ကပ်ရောဂါ ဖြစ်ပွားနိုင်တဲ့ နီပါ့ဗိုင်းရပ်စ်ကြောင့် အိန္ဒိယမှာ ကလေးငယ်တယောက် သေဆုံး

 

ဒေလီ၊ ဇူလိုင်-၂၂-၂၀၂၄
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်မှာ နီပါ့ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးသွားပြီးနောက် ကျန်းမာရေးဆိုင်ရာ သတိပေးချက်တွေကို အာဏာပို်ငတွေက ထုတ်ပြန်လိုက်ပါတယ်။

နီပါ့ဗိုင်းရပ်စ်ဟာ ဝက်နဲ့ အသီးစားလင်းနို့လို သတ္တဝါတွေကနေ လူကို ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်တမျိုးဖြစ်ပြီး ကပ်ရောဂါဖြစ်စေနိုင်တဲ့ အလားအလာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထိပ်တန်းစောင့်ကြည့်စာရင်းမှာ ပါဝင်တဲ့ ဗိုင်းရပ်စ်လည်းဖြစ်ပါတယ်။

ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ ပြည်နယ်အတွင်းက နောက်ထပ် လူ ၆၀ မှာလည်း နီပါ့ဗိုင်းရပ်စ် ကူးစက်နိုင်ခြေမြင့်တဲ့ အခြေအနေရှိနေပြီး သေဆုံးသွားတဲ့ ကလေးငယ်ဟာ ပန်ဒစ်ကက်မှဖြစ်ကာ သူနဲ့ ထိတွေ့ခဲ့သူတွေကို သီးခြားထား စစ်ဆေးနေကြောင်း ပြောပါတယ်။

အဲဒီဒေသမှာ နေထိုင်သူတွေကို ပြင်ပသွားလာရာမှာ နှာခေါင်းစည်းတွေ ဝတ်ဆင်ကြဖို့နဲ့ ထုတ်ပြန်ထားတဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ အိန္ဒိယကျန်းမာရေး တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

ညစ်ညမ်းတဲ့ အစားအစာ၊ ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့တာကနေလည်း တဆင့်ပြန်လည်ကူးစက်တတ်တဲ့ နီပါ့ဗိုင်းရပ်စ် ကီရာလာပြည်နယ်ဟာ မြို့ပြအသွင်ပြောင်းလဲလာမှု၊ သစ်ပင်သစ်တောတွေ လျင်မြန်စွာ ပြုန်းတီးလာမှုက လူနှင့်တိရိစာ္ဆန်တွေ ပိုမိုနီးကပ်နေထိုင်လာရတဲ့အခြေအနေတွေကြောင့် ကမ္ဘာပေါ်မှာ အလားတူဗိုင်းရပ်စ်တွေ ကူးစက်နိုင်ခြေအမြင့်ဆုံးဖြစ်ကြောင်း လေ့လာမှုအစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #အိန္ဒိယ #နီပါ့ဗိုင်းရပ်စ် #ကီရာလာပြည်နယ် #တယောက်သေ

Related posts

Leave a Comment

VOM News

FREE
VIEW