မဟာမြိုင်လမ်းမှာ ပိတ်မိနေတဲ့ ကားသမား ၁၃ ယောက်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့ ယာယီထိန်းသိမ်းထား

  ဇူလိုင် ၁၆ – ၂၀၂၄ GG (VOM) စစ်ကိုင်းတိုင်း၊ ကလေးဝ – ရေဦးကြား မဟာမြိုင်ကာလမ်းမှာ ပိတ်မိနေတဲ့ ကားသမားတွေနဲ့ နယ်မြေခံ PDF တပ်ဖွဲ့ဝင်တွေ ပြဿနာတက်မှုဖြစ်ပွားပြီး ကားသမား ဆယ်ယောက်ကျော်ကို PDF တွေဘက်က ယာယီ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့သိရပါတယ်။ မဟာမြိုင်ကားလမ်းမှာ ဆီဘောက်ဆာကားတွေအပါအဝင် ကုန်တင်ကားအစီးရေ ရာနဲ့ချီပိတ်မိနေတာ တလကျော်ကြာမြင့်လာတဲ့အတွက် ကားသမားတွေက လမ်းဖွင့်ပေးဖို့ပြောဆိုပြီး PDF တွေတားထားတဲ့စည်းကိုကျော်ကာ ကာယသမားအချို့က ကားမောင်းလာတာကြောင့် pdf တွေက ကားကိုသေနတ်နဲ့ပစ်ဖောက်တားဆီးခဲ့ရာမှာ ကားသမားတွေနဲ့ PDF တွေအကြားပြဿနာတက်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက်မှာကားသမားတွေနဲ့ PDF တွေအကြားခိုက်ရန်ဖြစ်ပွားတဲ့အခြေအနေအထိ ရှိခဲ့ပြီးရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်း ၊ ပြဿနာဖြစ်ပွားမှုအတွက် ကား သမားတွေထဲက ၁၃ ယောက်ကို PDF တွေကဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ကားလမ်းကပိတ်တာကြာတော့ အကုန်လုံးအဆင်မပြေတော့ ကားသမားတွေက…

Read More

မုံရွာ – ရေဦးလမ်းမှာ ခရီးသည်တင်ကားနှစ်စီးတိုက်မိလို့ နှစ်ယောက်သေ၊ ၁၀ ယောက်ထက်မနည်း ဒဏ်ရာပြင်းထန်

  ဇူလိုင် ၁၆ – ၂၀၂၄ GG (VOM) စစ်ကိုင်းတိုင်း မုံရွာ – ရေဦးကားလမ်းမှာ ခရီးသည်တင် Express ကားနှစ်စီးတိုက်မိပြီး နှစ်ယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့မှု မနေ့ကဇူလိုင်လ ၁၅ ရက်နေ့ ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ မွန်းလွဲပိုင်းလောက်မှာ ယာဥ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ကားယာဥ်နောက်လိုက်အမျိုးသားကနေရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့ကာ ခရီးသည်အမျိုးသားတယောက်လည်းသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” ကျွန်တော်တို့သွားတော့ လမ်းမှာပဲ လူနာတွေလွှဲယူလိုက်တာပါ။ ဆေးရုံပို့လိုက်တယ်။ အကုန်လုံးကအောက်ပိုင်းတွေထိခိုက်တာများတယ်။ခြေထောက်တွေကျိုးတာ ရှိတယ်။ခရီးသည်တွေချည်းပဲ။ဘုန်းကြီးတပါးပါတယ်။သေတဲ့သူထဲတော့တယောက်ကစပယ်ယာ၊နောက်တယောက်ကကိုရီးယားသွားဖို့လုပ်နေတဲ့အမျိုးသားလို့သိရတယ် ” လို့ လူနာလမ်းကြောင်း သွားခဲ့တဲ့မုံရွာလူမှုကူညီရေးအသင်းတာဝန်ရှိသူတယောက်ကပြောပါတယ်။ ယာဥ်တိုက်မှုဖြစ်ခဲ့တဲ့ ခရီးသည်တင်ကားတွေကတော့ နယူးစိန်ဌေးလှိုင် express နဲ့ နယူးစွမ်း express ခရီးသည်တင်ကားတို့ဖြစ်ပြီး အခုထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတွေဟာ နယူးစိန်ဌေးလှိုင်ကားကဖြစ်တယ်လို့ ဒေသခံပြောပြချက်အရသိရပါတယ်။ ” လက်ပံမြောက်ရွာ အကွေ့ ဂုံးထိပ်အဆင်း အကွေ့မှာ ကားနောက်ပိုင်းချင်း ညှိပြီး ကွေ့အဆင်းဖြစ်တဲ့ နယူးစိန်ဌေးလှိုင်က လဲရက်ကြီး တရွတ်ပြေးသွားတာ ၁၅ဦးလောက်ပါမယ်ထင်တယ်။…

Read More

မြဝတီမှာ ကားရောင်းသွားတဲ့ ဇနီးမောင်နှံ ကားနဲ့အတူ ပျောက်ဆုံးနေ

  ဇူလိုင် ၁၆ – ၂၀၂၄ SN (VOM) ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ကားပွဲစား ဇနီးမောင်နှံ နှစ်ယောက် ပျောက်ဆုံးနေပြီး အဆက်အသွယ် ပြတ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အဲဒီ ဇနီးမောင်နှံနှစ်ယောက်ဟာ မနေ့ ဇူလိုင် ၁၅ ရက်၊ မနက် ၈ နာရီဝန်းကျင်က X-Trail အမျိုးအစား ကားကိုရောင်းဖို့အတွက် အဲဒီကားနဲ့အတူ နေအိမ်ကနေ ထွက်သွားတာဖြစ်ပြီး ဒီကနေ့ ဇူလိုင် ၁၆ ရက်၊ မနက်ပိုင်းအထိ အိမ်ပြန်မရောက်သေးဘဲ အဆက်အသွယ်ပြတ်နေတာလို့ မိသားစုဝင်တွေက ပြောပါတယ်။ “အမျိုးသားက ရောင်းမယ့်ကားကိုမောင်းတယ်။ သူ့အမျိုးသမီးကတော့ ဆိုင်ကယ်မောင်းပြီး လိုက်သွားတာ။ ကားရောင်းပြီးရင် ဆိုင်ကယ်နဲ့ပြန်လာကြဖို့ပေါ့။ ‌ဝယ်မယ့်သူက ကော့ကရိတ်ကလို့ သိရတယ်။ အရောင်းအဝယ်ကိုတော့ မြဝတီမှာပဲ လုပ်ဖို့ချိန်းတာပါ။ ဇူလိုင် ၁၄ ရက်နေ့မှာ ကားဝယ်မယ့်သူက K-Pay ကနေ…

Read More

ကျူးဘားရှိ မြောက်ကိုရီးယား ထိပ်တန်းသံတမန် တောင်ကိုရီးယားကို ထွက်ပြေး

  ဆိုးလ်၊ ဇူလိုင်-၁၆-၂၀၂၄ မျိုးဆက်(VOM) ကျူးဘားမှာ တာဝန်ကျနေတဲ့ မြောက်ကိုရိးယား ထိပ်တန်းသံတမန်တယောက်ဟာ မကြာသေးမီက တောင်ကိုရီးယားဘက်ကို ထွက်ပြေးခိုလှုံခဲ့တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။ ကျူးဘားရှိ မြောက်ကိုရီးယား နိုင်ငံရေးဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်တယောက် ဘက်ပြောင်းလာတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေဟာ မှန်ကန်ကြောင်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ် အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိပါဘူး။ မကြာသေးမီနှစ်တွေအတွင်း မြောက်ကိုရီးယားဘက်ကနေ တောင်ကိုရီးယားကို ဘက်ပြောင်းခှိုလှုံသူဦးရေလည်း မြင့်တက်လို့လာနေပါတယ်။ မြောက်ကိုရီးယား သံတမန်ဖြစ်သူ ရီအီကျူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ဇနီး သားသမီးတွေနဲ့အတူ တောင်ကိုရီးယားဘက်ကို ထွက်ပြေးလာခဲ့တယ်လို့ တောင်ကိုရီးယားအခြေစိုက် ချိုဆန်အီဘို သတင်းစာက ရေးသားဖော်ပြထားပါတယ်။ သူဟာ မြောက်ကိုရီးယား နိုင်ငံရေးစနစ်အပေါ် သဘောထားကွဲလွဲမှုတွေရှိနေပြီး မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့တရားမျှတမှုမရှိတဲ့ အလုပ်အပေါ် အကဲဖြတ်မှု၊ ဆေးကုသရန် မက္ကဆီကိုသို့ သွားရောက်လိုခြင်းကိုလည်း ဝန်ကြီးဌာနက သဘောမတူကြောင်း…

Read More

ပဲခူးတိုင်း မိုးညိုမှာ သီးနှံဧက ၁၅၀၀၀ ကျော် ရေနစ်မြုပ်နေ

  ဇူလိုင် ၁၆ – ၂၀၂၄ GG(VOM) ပဲခူးတိုင်းအနောက်ပိုင်း ၊မိုးညိုမြို့နယ်မှာ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် စပါးအပါအဝင် သီးနှံစိုက်ခင်းဧက သောင်းနဲ့ချီပြီး ရေဝင်ရောက်နစ်မြုပ်နေလို့ ပျက်စီးဆုံးရှုံးမှုဖြစ်မှာကို တောင်သူတွေစိုးရိမ်နေကြတယ်လို့သိရပါတယ်။ လက်ရှိမှာ မိုးညိုမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၂၀ ကျော်လောက် အထိ ကိုမြစ်ရေတွေဝင်ရောက်နေတာကြောင့် အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေရဲ့ သီးနှံစိုက်ခင်းဧက ၁၅၀၀၀ ကျော်လည်း ရေဝင်ရောက်နစ်မြုပ်နေတာဖြစ်တယ်လို့သိရပါတယ်။ သီးနှံစိုက်ခင်းတွေက ရေကြီးနစ်မြုပ်မှု ကြာမြင့်မှုအပေါ်လိုက်ပြီး ပျက်စီးဆုံးရှုံးမှုကများနိုင်တာဖြစ်ကြောင်း ၊ ရေဝင်ရောက်မှုကြာမြင့်ပါက သီးနှံပျက်စီးဆုံးရှုံးနိုင်ပြီး တောင်သူတွေအရှုံးနဲ့ရင်ဆိုင်ရမှာဖြစ်တယ်လို့သိရပါတယ်။ ” မြစ်ရေကဝင်နေတာ ခုဆိုသုံးရက်လောက်ရှိနေပြီ။စပါးခင်းကတော့ နည်းနည်းဒဏ်ခံနိုင်သေးပေမယ့် သူကလည်းအပင်ကငယ်သေးတော့ ရက်အရမ်းကြာရင်အဆင်မပြေဘူး။ဒီလိုပဲမြေပဲဆိုလည်းရေသွင်းစိုက်ရတဲ့အပင်မှမဟုတ်တာ။အခုရေဝင်တော့ အကုန်ဆုံးရှုံးတာပေါ့။ရေဘေးကသင့်သေး။စိုက်ခင်းကပျက်ဆိုရက်ကျွန်တော်တို့မှာဆုံးရှုံးမှုကြီးမယ့်အခြေအနေပါ ။ ” လို့ မိုးညိုဒေသခံတောင်သူတယောက်ကပြောပါတယ်။ လက်ရှိ မိုးညိုမြို့နယ်အတွင်းက ဧရာဝတီမြစ်နဲ့ မြစ်မခမြစ်ကမ်းဘေးတလျှောက်ရှိ ကျေးရွာတွေဖြစ်တဲ့ ထိန်တော၊ ရွှေခဲ၊ ဆင်ခေါင်း၊ ဆင်ကျွန်း၊ ကျားကျွန်း၊ ညောင်ဝိုင်း၊ ဝဲကြီး…

Read More

ဘင်္ဂလားဒေရှ်မှာ စစ်မှုထမ်းဟောင်း သားသမီးတွေကို အလုပ်အကိုင်ခွဲတမ်းပေးမှု တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြ

  ဒါကာ ၊ ဇူလိုင်-၁၆-၂၀၂၄ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာအနီးရှိ အစိုးရတက္ကသိုလ်တခုမှာ အစိုးရလိုလားတဲ့ ကျောင်းသားတွေနဲ့ ဆန္ဒပြကျောင်းသားတွေအကြား ပဋိပက္ခများအတွင်း ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ နံပါတ်တုတ်တွေနဲ့ ဖြိုခွင်းခဲ့ရပြီး ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြကျောင်းသားတွေက ပြောပါတယ်။ ဒီနေ့မနက်အစောပိုင်းက ဒါကမြို့ပြင် ဆာဗာအရပ်မှာရှိတဲ့ Jahangir Nagar တက္ကသိုလ်မှာ အကြမ်းဖက်ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး နိုင်ငံလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်ပြန်တွေရဲ့ မိသားစုဝင်တွေကို အစိုးရအလုပ်ခွဲတမ်းသတ်မှတ်ထားတာကို အဆုံးသတ်ဖို့ ဆန္ဒပြကျောင်းသားတွေက တောင်းဆိုနေကြပါတယ်။ အစိုးရအလုပ်ခွဲတမ်းစနစ်မှာ အမျိုးသမီးတွေ၊ မသန်စွမ်းတွေနဲ့တိုင်းရင်းသား လူနည်းစုအတွက်လည်း ပါဝင်ပါတယ်။ ဒီစနစ်ကို ၂၀၁၈ ခုနှစ်မှာ အဆုံးသတ်ခဲ့ပြီး အဲဒီအချိန်က အခုလိဆန္ဒပြမှုတွေကို အဆုံးသတ်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရှ် အထက်တရားရုံးရဲ့ ပြီးခဲ့တဲ့လက ဆုံးဖြတ်ချက်တခုမှာတော့ စစ်မှုထမ်းဟောင်းတွေရဲ့ သားစဉ်မြေးဆက်အတွက် အစိုးရအလုပ်ခွဲတမ်း ၃၀ ရာခိုင်နှုန်းပေးဖို့ တောင်းဆိုထားပါတယ်။…

Read More

မြင်းခြံ ကျောက်ကန်ရွာမှာ တိုက်ပွဲတွေကြောင့် နေအိမ်ရာနဲ့ချီ မီးလောင်

  ဇူလိုင် ၁၆ – ၂၀၂၄ GG(VOM) မြင်းခြံမြို့နယ်၊ ကျောက်ကန်ရွာမှာ ဇူလိူင်လ ၁၅ ရက်နေ့က နယ်မြေခံ PDF တပ်တွေနဲ့ ကျေးရွာကပြည်သူ့စစ်အဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပြီး ကျောက်ကန်ရွာက အိမ်ခြေရာနဲ့ချီ မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ” မနက်အစော PDF တွေကရွာကိုဝင်တိုက်ရာမှာ အပြန်အလှန်တိုက်ပွဲဖြစ်တာလို့သိရတယ်။ အိမ်တွေလည်းတော်တော်များများမီးလောင်သွားတယ်။ အဲဒီရွာက ပြည်သူ့စစ်တွေအများဆုံးရှိတဲ့ရွာ ပြည်သူ့စစ်ရွာပေါ့။မြင်းခြံနဲ့ဆိုရင်လည်း သိပ်အလှမ်းဝေးတာမျိုးမဟုတ်ပါဘူး။ဒါပေမယ့်သွားလို့လာလို့ လုံခြုံရေးစိတ်မချရဘူး။ ” လို့ မြင်းခြံဒေသခံတယောက်ကပြောပါတယ်။ ကျောက်ကန်ရွာ အပြန်အလှန်ပစ်ခတ်မှုမှာ ပြည်သူ့စစ်တွေဘက်က လက်နက်ခဲယမ်းမလုံလောက်တာကြောင့် ကျေးရွာကနေနောက်ဆုတ်ပေးလိုက်ရပြီးနောက် နေအိမ်တွေမီးလောင်ခဲ့တာဖြစ်ကြောင်း ကနဦးသတင်းတွေအရသိရပါတယ်။ ကျောက်ကန်ရွာဘက်မှာ အရင်ရက်တွေကလည်း PDF တွေနဲ့ ပြည်သူ့စစ်တွေအကြားမကြာခဏပစ်ခတ်မှုတွေဖြစ်ပွားလေ့ရှိတယ်လို့လည်းသိရပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့ကလည်း မြင်းခြံခရိုင် ၊တောင်သာမြို့နယ်၊ ကျွဲတလင်း ပြည်သူ့စစ်ရွာကို PDF တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပစ်ခတ်မှုအတွင်းမှာ နေအိမ်တွေလည်းမီးလောင်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ် ။ မြင်းခြံခရိုင်ထဲက ရွာဘက်တွေမှာတော့…

Read More

စစ်ဆင်ရေး လေးရက် ရပ်ဆိုင်းကြောင်း MNDAA ဘက်က ထုတ်ပြန်ထားပေမယ့် လားရှိုးမှာ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ

  ဇူလိုင် ၁၆၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမှာ လေးရက်ကြာ စစ်ဆင်ရေးရပ်ဆိုင်းကြောင်း MNDAA ဘက်က ထုတ်ပြန်ထားပေမယ့် ဇူလိုင်လ ၁၅ ရက်နေ့မှာလည်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အပစ်ရပ်တယ်တော့ ကြားတယ်။ ဒါပေမယ့် မနေ့က နေ့ခင်းပိုင်း နစက တပ်ဘက်က မြို့ပြင်ဘက် လက်နက်ကြီး နည်းနည်း ပစ်လိုက်တယ်။ အပြင်ဘက်က MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေလည်း မြို့ထဲကို ပစ်ထည့်လာတယ်။ ညနေပိုင်းတော့ ပြန်ငြိမ်သွားတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ လားရှိုးမြို့ကနေ မြို့ပြင် ထွက်သွားတဲ့ ဒေသခံပြည်သူကိုတော့ လက်ရှိအထိ မြို့ထဲ ဝင်ခွင့် မပြုဘူးလို့ သူက ပြောပါတယ်။ “လက်နက်ကြီးက ပစ်နေတာပဲ။ မြို့ထဲကျချင်တဲ့…

Read More

ရွှေပြည်သာမှာ ကား လေးစီး ဆင့်တိုက်မှုဖြစ်ပြီး နှစ်ယောက်သေ၊ လေးယောက် ဒဏ်ရာရ

  ဇူလိုင် ၁၆ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ မနေ့ ဇူလိုင် ၁၅ ရက်၊ မွန်းလွဲပိုင်းက ကား လေးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးနှစ်ယောက် သေဆုံးကာ လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကနောင် နာရေး/ရှင်ရေး ကူညီမှုအသင်း (အင်းစိန်) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ အဲဒီဖြစ်စဉ်ဟာ ရွှေပြည်သာမြို့နယ်၊ ပုလဲလမ်း၊ ပျော်ဘွယ်မှတ်တိုင်အနီးမှာ မနေ့ မွန်းလွဲပိုင်း ၃ နာရီ ၁၅ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူနှစ်ယောက်မှာ တယောက်က နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပြီး နောက်ထပ် တယောက်ကတော့ ဆေးရုံအရောက်မှာ သေဆုံးခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။ “ဒီဖြစ်စဥ်မှာ ဆယ့်နှစ်ဘီးကားကြီးက လမ်းပြောင်းပြန်နဲ့ ဝင်လာပြီးတော့ မျက်နှာချင်းဆိုင်က ဟိုက်ဂျက်ကို တိုက်တယ်။ ပြီးတော့ အာတီကာ…

Read More

ဖိလစ်ပိုင်ပိုင်ကို ဖိအားပေးဖို့ရည်ရွယ်ပြီး တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်

  ပေကျင်း ၊ ဇူလိုင်-၁၆ မျိုးဆက်(VOM) ဒေသတွင်းမှာ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ရဲ့ လှုပ်ရှားမှုတွေကို တန်ပြန်မှုအဖြစ် တရုတ်နဲ့ရုရှားစစ်တပ်တို့ဟာ တောင်တရုတ်ပင်လယ်မှာ ပူးတွဲစစ်ရေးလေ့ကျင့်နေပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်နဲ့ ကျန်ရှင်ပြည်နယ်တို့အနီး ရေပြင်မှာပြုလုပ်တဲ့ ဒီစစ်ရေးလေ့ကျင့်မှုကို သုံးရက်ကြာ ပြုလုပ်မယ်လို့ တရုတ်စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ ဒုံးကျည်သင်္ဘောနှစ်စင်း ဖရီးဂိတ်စစ်သေင်္ဘာနှစ်စင်းနဲ့ အခြားစစ်ရေယာဉ်တွေပါဝင်ပြီး စစ်တပ်နှစ်ခုရဲ့ ကွပ်ကွဲမှုကို ပေါင်းစည်းမှု တိုးတက်စေရန် ရည်ရွယ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ လေ့ကျင့်ရေးမှာ ပစိဖိတ်ဒေသရဲ့ သူ့ရဲ့စစ်သင်္ဘောနှစ်စင်းပါဝင်မှာဖြစ်ပြီး ရေတပ်နှစ်ခုဟာ လေကြောင်းရန် ကာကွယ်ရေး၊ ရေငုပ်သင်္ဘော ရှာဖွေချေမှုန်းရေးနဲ့ အခြားသော ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။ မေလအတွင်းမှာ တရုတ်သမ္မတရှီကျင်းပင်နဲ့ ရုရှားသမ္မတ ပူတင်တို့ ပေကျင်းမှာ တွေ့ဆုံခဲ့ပြီး ပူးတွဲစစ်ရေးလေ့ကျင့်တွေ တိုးချဲ့ရေးအပါအဝင် နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေမယ့် သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။…

Read More
VOM News

FREE
VIEW