မိုးကုတ်ဆေးရုံမှာ ဆရာဝန်တွေစစ်ရှောင်ကုန်လို့ နာမကျန်းဖြစ်သူတွေ ဆေးဝါးကုသဖို့ အခက်ကြုံ

 

ဇူလိုင် ၂၂ – ၂၀၂၄
GG (VOM)

မိုးကုတ်မြို့အရှေ့ပိုင်းမှာ တိုက်ပွဲကြောင့် ဆေးရုံမှာ ဆရာဝန်နဲ့ သူနာပြုတွေမရှိတော့တဲ့အတွက် ဆေးဝါးကုသမှုမပေးနိုင်တော့လို့ နာမကျန်းဖြစ်သူတွေ ဆေးဝါးကုသဖို့ အခက်ကြုံနေရကြောင်း မြိုကခံတွေက ပြောပါတယ်။

ပြည်သူ့ဆေးရုံအနီးမှာ မိုးကုတ်ရဲစခန်းရှိတဲ့အပြင် မလှမ်းမကမ်းမှာပါ စစ်တပ်ဗျူဟာကုန်းရှိတာကြောင့် ဆေးရုံမှာတာဝန်ကျဆရာဝန်တွေ သူနာပြုတွေဟာဆေးရုံမှာမနေရဲတော့တဲ့အတွက် တိမ်းရှောင်နေကြရပြီး ဆေးဝါးကူသမှုတွေမပေးနိူင်လို့ လူနာတွေလည်းမရှိတော့ဘဲ အစောင့်တွေလောက်သာရှိတော့တဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။

” ဆေးရုံမှာ ဆရာဝန်တွေ သူနာပြုတွေရှောင်နေကြပြီ။ရှောင်ကြတာက မြို့မရဲစခန်းကဆေးရုံအနောက်မှာရှိတယ်။နောက်ဗျူဟာကုန်းကလည်းဆေးရုံကြီးရဲ့အနောက်မြောက်ဒေါင့်မှာရှိတော့ခုလိုတိုက်ပွဲဖြစ်ရင်လက်နက်ကြီးကျမှာစိုးလို့ ဆရာဝန်တွေက ရှောင်ကြတယ်။အခုဆိုအိုဂျီတွေမရှိတော့သလို ပြင်ပလူနာဌာနမှာလည်းဘာမှမရှိလို့ ကုသမှုတွေရပ်နားနေတဲ့အခြေအနေဖြစ်တယ်။ဆေးရုံကြီးကလုံးဝပိတ်ထားတာမဟုတ်ဘူးအစောင့်သဘောထားတာရှိတယ်။ကုသမှုကတော့ရပ်ဆိုင်းနေတဲ့သဘောရှိတယ်။” လို့ မိုးကုတ်ဒေသခံတယောက်ကပြောပြပါတယ်။

ဒါကြောင့် လက်ရှိမိုးကုတ်မှာ တိုက်ပွဲကြောင့် လက်နက်ကြီးထိမှန်သူတွေနဲ့ ကျန်းမာရေးမကောင်းသူတွေ ဒုက္ခရောက်နေကြရတဲ့အတွက် ဒေသခံကြက်ခြေနီတပ်ဖွဲ့တွေ၊ လူမှုကူညီရေး၊မီးသတ်တပ်ဖွဲ့တွေ၊ ဒေသခံလူငယ်တွေပူးပေါင်းပြီး လိုအပ်တဲ့ အကူအညီနဲ့ ဆေးဝါးကုသမှုတွေကို တတ်နိုင်သလောက်လုပ်ဆောင်ပေးနေရတယ်လို့သိရပါတယ်။

ငွေကြေးပြည့်စုံတဲ့ သူတွေကတော့ ပြင်ပဆေးခန်းတွေကနေ ဆေးဝါးတွေဝယ်ယူပြီး
ဆရာဝန်တွေရှိရာကိုလိုက်လံစုံစမ်းပြီးကူသမှုခံယူတာမျိုးအထိလုပ်နေရတယ်လို့သိရပါတယ်။

နာတာရှည်ရောဂါသည်၊မဖြစ်မနေဆေးသွင်းဖို့လိုအပ်သူတွေ၊ ဆေးရုံပြသဖို့လိုအပ်သူတွေ၊ကလေးခွဲစိတ်မွေးဖွားဖို့လိုအပ်သူတွေ ဒုက္ခရောက်တာကြောင့် ကားလမ်းကိုဖွင့်ပေးစေချင်တယ်လို့ဒေသခံတွေကဆိုပါတယ်။

” ဆေးရုံကလည်းကုသမှုမပေးနိုင်တော့ ဒုက္ခရောက်ရတယ်။ဒီတော့လမ်းကြောင်းတွေဖွင့်ပေးစေချင်တယ်။ဒါမှလူနာတွေအတွက်အဆင်ပြေမယ်။အခုဘယ်လိုမှလုပ်မရတဲ့အခြေအနေဖြစ်နေတယ်။ ” လို့ဒေသခံကပြောပါတယ်။

လက်ရှိမှာတော့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူတွေဟာလည်း ဆေးရုံမှာကူသမှုမခံယူနိုင်ဘဲ နေအိမ်မှာသာ ထိုက်သင့်တဲ့ဆေးဝါးကုသမှုကိုခံယူပြီး မြို့တွင်းမှာပဲပိတ်မိနေကြတယ်လို့သိရပါတယ်။

မိုးကုတ်မှာတိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု အယောက်၂၀ ထက်မနည်းရှိခဲ့ပြီးထိခိုက်ဒဏ်ရာရသူတွေလည်းအများအပြားရှိနေကြောင်း၊ လက်ရှိမှာတော့ တိုက္ပြဲက ငြိမ်နေပြီး TNLA က မြို့မရဲစခန်းနဲ့ အကျဉ်းထောင်ကိုသိမ်းပိုက်ထားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

#Voiceofmyanmar #vom #မိုးကုတ် #ဆေးရုံမှာကုသမှုမပေးနိုင် #ဆရာဝန်တွေမရှိ #ဒေသခံတွေဒုက္ခရောက်

Related posts

Leave a Comment

VOM News

FREE
VIEW