နိုင်ဂျီးရီးယားမှာ စာသင်ကျောင်းပြိုကျလို့ ကျောင်းသား ၂၂ ယောက်သေပြီး ၁၃၀ ကျော်ဒဏ်ရာရ

 

အဘူဂျာ၊ ဇူလိုင်-၁၄-၂၀၂၄
မျိုးဆက်(VOM)

နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း ပလာတူပြည်နယ်မှာ စာသင်ကျောင်းပြိုကျမှုကြောင့် ကျောင်းသား ၂၂ ယောက် သေဆုံးပြီး ၁၃၀ ကျော်ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

ပြည်နယ်မြို့တော် ဂျို့စ်ရှိ စိန့်အကယ်ဒီမီ စာသင်ကျောင်းမှာ ကျောင်းသားများ အတန်းတက်နေစဉ်အတွင်း စာသင်ကျောင်းပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းသား ရာချီပြီး အပျက်အစီးများအောက်မှာ ပိတ်မိနေခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒီမတော်တဆမှုကြောင့် ကနဦးမှာ ကျောင်းသား ၁၇ ယောက် ထက်မနည်း သေဆုံးခဲ့ပြီး ၄၀ ကျော်ဆေးရုံပို့ထားကြောင်း ဒေသတွင်း သတင်းဌာနများက ရေးသားဖော်ပြထားပြီး နောက်ပိုင်းမှာတော့ သေဆုံးသူ ဆက်လက်မြင့်တက်လာတာဖြစ်ပါတယ်။

အခင်းဖြစ်ပွားချိန်မှာ စာသင်ကျောင်းမှာ ကျောင်းသား ၁၀၀၀ ကျော် တက်ရောက်သင်ကြားနေတယ်လို့ ကျောင်းတာဝန်ရှိသူတွေနဲ့ ကြက်ခြေနီအဖွဲ့ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းဌာနက ရေးသေားဖော်ပြထားပါတယ်။

ကျောင်းပြိုကျတဲ့ အကြောင်းရင်းကို အသေးစိတ်မသိရသေးသော်လည်း အဆောက်အအုံတည်ရှိရာ ကုန်းပြင်မြင့်မှာ သုံးရက်ကြာ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောဆိုထားပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကလည်း မြို့တော်လာဂို့စ်မှာ ဆောက်လုပ်ဆဲ အထပ်မြင့်တိုက်ပြိုကျမှုကြောင့် လူ ၄၅ ယောက်သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။

Ref:BBC
Photo:AP

#Voiceofmynamar #VOM #နိုင်ဂျီးရီးယား #ကျောင်းပြိုကျမှု #၂၂ယောက်သေ #၁၃၀ကျော်ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW