မိုးကုတ် တိုက်ပွဲကြောင့် အရပ်သားသေဆုံးမှု ၁၂ ယောက်ထက်မနည်းရှိလာပြီး မြို့ထဲ လက်နက်ကြီး ဆက်တိုက်ကျနေ

 

ဇူလိုင် ၁၇ – ၂၀၂၄
GG (VOM)

မိုးကုတ်မြို့အရှေ့ပိုင်းမှာ တိုက်ပွဲပြင်းထန်လာမှုနဲ့အတူ အရပ်သားဒေသခံသေဆုံးမှုမြင့်တက်လာသလို နေအိမ်တွေလက်နက်ကြီးထိမှန်ပြီး ထိခိုက် ပျက်စီးမှုတွေလည်း များလာနေတယ်လို့ဒေသခံ တွေဆီကသိရပါတယ်။

တိုက်ပွဲကြောင့် ခုရက်ပိုင်း ဇူလိုင်လ ၁၃ ရက်ကနေ ၁၇ ရက်နေ့ရဲ့မနက်ပိုင်းအထိဆိုရင် လက်နက်ကြီးထိမှန်ပြီး ဒေသခံသေဆုံးမှုအနေနဲ့ ခြောက်ယောက်ထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ယောက်ထက်မနည်းရှိထားတယ်လို့သိရပါတယ်။

ဒါအပြင် နေအိမ်တွေ ပေါ်လက်နက်ကြီးကျရောက်လို့ ထိခိုက်ပျက်စီးမှုနဲ့မီးလောင်ပျက်စီးမှုအနေနဲ့ဆိုရင်လည်း အိမ်ခြေ၂၀ ထက်မနည်းရှိနေပြီး လက်နက်ကြီးတွေလည်း ဆက်တိုက်ကျရောက်မှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ခုရက်ပိုင်းအတွင်းလက်နက်ကြီးကြောင့် သေဆုံးခဲ့ရတဲ့ ဒေသခံထဲမှာ မိုးကုတ်ကို စာပေ ပညာလာရောက်သင်ကြားနေတဲ့ သံဃာတပါးပါဝင်ပြီး မိသားစုလိုက်တွေလည်းပါတယ်လို့သိရပါတယ်။

” ခုမနက်လည်းတိုက်ပွဲတွေဖြစ်နေတယ်။လက်နက်ကြီးတွေလည်းဆက်တိုက်ကျနေတော့ အပြင်မထွက်ရဲကြဘူး။ခုမနက် မိုးကုတ်အရှေ့ပိုင်း ညောင်လေးပင်မှာဆို လူနေအိမ်ပေါ်ကို လက်နက်ကြ ကျလို့ အမျိုးသားတယောက် လက်မောင်းထိတယ်။ချမ်းမြသာယာရပ်ကွက်မှာဆိုလက်နက်ကြီးကျလို့မီးလောင်နေတာရှိတယ်။ရေပူကစာသင်ကျောင်းနားလည်းလက်နက်ကြီးကျလို့အန်တီကြီးတယောက်ထိတယ်။ဒါခုမနက်ပိုင်းလေးလက်လှမ်းမီသလောက်ရတဲ့အခြေအနေပါ ။ ” လို့ မိုးကုတ်မြို့ခံတယောက်ကပြောပြပါတယ်။

မိုးကုတ်အရှေ့ပိုင်းမှာ တိုက်ပွဲတွေစတင်ဖြစ်ပွားတဲ့ ဇွန်လ ၂၉ ရက်ကနေ ဇူလိုင် ၁၂ ရက်အတွင်းမှာလည်း လက်နက်ကြီးကြောင့်သေဆုံးခဲ့ရသူ ခြောက်ယောက်နဲ့ ဒဏ်ရာရရှိသူ ၁၅ ယောက်လောက်ရှိခဲ့သလို နေအိမ်နဲ့ကျောင်း ထိခိုက်ပျက်စီးမှုကလည်း ၄၀ ထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။

လက်ရှိမိုးကုတ်မြို့အရှေ့ပိုင်း တိုက်ပွဲတွေဖြစ်ပွားနေပြီးလက်နက်ကြီးပစ်ခတ်မှုတွေဆက်တိုက်ရှိနေကြောင်း ၊
မိုးကုတ် အရှေ့ပိုင်း ဗမွန်သုဿန်အနီးတဝိုက်မှာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသလို ရွာတွေဘက်မှာလည်းထိတွေတိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်းမှာတော့ ဇွန်လ ၂၉ ရက်ကစပြီးတိုက်ပွဲတွေစတင်ခဲ့တာဖြစ်ပြီး တဖြေးဖြေးနဲ့တိုက်ပွဲအရှိန်မြင့်လာပြီး ပြင်းထန်လာတာဖြစ်ကြောင်း TNLA ကလည်းမိုးကုတ်မြို့အရှေ့ပိုင်းကိုသိမ်းပိုက်နိုင်ဖို့ထိုးစစ်တင်နေတာဖြစ်ပါတယ်။

အရှေ့ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပေမယ့် မိုးကုတ်မြို့အနောက်ပိုင်းကတော့ TNLA ကသိမ်းပိုက်ပြီးကတည်းက ခုထိ ပစ်ခတ်မှုမရှိငြိမ်နေပါတယ်။

#Voiceofmyanmar #vom #မိုးကုတ် #အရပ်သားသေဆုံးမှုမြင့် #နေအိမ်တွေပျက်စီး

Related posts

Leave a Comment

VOM News

FREE
VIEW