တရုတ်မှာ တံတားကျိုးပြီး ကားတွေမြစ်ထဲကျလို့ ၁၁ ယောက်သေပြီး ၃၀ ကျော်ပျောက်ဆုံး

 

ပေကျင်း ၊ ဇူလိုင်-၂၀-၂၀၂၄
မျိုးဆက်(VOM)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး အဝေးပြေးလမ်းပေါ်ရှိ တံတားတစင်းပြိုကျမှုကြောင့် လူ ၁၁ ယောက်ထက်မနည်း သေဆုံးပြီး ၃၀ ကျော်ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရှန်ဇီပြည်နယ် ရှန်လွန်မြို့မှာ မနေ့က မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် တံတားပြိုကျခဲ့တာလို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ မြစ်ထဲကို ကျသွားတဲ့ ကားတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

မြစ်ထဲကိုကျသွားတဲ့ ကားငါးစီးထဲမှာ သေဆုံးသူ ၁၁ ယောက်ကို တွေ့ရှိထားပြီး နောက်ထပ်ကားအစီး ၂၀ လောက်ရေအောက် နစ်မြုပ်သွားတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

အခင်းဖြစ်တဲ့နေရာကို ကယ်ဆယ်ရေးသမား ၇၀၀ ကျော်၊ စက်လှေ ၁၈ စင်း၊ ဒရုန်း ၃၂ စင်းတို့ စေလွှတ်ဖြန့်ထားပြီး ပျောက်ဆုံးနေသူတွေကို အစွမ်းကုန်ရှာဖွေဖို့ တရုတ်သမ္မတရှီကျင်းပင်က ညွှန်ကြားထားပါတယ်။

ပြည်နယ်ရဲ့အခြားအစိတ်အပိုင်းတွေမှာလည်း ရေကြီးမှုနဲ့ မြေပြိုမှုတို့ကြောင့် လူငါးယောက်သေဆုံးပြီး ရှစ်ယောက်ပျောက်ဆုံးနေတယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။

Ref:BBC
Photo:CCTV

#Voiceofmyanmar #VOM #တရုတ် #တံတားပြိုကျ #၁၁ယောက်သေ #၃၀ကျော် ပျောက်ဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW