ဒေါ်နယ်ထရန့် ပစ်ခတ်ခံရမှုကြောင့် အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအကြီးအကဲ ရာထူးကနေ နုတ်ထွက်ပြီ

 

ဝါရှင်တန်၊ ဇူလိုင်-၂၄
မျိုးဆက်(VOM)

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုမှာ လုံခြုံရေးဆိုင်ရာ ပျက်ကွက်မှုကြောင့် လျှို့ဝှက်ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး ကင်ချီတယ်ဟာ ရာထူးကနေ နုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။

ဌာနရဲ့ ညွှန်ကြားရေးမှူးတယောက်အနေနဲ့ အဲဒီဖြစ်စဉ်က လုံခြုံရေးပျက်ကွက်မှုအတွက် မိမိအပြည့်အ၀ တာဝန်ယူကြောင်း မစ္စချီတယ်ရဲ့ နုတ်ထွက်စာမှာ ဖော်ပြထားပါတယ်။

သမ္မတဟောင်းဒေါ်နယ်ထရန့် ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ် လွှတ်တော်ကြားနာမှုအပြီးမှာ သူမဟာ ် ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ်ပါတီ နှစ်ဘက်စလုံးရဲ့ နုတ်ထွက်ဖို့ တောင်းဆိုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်ဟာ ဆယ်စုနှစ်များစွာအတွင်း လျှို့ဝှက်ထောက်လှမ်းရေးဌာနအတွက် လွန်စွာဆိုးရွားတဲ့ လုံခြုံရေးဆိုင်ရာ ပျက်ကွက်မှုဖြစ်ကြောင်း လွှတ်တော်ကြားနာမှုအတွင်း သူမက ဝန်ခံပြောဆိုပါတယ်။

ဒေါ်နယ်ထရန့်ရှိနေတဲ့ စင်မြင့်မှ မီတာ ၁၃၀ အကွာထိ သေနတ်သမားဘယ်လို ချဉ်းကပ်ခဲ့သည့်ဆိုတဲ့အပေါ် ဝေဖန်မှုတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးနောက် အာဏာပို်ငတွေဟာ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးသစ်ကို များမကြာမီ ခန့်အပ်မယ်လို့ သမ္မတဂျိုးဘိုင်ဒင်က ပြောပါတယ်။ လက်ရှိမှာ လျှို့ဝှက်ထောက်လှမ်းရေးဌာန ယာယီညွှန်ကြားရေးမှူးအဖြစ် ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ရော်နယ်ရိုဝီက တာဝန်ယူထားပါတယ်။

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #အမေရိကန် #လျှို့ဝှက်ထောက်လှမ်းရေး #ညွှန်ကြားရေးမှူး #နုတ်ထွက် #ဒေါ်နယ်ထရန့်ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW