အိန္ဒိယ ကီရာလာပြည်နယ်မြေပြိုမှု ၁၂၃ ယောက်သေပြီး ၁၀၀ ကျော်ပိတ်မိနေ

 

ဒေလီ၊ ဇူလိုင်-၃၁-၂၀၂၄
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် လူ ၁၂၃ ယောက် သေဆုံးပြီး ဒါဇင်များစွာ ပိတ်မိနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဝါယာနဒ်ခရိုင်ရှိ တောင်ကုန်းထူထပ်တဲ့ဒေသမှာ မြေပြိုမှုဖြစ်ပွားချိ န် ဒေသခံတွေဟာ အိပ်ပျော်နေခဲ့ကြပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ အဓိက တံတားတစင်းကျိုးကျသွားတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အခက်တွေ့နေတယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးသမားတွေ လက်လှမ်းမမှီနိုင်သေးတဲ့ နေရာမှာ ပိတ်မိနေသူ ၁၀၀ လောက်ရှိနေသေးတာကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေကြီးမှုကြောင့် လူ ၄၀၀ သေဆုံးခဲ့တဲ့ ၂၀၁၈ ခုနှစ်နောက်ပိုင်း ဒီမြေပြိုမှုဟာ ပြည်နယ်အတွင်း အဆိုးရွားဆုံး သဘာ၀ဘေးဖြစ်ပါတယ်။

မြေပြိုမှုကြောင့် ဒဏ်ရာရသူ ၁၂၃ ယောက်ကို ဆေးရုံပို့ပေးထားပြီး လူပေါင်း ၃၀၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ကာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြောင်း ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။

မြေပြိုမှုဖြစ်ခဲ့တဲ့ ဒေသဟာ လက်ဖက်ခြောက်နဲ့ ဖာလာခြံတွေတည်ရှိပြီး အိမ်ထောင်စု ၃၅၀ လောက်နေထိုင်ပါတယ်။တောင်တန်းဒေသဖြစ်တဲ့ ဝါယာနကဒ်ခရိုင်ဟာ မုတ်သုန်ရာသီမှာ မြေပြိုမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

Ref:BBC
Photo:Reuters/AFP

#Voiceofmyanmar #VOM #အိန္ဒိယ #မြေပြိုမှု #၁၀၀ကျော်သေဆုံး #ဒါဇင်များစွာပိတ်မိ

Related posts

Leave a Comment

VOM News

FREE
VIEW