အဆိုတော် စိုင်းဆိုင်မောဝ် ကွယ်လွန်

 

ဇူလိုင် ၁၇ – ၂၀၂၄
GG (VOM)

နိုင်ငံကျော်တေးသံရှင် အဆိုတော်ကြီးဖြစ်တဲ့ စိုင်းဆိုင်မောဝ် ဟာ ဒီနေ့ ဇူလိုင်လ ၁၇ ရက်နေ့ ၊ ည ၇ နာရီ ၁၅ မိနစ်မှာ အင်းစိန်မြို့နယ် ကောင်းအထူးကုဆေးရုံမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့သိရပါတယ်။

အဆိုတော် စိုင်းဆိုင်မောဝ် ကွယ်လွန်တာနဲ့ပတ်သက်ပြီး ” အဆိုတော် စိုင်းဆိုင်မောဝ် ခုည ၇ နာရီ ၁၅ မိနစ်မှာကွယ်လွန်သွားပါပြီ။ ” လို့ မိသားစုနဲ့နီးစပ်သူတွေက လူမှုကွန်ယက်ကနေအသိပေးထားပါတယ်။

အဆိုတော် စိုင်းဆိုင်မောဝ်က ကို ၁၉၄၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ မှာမွေးဖွားခဲ့တာဖြစ်လို့ ကွယ်လွန်ချိန်မှာ အသက် ၇၅ နှစ်ရှိပြီဖြစ်ပါတယ်။

စိုင်းဆိုင်မောဝ်ဟာ ၂၀၂၀ ခုနှစ် တုန်းကလည်း မန္တလေးမြို့ မန္တလာ ဆေးရုံမှာ တက်ရောက်ပြီး ဆေးကုသမှု ခံယူခဲ့ရသလို ၂ဝ၁၈ ခုနှစ်က ထိုင်းနိုင်ငံမှာ သွေးတိုး၊ကျောက်ကပ်၊ဆီးချိုရောဂါတွေနဲ့ပတ်သက်လို့ တက်ရောက်ကုသမှုခံယူခဲ့ရတယ်လို့သိရပါတယ်။

စိုင်းဆိုင်မောဝ်ဟာ ရှမ်းစီးရီအခွေပေါင်း ၄၀ ကျော်နဲ့ဗမာသီချင်းအခွေပေါင်း ၃၀ ကျော်ထွက်ရှိခဲ့ပြီး ဗမာသီချင်းထဲမှာဆိုရင် ရှမ်းပဲပုတ်လေးကျွန်တော်၊ တရွားသားနဲ့ပုဝါပါး၊ မောင်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ၊ချယ်ရီတွေငိုနေပြီအပါအဝင် သီချင်းအများနဲ့အောင်မြင်ခဲ့သူဖြစ်ပါတယ်။

အဆိုတော်စိုင်းဆိုင်မောဝ်ကွယ်လွန်တဲ့အပေါ် ရှမ်းတိုင်းရင်းသားတွေအပါအဝင် မြန်မာပရိတ်သတ်တွေကလည်း ဝမ်းနည်းကြောင်း လူမှုကွန်ယက်မှာရေးသားထုတ်ဖော်ပြောဆိုထားကြပါတယ်။

#Voiceofmyanmar #vom #စိုင်းဆိုင်မောဝ် #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW