စစ်ရေးတင်းမာနေတဲ့ ရှမ်း/မြောက်အရေး နစကဥက္ကဌ ဘာပြောလဲ

 

ဩဂုတ် ၅ – ၂၀၂၄
GG (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေက အလင်းကနေ အမှောင်ကိုပြန်ရောက်ပြီး ဒေသခံပြည်သူတွေမှာ တရားမဲ့သတ်ဖြတ်ခံရမှုတွေနဲ့ရှင်သန်နေရတော့မယ့်အခြေအနေဖြစ်နေတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

“အရင်ကဆေးဘုရင်ဝါဒကြီးစိုးခဲ့တဲ့ ဒေသတွေလိုဥပဒေမဲ့အနိုင်ကျင့်ခံရမှု၊တရားမဲ့သတ်ဖြတ်ခံရမှုတွေမှန်ကန်တဲ့စီးပွားလုပ်ငန်းနေရာမှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားလုပ်ငန်းတွေ၊ပြောင်းနဲ့ကြံအစား ဘိန်းစိုက်ပျိုးရမှုတွေလူငယ်တွေဟာလည်း စာအုပ်နဲ့ဘောပင်အစားသေနတ်တွေကိုင်ရင်းနဲ့ရှင်သန်ရတော့မှာဖြစ်ပါတယ်။အလင်းထဲကနေအမှောင်ထဲပြန်ရောက်ရမယ့်အခြေအနေဖြစ်ပါတယ်။ပြည်သူတွေကဒီအခြေအနေပြန်ရောက်ချင်မှာမဟုတ်ဘူးလို့ယုံကြည်တယ်။ရှမ်းပြည်နယ်ကလူမှုစီးပွားဘဝ၊ကလေးသူငယ်တွေရဲ့ ပညာရေး၊လူငယ်လူရွယ်တွေရဲ့ အနာဂတ်တွေဘယ်လိုမှမက်ခွင့်မရှိတော့ပါဘူး။” လို့ ပြောဆိုတာဖြစ်ပါတယ်။

လက်ရှိမှာ တမ်မတော်အနေနဲ့ ရှမ်းမြောက်အခြေအနေနဲ့ပတ်သက်ပြီးလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်ရှိနေရာရဲ့လုံခြုံရေးနဲ့ လာရောက်ခိုလှုံနေတဲ့ပြည်သူတွေရဲ့ဘေးအန္တရာယ်ကင်းရှင်းရေးကိုဦးစားပေးစဥ်းစားပြီးစွန့်ခွာခဲ့ရတာရှိတယ်လို့ဆိုပါတယ်။

ရှမ်းမြောက် တိုက်ပွဲနဲ့ပတ်သက်ပြီး ပြည်ပနိုင်ငံတွေကလည်းခိုင်းစေမှုရှိကြောင်းပြည်တွင်း နဲ့ ပြည်ပနိုင်ငံတွေရဲ့ခိုင်းစေမှုကိုလုပ်နေတာဖြစ်တယ်လို့လည်းပြောပါတယ်။

“ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ လက်ရှိနေရာများ လုံခြုံရေးနဲ့ လာရောက်ခိုလှုံနေသူများရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး ဦးစားပေးပြီး ဆုတ်ခွာခဲ့ရတာများလည်း ရှိပါတယ်။ ဒါကို MNDAA TNLA သောင်းကျန်းသူပူးပေါင်းအဖွဲ့တွေနဲ့ နောက်ကွယ်ကနေအားပေးအားမြှောက်ပြုနေတဲ့ ပြည်တွင်းပြည်ပက လောက်ကောင်တွေနဲ့ ချိတ်ဆက်ပြီး သူတို့ခိုင်းစေတဲ့ နိုင်ငံများရဲ့အလိုကျ မြန်မာပြည်သူလူထု စိတ်မချမ်းမသာဖြစ်အောင် အင်အားလျော့လာအောင် ဝါဒဖြန့်ချိတာတွေလုပ်ဆောင်နေတယ်။” လို့ ပြောပါတယ်။

လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးအရမဖြေရှင်းဘဲ တိုက်ခိုက်မှုနဲ့ ဖြေရှင်းနေမှုတွေကို ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းအနေနဲ့ လုံးဝလက်ခံလို့ မရတာကြောင့် ဘုံရန်သူအဖြစ် သတ်မှတ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသကိုတင် မဟုတ်ဘဲ နိုင်ငံတဝန်းလုံး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိတဲ့အထိ ဆက်လက် ဆောင်ရွက် သွားမယ်လို့လည်းပြောပါတယ်။

လက်ရှိရှမ်းမြောက်မှာ MNDAA ၊ TNLA အဖွဲ့တွေ နဲ့ ဆက်စပ်အဖွဲ့တွေ အသုံးပြုနေတဲ့ Drop Bomb တွေနဲ့ ရှော့တိုက်ဒုံးတွေဟာ ပြင်ပကြေးစားနည်းပညာရှင်တွေနဲ့ ပူးပေါင်းပြီး နည်းပညာအရ အဆင့်မြှင့်တင်ကာ တိုက်ပွဲမှာ ပိုပြီး အသုံးဝင်အောင် ပြုပြင်အသုံးပြု တာ တွေ့ရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒါအပြင် တိုက်ပွဲတွေမှာသုံးဖို့အတွက် တရုတ်-မြန်မာနယ်စပ်မှာ ရှိတဲ့ EAO နယ်မြေအချို့မှာလည်း လက်နက်ခဲယမ်းစက်ရုံတွေ တည်ထောင်ထား ပြီး လက်နက် ခဲယမ်း နဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ထုတ်လုပ်နေတာသိရှိရတယ်လို့ဆိုပါတယ်။

လက်နက်ခဲယမ်းထုတ်လုပ်တဲ့စက်ရုံတည်ဆောက်နိုင်ဖို့ဆိုတာ သာမန်အခြေအနေနဲ့ မဖြစ်နိုင်ဘဲ ငွေကြေးအင်အား၊နည်းပညာအင်အားအများအပြားလိုအပ်တာကြောင့် စက်ရုံလည်ပတ်ဖို့ ငွေကြေးနဲ့နည်းပညာအင်အယးဘယ်တေရာကနေရရှိနေသလဲဆိုတာကိုဆန်းစစ်သွားမယ်လို့လည်းပြောဆိုခဲ့ပါတယ်။

$Voiceofmyanmar #vom #နစက #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #ရှမ်းမြောက်

Related posts

Leave a Comment

VOM News

FREE
VIEW