စင်ကာပူ TikTok ရုံးက ဝန်ထမ်း ၆၀ အစာအဆိပ်သင့်မှု ဖြစ်ပွား

 

စင်ကာပူ၊ ဇူလိုင်-၃၁-၂၀၂၄
မျိုးဆက်(VOM)

TikTok ကို ပိုင်ဆိုင်တဲ့ ByteDance ကုမ္ပဏီရဲ့ စင်ကာပူရုံးခွဲမှ ဝန်ထမ်းဒါဇင်ပေါင်းများစွာဟာ အစာအဆိပ်သင့်မှုကြောင်း ဆေးရုံတင်ထားရကြောင်း စင်ကာပူတာဝန်ရှိသူတွေက ပြောပါတယ်။

ဇူလိုင် ၃၀ ရက်မှာ ကုမ္ပဏီမှ ဝန်ထမ်း ၆၀ ဟာ အစာအိမ်ရောဂါလက္ခဏာများ ခံစားရပြီးနောက် သူတို့ထဲ့ ၅၇ ယောက်ဟာ အစာအဆိပ်သင့်တာကြောင့် ဆေးရုံတင်ထားရကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

နာမကျန်းသူတွေကို လူနာတင်ယာဉ် ၁၇ စီးနဲ့ ဆေးရုံပို့ခဲ့ရပြီး ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးတို့အတွက် ပံ့ပိုးကူညီမှုတွေ ချက်ချင်းလုပ်ဆောင်ခဲ့ကြောင်း ByteDance ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

ကုမ္ပဏီဝန်ထမ်းများ နေမကောင်းဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ByteDance ကုမ္ပဏီက ဆိုပါတယ်။ ကုမ္ပဏီရုံးမှာ အစားအသောက် ချက်ပြုခြင်းများမရှိဘဲ အစားအသောက် ထောက်ပံ့ရေးအတွက် ပြင်ပမှ ထောက်ပံ့ရေးကုမ္ပဏီတွေကို အသုံးပြုပါတယ်။

ဒီကိစ္စကို စုံစမ်းစစ်ဆေးရာမှာ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ByteDance ကုမ္ပဏီက ပြောပါတယ် ။ အစားအစာ ဘေးကင်းရေးစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တဲ့ အစားအသောက်ကုမ္ပဏီတွေကို အရေးယူဖို့ တွန့်ဆုတ်မှာမဟုတ်ကြောင်း စင်ကာပူ အစာအးသောက်ဘေးကင်းရေးအဖွဲ့က သတိပေးပြောဆိုထားပါတယ်။

Ref:BBC
Photo:CNA

#Voiceofmyanmar #VOM #စင်ကာပူ #တစ်တော့ #ByteDance #ဝန်ထမ်း၆၀ #အစာအဆိပ်သင့်

Related posts

Leave a Comment

VOM News

FREE
VIEW