မြန်မာ့အရေး ပါဝင်ဆွေးနွေးမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး စတင်

 

ဗီယင်ကျန်း ၊ ဇူလိုင်-၂၅-၂၀၂၄
မျိုးဆက်(VOM)

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ ဒီနေ့ စတင်ကျင်းပနေပြီး မြန်မာ့အရေးနဲ့ တောင်တရုတ်ပင်လယ်အရေးတွေက အစည်းအဝေးကို လွှမ်းမိုးဖွယ်ရှိနေပါတယ်။

အစည်းအဝေးတွေကို လာမယ့် စနေနေ့ထိ ကျင်းပသွားမှာဖြစ်ပြီး ဆက်စပ်အစည်းအဝေးတွေကိုတော့ အမေရိကန်၊ တရုတ်၊ ရုရှားနဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တက်ရောက်ကြမှာဖြစ်ပါတယ်။

မြန်မာဘက်ကတော့ နိုင်ငံရေးနဲ့ဆက်နွယ်မှုမရှိတဲ့ ပုဂ္ဂိုလ်ကိုသာ တက်ရောက်ဖို့ အာဆီယံအဖွဲ့က ကန့်သတ်ထားတာကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်ဖွယ်ရှိတယ်လို့ သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်.

သူဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်အပါအဝင် ဒေသတွင်းအင်အားကြီးနိုင်ငံက ကိုယ်စားလှယ်တွေတက်ရောက်မယ့် စနေနေ့မှာကျင်းပမယ့် အာဆီယံဒေသတွင်းဖိုရမ်ကို တက်ရောက်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သုံးနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်မှာ အာဆီယံနဲ့ မြန်မာအာဏာပိုင်တွေအကြား အာဆီယံဘုံသဘောတူညီချက် ငါးချက်ရရှိခဲ့ပြီး ဒီထဲမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးတို့ကို တောင်းဆိုထားပေမယ့် တိုးတက်ဖြစ်ထွန်းမှုနည်းပါးတဲ့အပေါ် အာဆီယံအသိုင်းအဝိုင်းက ဝေဖန်နေကြပါတယ်။

လက်ရှိအစည်းအဝေးကို ထိပ်တန်းသံတမန်စေလွှတ်တက်ရောက်ခြင်းဟာ မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံတကာအသိုက်အဝန်းနဲ့ တွေ့ဆုံဆွေးနွေးပြီး အခြေအနေပြေလျော့စေမယ့် နည်းလမ်းကို ရှာဖွေနေဖွယ်ရှိကြောင်း အကဲခတ်တွေက သုံးသပ်ထားပါတယ်။

Ref:NHK
Photo:Kyodo

#Voiceofmyanmar #VOM #လာအို #အာဆီယံ #နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး #မြန်မာ့အရေး

Related posts

Leave a Comment

VOM News

FREE
VIEW