာတော့ သေဆုံးသူ ဆက်လက်မြင့်တက်လာတာဖြစ်ပါတယ်။ အခင်းဖြစ်ပွားချိန်မှာ စာသင်ကျောင်းမှာ ကျောင်းသား ၁၀၀၀ ကျော် တက်ရောက်သင်ကြားနေတယ်လို့ ကျောင်းတာဝန်ရှိသူတွေနဲ့ ကြက်ခြေနီအဖွဲ့ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းဌာနက ရေးသေားဖော်ပြထားပါတယ်။ ကျောင်းပြိုကျတဲ့ အကြောင်းရင်းကို အသေးစိတ်မသိရသေးသော်လည်း အဆောက်အအုံတည်ရှိရာ…

Read More

ဟားမတ်စ် စစ်ရေးခေါင်းဆောင်ကို ပစ်မှတ်ထားတဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု လူ ၉၀ ကျော်သေဆုံး

  ဂါဇာစီးတီး၊ ဇူလိုင်-၁၄-၂၀၂၄ မျိုးဆက်(VOM) ဂါဇာရှိ လူသားချင်းစာနာမှုဆိုင်ရာ သတ်မှတ်ဧရိယာကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၉၀ ကျော်သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီတိုက်ခို်ကမှုဟာ ဟားမတ်စ် စစ်ရေးထိပ်တန်းခေါင်းဆောင် မိုဟာမက်ဒီယက်ဖ်နဲ့ သူ့ရဲ့လက်ထောက် ရာဖာဆာလာမာတို့ကို ပစ်မတ်ထားတိုက်ခိုက်ခဲ့တာလို့ အစ္စရေးက ပြောဆိုထားပြီး လူ ၃၀၀ ကျော်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီတိုက်ခိုက်မှုအတွင်းမှာ သူတို့နှစ်ယောက် သေမသေတော့ အတည်ပြုလို့မရသေးဘူးလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြီးခဲ့တဲ့ညကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဟားမတ်စ်ခေါင်းဆောင်တွေအားလုံးကို ရှင်းလင်းဖယ်ရှားပစ်မယ်လို့ နေတန်ယာဟုက ဆိုပါတယ်။ အစ္စရေးစစ်တပ်ဟာ လူသားချင်းစာနာမှုဆိုင်ရာဇုန်အဖြစ် သတ်မှတ်ထားတဲပ ခန်းယွန်နစ်အနီးရှိ အယ်လ်မာဝါဆီ ဒေသကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးဟာနီယာ့ကတော့ နေတန်ယာဟုဟာ ဂါဇာမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို လုပ်ဆောင်ပြီး ဂါဇာစစ်ပွဲ အဆုံးသတ်ရေးကို ပိတ်ပင်တားဆီးနေတယ်လို့ ဝေဖန်ပြောဆိုထားပါတယ်။ Ref:BBC Photo:Reuters #Voiceofmyanmar…

Read More

ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရန့် မဲဆွယ်စည်းရုံးရေးအတွင်း သေနတ်နဲ့ ပစ်ခတ်ခံရ

  ဝါရှင်တန်၊ ဇူလိုင်-၁၄-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး စုဝေးပွဲမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး ဒဏ်ရာအနည်းငယ်ရရှိသွာပါတယ်။ ပင်ဆယ်ဗေးနီးယားပြည်နယ် ဘတ်လာမြို့မှာ ဖြစ်ပွားခဲ့ ဒီဖြစ်စဉ်အတွင်း ထရန့်ကို လုပ်ကြုံဖို့ ကြိုးပမ်းသူအမျိုးသားကို လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က အသေပစ်ခတ်ခဲ့ရပါတယ်။ “ ဝီကနဲအသံနဲ့ ကျည်ဆန်က နားအရည်ပြားကို ဖောက်သွားတယ်” လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း သေနတ်သမားအပြင် ပရိတ်သတ်တယောက်လည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပစ်ခတ်မှုမဖြစ်ခင် ရိုင်ဖယ်သေနတ်တလက်နဲ့ အမျိုးသားတယောက် ခေါင်မိုးပေါ်ကို တက်သွားတာတွေ့ရကြောင်း မျက်မြင်သက်သေတယောက်က ဘီဘီစီကို ပြောပါတယ်။ သေနတ်သံကြားရဲပြီးနောက် ထရန့်ဟာ ငုံ့ရှောင်လိုက်ပေမယ့် ပြန်ထလာချိန်မှာတော့ သူ့နားရွက်နဲ့ ပါးပြင်မှာ သွေးစတွေနဲ့ ပြန်မတ်တပ်ရပ်ပြီးနောက် ထောက်လှမ်းရေးတွေက သူ့ကိုဝိုင်းရံပြီး ဘေးကင်းလုံခြုံတဲ့နေရာခေါ်သွားခဲ့ပါတယ်။ အမေရိကန်အစိုးရနဲ့ သမ္မတဂျိုးဘိုင်ဒင်အပေါ် ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်နေချိန်မှာ သေနတ်သံတွေ ထွက်ပေါ်လာတာလို့…

Read More

This Day in History

  Voice of Myanmar အိန္ဒိယနိုင်ငံပိုင် ဆက်သွယ်ရေးကုမ္ပဏီသည် ၂၀၁၃ ခုနှစ် ဇူလိုင် ၁၄ ရက်တွင် ကြေးနန်းတစောင်ပို့ပြီးနောက် ၎င်း၏ ကြေးနန်းဝန်ဆောင်မှုကို ရပ်ဆိုင်းခဲ့ပြီး အဆိုပါကြေးနန်းသည် ကမ္ဘာ့ပေါ်တွင် နောက်ဆုံးပေးပို့ခဲ့သော ကြေးနန်းလည်းဖြစ်သည်။ #Voiceofmyanmar #VOM #ThisDayInHistory #July14

Read More

အိမ်သုံးဂက်စ်တွေ ဈေးမြင့်တက်ပြီး ပစ္စည်းပြတ်နေလို့ ပိတ်ထားရတဲ့ ဆိုင်တွေလည်း ရှိလာ

  ဇူလိုင် ၁၃ – ၂၀၂၄ SN (VOM) ရန်ကုန်မြို့မှာ အိမ်သုံးဂက်စ် (LPG) တွေ ဈေးနှုန်းမြင့်တက်ပြီး ပစ္စည်းပြတ်နေလို့ ပိတ်ထားရတဲ့ ဆိုင်တွေလည်း ရှိလာတယ်လို့ ဂက်စ်အရောင်းဆိုင်ပိုင်ရှင်တွေနဲ့ သုံးစွဲသူတွေက ပြောပါတယ်။ လက်ရှိမှာ အိမ်သုံးဂက်စ်တင်သွင်းတဲ့ ကုမ္ပဏီတွေမှာပါ ပစ္စည်းပြတ်လပ်နေ‌တာဖြစ်ပြီး လက်လီအရောင်းဆိုင်တွေဆီ ခွဲတမ်းချပေးမှု နည်းပါးလာတာ‌ကြောင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်လာတယ်လို့ မြောက်ဒဂုံမြို့နယ်ရှိ အိမ်သုံးဂက်စ်အရောင်းဆိုင် တာဝန်ခံက ပြောပါတယ်။ “ဂက်စ်တွေ ဘာလို့ပြတ်တာလဲဆိုတော့ ယိုးဒယားဘက်ကမဝင်တော့တာဗျ။ ရေလမ်းခရီးကလည်း လုံးလုံးမရတော့ဘူး။ မိုးတွင်းကာလဖြစ်တော့ လမ်းခရီးအခြေအနေ မကောင်းတာလည်းပါတယ်။ ဒေါ်လာစျေးတွေကြောင့်လည်း ပါတာပေါ့ဗျာ။ အဓိက ကတော့ မြန်မာငွေအမောင့်ကို လဲလို့မရတော့တာပေါ့။ အခုက ကုမ္ပဏီတွေမှာပါ ဂက်စ်တွေပြတ်နေကြတာဆိုတော့ လုံလုံလောက်လောက် မချပေးနိုင်ကြဘူး။ ခါတိုင်းဆို ကျွန်တော်တို့ဆိုင်ကို ဂက်စ်အိုး ငါးလုံး ချပေးရင် အခုက နှစ်လုံးလောက်ပဲ ချပေးတော့တယ်။ ခွဲတမ်းနဲ့ပဲ…

Read More
VOM News

FREE
VIEW