တရုတ်နဲ့ဆက်ဆံရေး ပြန်လည်စတင်မယ်လို့ အီတလီဝန်ကြီးချုပ် မယ်လိုနီ ကတိပြု

 

ပေကျင်း၊ ဇူလိုင်-၂၉-၂၀၂၄
မျိုးဆက်(VOM)

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီဟာ ဝန်ကြီးချုပ်တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကို ရောက်ရှိနေပြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးပြန်လည်စတင်ဖို့ ကတိပြုပြောဆိုလိုက်ပါတယ်။

သူ့ရဲ့ ငါးရက်ကြာ တရုတ်နိုင်ငံခရီးစဉ်အစမှာတော့ တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေဖို့ သုံးနှစ်စီမံကိန်း သဘောတူညီချက်တရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ခရီးစဉ်ဟာ တရုတ်နဲ့ အီတလီနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပြန်လည်စတင်ဖို့ အဆင့်တခုဖန်တီးမယ့် ဆန္ဒကို ဖော်ပြခြင်းဖြစ်ကြောင်း အီတလီဝန်ကြီးချုပ်က ပြောပါတယ်။ လျှပ်စစ်ကားနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ရည်ရွည်တဲ့ စာချုပ်ကို လက်မှတ်ထိုးခဲ့တယ်လို့ သူကဆိုပါတယ်။

နှစ်နိုင်ငံအကြား သင်္ဘောတည်ဆောက်မှု၊ အာကာသ၊ စွမ်းအင်၊ ဉာဏ်ရည်တုနည်းပညာနဲ့ အသေးစားအလတ်စားလုပ်ငန်းတွေ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့လည်း ရည်ရွယ်ထားကြောင်း အီတလီဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ်စီမံကိန်းမှာ ပါဝင်မှုငနေ အီတလီနိုင်ငံနှုတ်ထွက်ပြီးနောက် နှစ်နိုင်ငံအကြား ယခုသဘောတူညီချက်ရရှိခဲ့တာဖြစ်ပြီး တရုတ်ရဲ့ ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှုတွေဟာ နိုင်ငံအတွက် ် အကျိုးအမြတ်တစုံတရာမရှိကြောင်း အီတလီက နုတ်ထွက်ချိန်က ပြောဆိုခဲ့ပါတယ်။
Ref:BBC
Photo:AP

#Voiceofmyanmar #VOM #အီတလီ #တရုတ် #စီးပွားရေးပူးပေါင်းဆောင်ရွက်မှု #သဘောတူစာချုပ် #လက်မှတ်ထိုး

Related posts

Leave a Comment

VOM News

FREE
VIEW