နေပြည်တော်မှာ တော်ဝင်ယာဉ်လိုင်း ပြည်လည် ပြေးဆွဲပေးနေ

 

ဇူလိုင် ၁၉ – ၂၀၂၄
SN (VOM)

နေပြည်တော် ကောင်စီနယ်မြေအတွင်း တော်ဝင် မော်တော်ယာဉ်လိုင်းကို Yutong CB ယာဉ် ခြောက်စီး၊ ယာဉ်လိုင်း လေးလိုင်းနဲ့ ပြန်လည် ပြေးဆွဲပေးနေပြီ ဖြစ်တယ်လို့ တော်ဝင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ သိရပါတယ်။

“‌တော်ဝင်ယာဉ်လိုင်းက အရင်ကတည်းက ပြေးဆွဲပေးနေတဲ့ ယာဉ်လိုင်းပါ။ ကိုဗစ်ဖြစ်လို့ နားထားတာကနေ အခုမှ ပြန်ပြေးဆွဲပေးတာ။ ဇူလိုင် ၃ ရက်နေ့ကတည်းက ပြန်စနေတာပါ။ စစချင်းတုန်းကတော့ လူသိပ်မသိကြသေးတော့ လူရနည်းတယ်။ အခုနောက်ပိုင်းတော့ လူများလာပါပြီ” လို့ တော်ဝင်ယာဉ်လိုင်းမှ ယာဉ်မောင်းတယောက်က ပြောပါတယ်။

အဲဒီ ယာဉ်လိုင်းကို နေပြည်တော်အတွင်းရှိ အများပြည်သူတွေ သွားလာရေး လွယ်ကူနိုင်ဖို့၊ ဘုရားဖူးပြည်သူတွေ မာရဝိဇယဘုရားကို လွယ်ကူစွာ သွားရောက်ဖူးမြှော်နိုင်ဖို့နဲ့ ကျောင်းသား၊ ကျောင်းသူတွေ သက်ဆိုင်ရာတက္ကသိုလ်တွေမှာ ပညာသင်ကြားရာမှာ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ဖို့အတွက် သက်သာတဲ့ ယာဉ်စီးခ နှုန်းထားတွေနဲ့ ပြေးဆွဲပေးတာဖြစ်တယ်လို့ သိရပါတယ်။

လမ်းကြောင်း (၁) ဖြစ်တဲ့ ဇမ္ဗူသီရိလမ်းကြောင်းကို ခရီးစဉ် အစ-အဆုံး ယာဉ်စီးခ ငွေကျပ် ၂၀၀၀ သတ်မှတ်ထားပြီး ကြားမှတ်တိုင် အတက် – အဆင်း ဆိုရင်တော့ ကျပ် ၁၀၀၀ ဖြစ်ကာ ဘောဂသီရိ – နှင်းဆီပန်းအဝိုင်း – ရွှေညောင်ပင် – နေပြည်တော်ကောင်စီ – စည်ပင်ဧည့်ရိပ်သာ – သပြေကုန်း – ပရဆေးဥယျာဉ် – ဓာတုဇယဘုရား – နည်းပညာတက္ကသိုလ် – မာရဝိဇယဘုရား – ဘိုးဘွားရိပ်သာ – ဉာဏသိဒ္ဓိရပ်ကွက် – Naypyitaw State Academy – ဝဏ္ဏသိဒ္ဓိရပ်ကွက် – သုခတော်ဝင် – မြို့မဈေးအထိ ပြေးဆွဲပေးတယ်လို့ သိရပါတယ်။

လမ်းကြောင်း (၂) ဖြစ်တဲ့ လယ်ဝေးလမ်းကြောင်းကိုတော့ ခရီးစဉ်အစ-အဆုံး ယာဉ်စီးခ ငွေကျပ် ၁၅၀၀ သတ်မှတ်ထားပြီး ကြားမှတ်တိုင် အတက် – အဆင်း ဆိုရင်တော့ ကျပ် ၁၀၀၀ ဖြစ်ကာ လယ်ဝေးမြို့မဈေး – လယ်ဝေးအားကစားကွင်း – ရွှေအင်ကြင်းရပ်ကွက် – ဒက္ခိဏသီရိဈေး – ကံ့ကော်ပန်းအဝိုင်း – Excel Capital – တုံဂပူရိလမ်းဆုံ – Junction Center – အဆင့်မြင့်ဈေး – နည်းပညာတက္ကသိုလ် – မာရဝိဇယဘုရား – ဘိုးဘွားရိပ်သာ – ဉာဏသိဒ္ဓိ ရပ်ကွက် – Naypyitaw State Academy အထိ ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။

လမ်းကြောင်း (၃) ဇေယျာသီရိ (ရန်ကုန်-မန္တလေးလမ်းဟောင်း) လမ်းကြောင်းကိုတော့ ခရီးစဉ် အစ – အဆုံး ယာဉ်စီးခ ငွေကျပ် ၂၅၀၀ သတ်မှတ်ထားပြီး ကြားမှတ်တိုင် အတက် – အဆင်း ဆိုရင်တော့ ကျပ် ၁၀၀၀ ဖြစ်ကာ သိုက်ချောင်းလမ်းဆုံ – တိရိစ္ဆာန်ဥယျာဉ် – ရေဆင်းကျေးရွာ – ပင်လောင်းလမ်းဆုံ – လျှပ်စစ်လမ်းခွဲ – ကျောက်ချက် – နှင်းဆီပန်းအဝိုင်း – ရွှေညောင်ပင် -နေပြည်တော်ကောင်စီ – ဇမ္ဗူသီရိဆေးရုံ – စည်ပင်ဧည့်ရိပ်သာ – သပြေကုန်း – ပရဆေးဥယျာဉ် – မြို့မဈေး -သုခတော်ဝင် – ဝဏ္ဏသိဒ္ဓိရပ်ကွက် – Naypyitaw State Academy – ဉာဏသိဒ္ဓိရပ်ကွက် – မာရဝိဇယဘုရား – နည်းပညာတက္ကသိုလ်အထိ ပြေးဆွဲပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

လမ်းကြောင်း (၄) ဖြစ်တဲ့ ပုဗ္ဗသီရိလမ်းကြောင်းကိုတော့ ခရီးစဉ် အစ – အဆုံး ယာဉ်စီးခ ငွေကျပ် ၂၅၀၀ သတ်မှတ်ထားပြီး ကြားမှတ်တိုင် အတက် – အဆင်း ဆိုရင်တော့ ကျပ် ၁၀၀၀ ဖြစ်ကာ သိုက်ချောင်းလမ်းဆုံ – ခုတင် (၃၀၀) ဆေးရုံ – ကျည်တောင်ကန်လမ်းဆုံ – နေပြည်တော်ဘူတာကြီး – Polytechnic University – အင်ကြင်းပန်းအဝိုင်း – မန္တလေးလမ်း – ကုမုဒြာကြာပန်းအဝိုင်း – စည်ပင်အိမ်ရာ – သပြေကုန်း – ပရဆေးဥယျာဉ် – မြို့မဈေး – သုခတော်ဝင် – ဝဏ္ဏသိဒ္ဓိရပ်ကွက် – Naypyitaw State Academy – ဉာဏသိဒ္ဓိရပ်ကွက် – မာရဝိဇယဘုရား – နည်းပညာတက္ကသိုလ်အထိ ပြေးဆွဲပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ လမ်းကြောင်း လေးကြောင်းမှာ တကြောင်းကို မော်တော်ယာဉ် တစီးစီသာ ပြေး‌ဆွဲပေးနိုင်သေးတာဖြစ်ပြီး လိုက်ပါစီးနင်းသူ ခရီးသည် များပြားလာရင်တော့ အခေါက်ရေ တိုးပြီးတာ (ဒါမှမဟုတ်) ယာဉ်အစီးရေတိုးပြီး ပြေးဆွဲပေးတာတွေ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ယာဉ်လိုင်း တာဝန်ရှိသူတွေအနေနဲ့ အဲဒီ လမ်းကြောင်းတွေကို EV Bus တွေနဲ့ ပြေးဆွဲနိုင်ဖို့ စီစဉ် ဆောင်ရွက်နေတာဖြစ်ပြီး အဲဒီ ယာဉ်တွေ မရောက်ရှိသေးချိန်ကာလအတွင်း ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်၊ တော်ဝင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ Yutong City Bus ခြောက်စီးနဲ့ ပြေးဆွဲ‌ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #တော်ဝင်ယာဉ်လိုင်း #ပြည်လည် #ပြေးဆွဲပေးနေ

Related posts

Leave a Comment

VOM News

FREE
VIEW