မာန်အောင်မှာ ဆေးဝါးပြတ်လပ်နေလို့ လူဦးရေခြောက်သောင်းဝန်းကျင် အခက်အခဲဖြစ်နေ

  ဩဂုတ် ၁ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှာ ဆေးဝါးပြတ်လပ်မှုတွေ ဖြစ်ပေါ်နေလို့ လူဦးရေ ခြောက်သောင်းဝန်းကျင် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အခုလို ဆေးဝါး ပြတ်လပ်နေတာဟာ နစကတပ်က ရခိုင်ပြည်နယ်ရှိ ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ဆို့ထားတာကြောင့် ဖြစ်သလို ဗဟိုလိုင်လူငယ်အဖွဲ့ (Central Young Lai Association – CYLA) ကလည်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ ပလက်ဝမြို့နယ်ဆီ ကုန်စည်တင်သွင်းမှုကို စက်သုံးဆီနဲ့ ဆေးဝါး ကန့်သတ်ထားတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ “ဆေးဝါးသယ်လို့ရမယ့် လမ်းကြောင်းတွေက အကုန်ပိတ်ခံထားရတာလေ။ အခုဆို သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကင်ဆာသမားတွေအတွက်ဆေးက လုံးဝကို ရှာလို့မရတော့ဘူး။ ဆေးစွဲပြီး သောက်နေရတာလေ။ တချို့ ရောဂါသမားတွေဆို ဆေးပြတ်နေတာ နှစ်လနီးပါးလောက်ရှိပြီ။ အသက်အန္တရာယ်တောင်…

Read More

ယနေ့ ရွှေဈေး (ဩဂုတ် – ၁ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၄၂ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၆၉၂၂၃၅ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၈၃၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၆၃၀၀၀၀ ကျပ် ဝယ်ဈေး ၆၅၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဩဂုတ် – ၁ ရက်)

Voice of Myanmar -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၄၅၀ ကျပ် ဝယ်ဈေး – ၅၃၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၃၈၇၀ ကျပ် ဝယ်ဈေး – ၃၇၆၅ ကျပ် -ယူရို ရောင်းဈေး – ၅၇၀၀ ကျပ် ဝယ်ဈေး – ၅၄၅၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၄၈.၁၅ ကျပ် ဝယ်ဈေး – ၁၄၁.၈၄ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၁၄၄ ကျပ် ဝယ်ဈေး – ၁၀၉၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၇၂၇ ကျပ်…

Read More

ဇမ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင် အသတ်ခံရပြီး ရွှေထည်လုယူခံရမှုမှ တရားခံတွေကို သေဒဏ်နဲ့ ထောင်ဒဏ်ချမှတ်

  ဩဂုတ် ၁ – ၂၀၂၄ SN (VOM) ရန်ကုန်မြို့၊ ကြည့်မြင်တိုင်ညစျေးက ဇမ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင် အသတ်ခံရပြီး ရွှေထည်လုယူခံရမှုမှ တရားခံတွေကို အလုံခရိုင်တရားရုံးကနေ သေဒဏ်နဲ့ ထောင်ဒဏ် အသီးသီး ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူဆီက သိရပါတယ်။ အဲဒီအမှုက တရားခံ ခြောက်ယောက်မှာ အမျိုးသား သုံးယောက်ကို သေဒဏ်ချမှတ်ခဲ့ပြီး အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီးတယောက်ကို ထောင်ဒဏ် နှစ်နှစ်စီ အမိန့်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “အမှုဖြစ်ပြီး ကိုးလအကြာမှာ အမိန့်ချနိုင်ခဲ့တာပါ။ အမိန့်ချတာကတော့ ဇူလိုင်လ ၃၀ ရက်နေ့ကပါ။ အဓိက တရားခံ သုံးယောက်ကို မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချလိုက်တယ်” လို့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။ အဓိက တရားခံတွေဖြစ်တဲ့ ဖိုးသား (ခေါ်) ချစ်ကို၊ ကိုဖြိုးနဲ့ ခိုင်ကိုကိုမောင်တို့ သုံးယောက်ကို ပုဒ်မ…

Read More

ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင်အပြင် စစ်ရေးခေါင်းဆောင်ပါ သေဆုံးသွားပြီလို့ အစ္စရေး ကြေညာ

  ဂါဇာစီးတီး၊ ဩဂုတ်-၁-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ ပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်စစ်ရေးခေါင်းဆောင် သေဆုံးသွားတယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဇူလိုင် ၁၃ ရက်နေ့က ခန်းယွန်နစ်ဒေသရှိ ခြံဝန်းတခုမှာ ဟားမတ်စ်စစ်ရေးခေါင်းဆောင် Mohammed Deif ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပြီး သူသေဆုံးမှုကိုတော့ဟားမတ်စ်တို့က အတည်မပြုနိုင်သေးပါဘူး။ အဲဒီနေ့က တိုက်ခိုက်မှုမှာ လူပေါင်း ၉၀ ကျော်သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ပေမယ့် Mohammed Deif သေဆုံးမှုကို ရှင်းလင်းစွာမသိရပါဘူး။ သူခိုလှုံနေတဲ့ လက်ထောက်တယောက်ရဲ့ အိမ်ဝန်းကျင်မှာ ပေါင် ၂၀၀၀ အလေးချိန်ရှိတဲ့ဗုံးလိုမျိုး ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၁၂၀၀ သေဆုံးမှုမှာ Mohammed Deif တာဝန်ရှိတယ်လို့ အစ္စရေးစစ်တပ်က…

Read More

ငါးကန်တွေ ရေလျှံလို့ ထွက်လာတဲ့ ငါး လိုက်ဖမ်းတဲ့လူတွေနဲ့ စည်ကား

  ဩဂုတ် ၁ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့မှာ ရေကြီးမှုကြောင့် ငါးကန်အများအပြား ရေလျှံလာတဲ့အတွက် ထွက်လာတဲ့ငါးတွေကို လိုက်လံ ဖမ်းဆီးနေသူတွေနဲ့ စည်ကားနေတယ်လို့ ဒေသခံတွေဆီမှ သိရပါတယ်။ တိုက်ကြီးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ရေကြီးနစ်မြုပ်မှုတွေဖြစ်ခဲ့တာကြောင့် အဲ့ဒီမြို့မှာရှိတဲ့ ငါးကန်တွေရဲ့ ၉၀ ရာခိုင်နှုန်းက ရေတွေလျှံလာပြီး ငါးတွေလွတ်ကုန်တာလို့ အဲ့ဒီမြို့က ငါးကန်ပိုင်ရှင်တယောက်က ပြောပါတယ်။ “ဒီရက်ပိုင်းတွေက မိုးကအရမ်းရွာတာလေ။ တိုက်ကြီး၊ အူတိုနဲ့ အဖျောက်ဘက်တွေက ငါးကန်တွေအကုန် ရေကျော်ကုန်ကြတာ။ အခု လမ်းဘေးမြောင်းတွေ လမ်းမပေါ်တွေနဲ့ လယ်ကွက်တွေမှာ ငါးတွေကို ဖွေးနေတာပဲ။ ကျွန်တော်တို့တွေကတော့ ရင်ကွဲတာပေါ့ဗျာ” လို့ သူက ပြောပါတယ်။ ငါးကန်တွေဟာ လှိုင်မြစ်ရေမြင့်တက်လာတာကြောင့် ရေလျှံတက်လာတာဖြစ်ပြီး မြစ်အနောက်ဘက်ခြမ်းမှာ ငါးကန်တွေအများအပြား ရှိနေကာ တီလားဗီးယား၊ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးမုန့် စတဲ့…

Read More

ယနေ့ ရွှေဈေး (ဩဂုတ် – ၁ ရက်၊ ညနေ ၃ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၃၄ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၆၉၂၂၃၅ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၉၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၈၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၆၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး

Read More

မူဆယ်မှာ ပြည်သူ ရာချီပါဝင်တဲ့ စစ်မက် ကင်းဝေးစေလိုကြောင်း ငြိမ်းချမ်းရေး ဆုတောင်းပွဲ ပြုလုပ်

  ဩဂုတ် ၁၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ နေ ပြည်သူ ရာချီ ဇူလိုင်လ ၃၀ ရက်နေ့ ညနေပိုင်းက ဖယောင်းတိုင်မီးတွေ ကိုင်ဆောင်ပြီး ရှမ်းပြည်နယ်ကြီး ငြိမ်းချမ်းပါစေ၊ မူဆယ်မြို့ကြီး စစ်မက်ကင်းဝေးပါစေ ဆိုတဲ့ ဆုတောင်းသံတွေနဲ့အတူ တေးသီချင်းတွေ သံပြိုင် သီဆိုပြီး ငြိမ်ချမ်းရေး ဆုတောင်းပွဲပြုလုပ်ခဲ့ကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ငြီမ်းချမ်ရေး ဆုတောင်းပွဲမှာ ပါဝင်တဲ့ လူတွေက အများကြီးပဲ။ ရာချီတယ်။ မူဆယ်မှာတော့ အရမ်းစိုးရိမ်စရာဝော့ အခုလောလောဆယ်မရှိဘူးပေါ့။ ဒါပေမယ့် ရှမ်းမြောက် တခုလုံး ငြိမ်းချမ်းချင်တယ်။ စစ် မဖြစ်ချင်ဘူးပေါ့။ ဒါကြောင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲ လုပ်တာပေါ့။” လို့ ပရဟိတ အသင်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။ မူဆယ်မြို့နေ ပြည်သူတွေ ဖြစ်စေချင်၊ လိုလားကြတဲ့…

Read More
VOM News

FREE
VIEW