ဆေးရုံတက်နေတဲ့ ဘင်္ဂလားဒေ့ရှ် ဆန္ဒပြကျောင်းသားခေါင်းဆောင်တွေကို အာဏာပိုင်တွေ ဖမ်းဆီး

 

ဒါကာ၊ ဇူလိုင်-၂၇-၂၀၂၄
မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်မှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင့်ရေးဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး ဆေးရုံတက်နေတဲ့ ကျောင်းသားခေါင်းဆောင်သုံးယောက်ကို အာဏာပိုင်တွေက ဆေးရုံကနေ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဆန္ဒပြခေါင်းဆောင်သုံးယောက်ဟာ ဒဏ်ရာတွေကို ကုသမှုခံယူနေဆဲဖြစ်ပေမယ့် မြို့တော်ဒါကာရှိ ဂိုနိုရှာသာရာဆေးရုံကနေ အရပ်ဝတ်ရဲတွေကနေ လာရောက်ခေါ်ဆောင်သွားတယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

ကျောင်းသားတွေကို ခေါ်ဆောင်သွားဖို့ကို သဘောမတူပေမယ့် ရဲတွေက ဆေးရုံအကြီးအကဲကို ဖိအားပေးခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူကပြောပါတယ်။ သွေးထွက်သံယိုမှုတွေဖြစ်ပွားပြီးနောက် ဆန္ဒပြသူတွေဟာ ယခုသီတင်းပတ်ကအစောပိုင်းကစပြီး ဆန္ဒပြပွဲတွေကို ယာယီဆိုင်းငံ့ထားပါတယ်။

ယခင်လွတ်လပ်ရေးတိုက်ပွဲဝင် စစ်မှုထမ်းဟောင်းတွေရဲ့ သားသမီးတွေအတွက် အစိုးရအလုပ်အကိုင်ခွဲတမ်းထားရှိမှုအပေါ် တက္ကသိုလ်ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြမှုအတွင်း လူ ၁၅၀ ထက်မနည်း သေဆုံးခဲ့ပါတယ်

အစိုးရအလုပ်အကိုင်ရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ အဲဒီခွဲတမ်း ချန်ထားမှုနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲတွေပြင်းထန်လာပြီးနောက် ဒီကိစ္စကို ရပ်သိမ်းလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က အမိန့်ချလိုက်ပါတယ်။

မကြာသေးမီက ဆန္ဒပြကျောင်းသားများ သေဆုံးမှုနဲ့ပတ်သက်ပြီး တရားမျှတမှုရှိစေဖို့ ဆန္ဒပြပွဲတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောဆိုထားပြီး အစိုးရအဖွဲ့ဝန်ကြီးတွေ နှုတ်ထွက်ရေးတောင်းဆိုနေပါတယ်။

Ref:BBC
Photo:BBC

#Voiceofmyanmar #VOM #ဘင်္ဂလားဒေ့ရှ် #ဆန္ဒပြပွဲ #ကျောင်းသားခေါင်းဆောင် #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW