ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင်ရုပ်သံကို ဆန္ဒပြသူတွေ ဝင်စီးပြီး မီးရှို့

 

ဒါကာ၊ ဇူလိုင်-၁၉-၂၀၂၄
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း ကျောင်းသားတွေနဲ့ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် တနိုင်ငံလုံးမှာ မြင့်မားတဲ့ လုံခြုံရေးသတိပေးချက် ထုတ်ပြန်ထားပါတယ်။

မြို့တော်ဒါကနဲ့ ဝန်းကျင်ဒေသတွေမှာတော့ အင်တာနက်နဲ့ ဖုန်လိုင်းတွေ ပြတ်တောက်လျှက်ရှိပါတယ်။ ပြီးခဲ့တဲ့နေ့မှာတော့ ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ နိုင်ငံပိုင် ရုပ်သံဌာန ဘီတီဗီကို ဝင်ရောက်စီးနှင်းကာ ပရိဘောဂတွေနဲ့ အဆောက်အအုံနေရာအချို့ကို ဖျက်းဆီးမီးရှို့မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ကြောင့် ရုပ်သံထုတ်လွှင့်မှုတွေ ရပ်ဆိုင်းခဲ့ပြီး ဝန်ထမ်းတွေလည်း အဆောက်အဦထဲက စွန်ခွာခဲ့ရပါတယ်။ အခြေအနေက အရမ်းဆိုးလို့ ဒီနေရာကနေထွက်ခွာဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိခဲ့ဘူးလို့ ဝန်ထမ်းတယောက် ပြောပါတယ်။

လူပေါင်း ၁၉ ယောက်ထက်မနည်း သေဆုံးပြီး ရာနဲ့ချီဒဏ်ရာရခဲ့တဲ့ ဆန္ဒပြပွဲတွေ အပြီးမှာတော့ အခြေအနေ ငြိမ်သက်ဖို့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာက တိုက်တွန်းထားပါတယ်။ ပါကစ္စတန်နိုင်ငံဆီကနေ လွတ်လပ်ရေးရယူခဲ့တဲ့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ သားသမီးတွေအတွက် အစိုးရအလုပ်ခွဲတမ်း သီးသန့်ထားရှိမှုအပေါ် ကျောင်းသားတွေက ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဆန္ဒပြကျောင်းသားတွေနဲ့ အာဏာရပါတီနဲ့ရဲတပ်ဖွဲ့အင်အားကို အသုံးပြုပြီး အကြမ်းဖက်ဖြိုခွဲတာတွေကို အဆုံးသတ်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံကြောင့် လက်ရှိအခြေအနေမှာ တွေ့ဆုံဆွေးနွေးဖို့ အကြောင်းမရှိဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

Ref:BBC
Photo:BBC

#Voiceofmyanmar #VOM #ဘင်္ဂလားဒေ့ရှ် #ဆန္ဒပြပွဲ #သတိပေးချက် #ထုတ်ပြန်

Related posts

Leave a Comment

VOM News

FREE
VIEW