ဟားခါးမြို့ရဲစခန်းတိုက်ခိုက်ခံရပြီး အကျဥ်းသားတွေ လွတ်မြောက်

 

ဇူလိုင် ၂၀ – ၂၀၂၄
GG (VOM)

ချင်းပြည်နယ်၊ဟားခါးမြို့မ ရဲစခန်း ဒီနေ့ဇူလိုင်လ ၂၀ ရက်နေ့မနက်စောက တိုက်ခိုက်ခံရပြီး အချုပ်မှာချုပ်ထားတဲ့ အကျဥ်းသား ၆၀ ကျော်လည်းလွတ်မြောက်သွားတယ်လို့သိရပါတယ်။

” ဟုတ်တယ် ၊ မနက်အစော အဲ့ဒီဘက်မှာပစ်ခတ်သံတွေကြားပြီး မကြာဘူး အချုပ်မှာ ချုပ်ထားတဲ့သူတွေလည်းလွတ်သွားတယ်။အစောင့်တွေလည်းသေတယ်ကြားရတယ်။ဒီမှာကထောင်မရှိဘူး။ဘောလုံးကွင်းအပေါ်မှာအချုပ်ပဲရှိတာ ။ စခန်းမှာက ရဲတွေပဲရှိတာ ကျွန်တော်တို့သိသလောက်လူအင်အားလည်းသိပ်မများဘူး ” လို့ ဒေသခံကပြောပါတယ်။

အဆိုပါ အချုပ်စခန်းမှာရှိတဲ့ အကျဥ်းသားအမျိုးသား ၄၉ ယောက်နဲ့ အကျဥ်းသူအမျိုးသမီး ၁၃ ယောက်လုံး လွတ်မြောက်သွားတာဖြစ်ပြီး လက်ရှိမှာတော့ ချင်း PDF တပ်ဖွဲ့ ကထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဟားခါးမြို့မ ရဲစခန်းကို တိုက်ခိုက်ပြီး အချုပ်ခန်းဖောက်မှုကို Chinland Defense Force – Hakha ကလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ၊အကျဥ်းသားတွေထဲမှာ နိုင်ငံရေးအကျဥ်းသားတွေလည်းပါတဲ့အပြင် ရဲစခန်းကနေ လက်နက်အချို့လည်း ရရှိခဲ့တယ်လို့ CDF-Hakha ကသတင်းထုတ်ထားပါတယ်။

အဆိုပါ ဟားခါးရဲစခန်းတိုက်ခိုက်ခံရပြီးအချုပ်သားတွေလွတ်မြောက်မှုနဲ့ပတ်သက်လို့ နစကဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်ကလည်း ရခိုင်ပြည်နယ် သံတွဲမြို့က မြို့မရဲစခန်းနဲ့ အကျဥ်းထောင်တိုက်ခိုက်ခံရပြီး ထောင်တွင်းမှအကျဥ်းသားတွေ ထွက်ပြေးလွတ်မြောက်မှုရှိခဲ့တယ်လို့သိရပါတယ်။

အလားတူ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်မှာလည်း ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲအချုပ်စခန်းမှ အချုပ်သားတွေကို PDF တွေကလွတ်ပေးမှုရှိခဲ့ပါတယ်။

#Voiceofmyanmar #vom #ဟားခါး #မြို့မရဲစခန်း #တိုက်ခိုက်ခံရ #အကျဥ်းသားလွတ်မြောက်

Related posts

Leave a Comment

VOM News

FREE
VIEW