အမေရိကန် သမ္မတရွေးကောက်ပွဲကနေ နှုတ်ထွက်ကြောင်း ဂျိုးဘိုင်ဒင်ကြေညာ

 

ဝါရှင်တန်၊ ၊ဇူလိုင်-၂၂-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ လာမယ့်နိုဝင်ဘာသမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှုကနေ နှုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒါဟာ နိုင်ငံနဲ့ပါတီရဲ့ ကောင်းကျိုးအတွက် အခုလို ဆုံးဖြတ်လိုက်တာလို့ သမ္မတဂျိုးဘိုင်ဒင်က ဆိုထားပြီး သူ့ရဲ့ ဒုတိယသမ္မတအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲမိတ်ဖက် ကမလာဟားရစ်ကို သမ္မတလောင်းအမည်စာရင်းတင်သွင်းဖို့ သူက တိုက်တွန်းထားပါတယ်။

ကမလာဟားရစ်ကတော့ သူမဟာပါတီရဲ့ သမ္မတလောင်းရွေးချယ်မှုကို အနိုင်ရဖို့နဲ့ နိုင်ငံပြန်လည်ပေါင်းစည်းရေးအတွက် ပြိုင်ဘက်သမ္မတလောင်း ဒေါ်နယ်ထရန့်ကို အနိုင်ယူသွားမယ်လို့ ကတိပြုပြောဆိုထားပါတယ်။

အသက် ၈၁ နှစ်အရွယ် သမ္မတဂျိုးဘိုင်ဒင်ဟာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဒေါ်နယ်ထရန့်နဲ့ စကားစစ်ထိုးပွဲမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မပြနိုင်တဲ့အပြင် သူ့ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအပေါ် စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်နေခဲ့ပါတယ်။

သမ္မတရွေးကောက်ပွဲကနေ နှုတ်ထွက်မယ့် ဂျိုးဘိုင်ဒင်ရဲ့ ရာထူးသက်တမ်းဟာ ခြောက်လကျန်ရှိနေပါသေးတယ်။ ဒီကျန်ရှိနေတဲ့သက်တမ်းအတွက် သမ္မတတာဝန်အကောင်းဆုံးထမ်းဆောင်မယ်လို့ သူကဆိုထားပြီး လာမယ့် သီတင်းပတ်မှာ နိုင်ငံတော်အခြေပြုမိ်န့ခွန်း ပြောကြားမှာဖြစ်ပါတယ်။

သူနှုတ်ထွက်သွားပြီးနောက် ဒီမိုကရက်တစ်ပါတီရဲ့ ညီလာခံတရပ်ကို ဩဂုတ် ၁၉ ရက်ကနေ ၂၂ ရက်ပြုလုပ်မှာဖြစ်ပြီး ဒီညီလာခံမှာတော့ ပါတီကိုယ်စားပြု သမ္မတလောင်းတယောက်ကို ရွေးချယ်သွားမှာဖြစ်ပါတယ်။

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #အမေရိကန် #သမ္မတဂျိုးဘိုင်ဒင် #ရွေးကောက်ပွဲ #နှုတ်ထွက်

Related posts

Leave a Comment

VOM News

FREE
VIEW