လက်နက်ကြီးကြောင့် တပတ်အတွင်း အရပ်သား ၅၀ ဝန်းကျင် သေဆုံးပြီး ၇၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ သိရ

  ဩဂုတ် ၆ – ၂၀၂၄ SN (VOM) ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း လက်နက်ကြီး ကျရောက်မှုကြောင့် အရပ်သား ၅၀ ခန့်သေဆုံးပြီး ၇၀ နီးပါး ဒဏ်ရာ ရရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က အသိပေး ထုတ်ပြန်ထားပါတယ်။ ဇူလိုင် ၂၂ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ လေကြောင်းကနေ လက်နက်ကြီး ကျရောက်မှုတွေ ရှိခဲ့တဲ့အပြင် မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းတလျှောက်က ကျေးရွာတွေကိုလည်း စစ်ရေယာဉ်တွေကနေ အမြှောက်တွေနဲ့ တိုက်ခိုက်ခဲ့သလို မြေမြုပ်မိုင်းကြောင့် သေဆုံးတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေထဲမှာ အနီးစပ်ဆုံး ဖြစ်စဉ်တခုကတော့ မန္တလေးမြို့မြောက်ဘက် မိုင် ၂၀ ကျော်အကွာရှိ မတ္တရာမြို့နယ်…

Read More

This Day in History

  Voice of Myanmar အမေရိကန်သည် ဂျပန်နို်ငငံ ဟီရိုရှီးမားမြို့ကို ၁၉၄၅ ခုနှစ် ဩဂုတ် ၆ ရက်တွင် အဏုမြူဗုံးကြဲချခဲ့ပြီး လူပေါင်း ခုနှစ်သောင်းကျော် သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ အကြီးအကျယ်ဖြစ်ပွားခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #August6

Read More

ကာလိမြို့က လားရှိုး စစ်ရှောင် ၅၀၀ ကျော် အခင်း၊ စောင်၊ ခြင်ထောင် တွေ အရေးပေါ် လိုအပ်နေ

  ဩဂုတ် ၆၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိ မြို့နယ်ခွဲက လားရှိုး စစ်ရှောင် ၅၀၀ ကျော် လက်ရှိ အခင်း၊ စောင်၊ ခြင်ထောင် တွေ အရေးပေါ် လိုအပ်နေကြောင်း ‌‌ေဒသခံတွေ ဆီက သိရပါတယ်။ “အရေးပေါ်ဆိုလို့ ရှိရင်တာ့ ခြင်ထောင် လိုမှာပေါ့ နော်။ သက်ကြီး ရွယ်အို တွေ ဆိုလို့ ရှိရင် အိပ် ယာခင်း နည်းနည်း ထူတာ လိုမယ်။ ဘာဖြစ်လို့ လဲ ဆိုတာ့ ကွန်ကရစ်အခင်းမှာ အိပ်နေရလို့လေ။ အခင်းပါးပဲ ခင်းပြီး အိပ်နေရတာ။” လို့ စစ်ရှောင်စခန်း သွားရောက်ခဲ့တဲ့ ဒေသခံ တယောက်က ပြောပါတယ်။ စစ်ရှောင် လူဦးရေ ၅၀၀ ကျော် ရှိပြီး…

Read More

ယနေ့ ရွှေဈေး (ဩဂုတ် – ၆ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၁၁ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၆၃၇၈၁၃ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၇၈၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၅၈၀၀၀၀ ကျပ် ဝယ်ဈေး ၆၅၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဩဂုတ် – ၆ ရက်)

Voice of Myanmar -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၃၈၀ ကျပ် ဝယ်ဈေး – ၅၂၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၃၉၅၀ ကျပ် ဝယ်ဈေး – ၃၈၂၀ ကျပ် -ယူရို ရောင်းဈေး – ၅၇၉၀ ကျပ် ဝယ်ဈေး – ၅၅၄၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၄၉.၂၅ ကျပ် ဝယ်ဈေး – ၁၄၂.၈၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၁၈၃ ကျပ် ဝယ်ဈေး – ၁၁၃၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၇၃၉ ကျပ်…

Read More

အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်း ဒုံးကျည်နဲ့ တိုက်ခိုက်ခံရလို့ တပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရ

  ဘဂ္ဂဒက်၊ ဩဂုတ်-၆-၂၀၂၄ မျိုးဆက်(VOM) အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတခုကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ ဟားမတ်စ်နဲ့ ဟဇ်ဘိုလာ ထိပ်တန်းခေါင်းဆောင်တွေ မကြာသေးမီက လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အရှေ့အလယ်ပိုင်းဒေသဟာ အကဲဆတ်လာတဲ့ အခိုက်အတန့်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က သတိပေးပြီးနောက် တိုက်ခိုက်မှုဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အီရတ်နိုင်ငံ အနောက်ပိုင်းရှိ အယ်လ်အာဆက် လေတပ်စခန်း တို်ကခိုက်ခံခဲ့ရပြီး ပျက်စီးမှုတွေကို အကဲဖြတ်နေဆဲဖြစ်တယ်လို့ အမေရိကန်စစ်တပ်တာဝန်ရှိသူတွေက စီဘီအက်စ်သတင်းဌာနကို ပြောပါတယ်။ တိုက်ခိုက်မှုကို ဘယ်အဖွဲ့က ပြုလုပ်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်နှစ်စင်းဟာ ကေတီယူရှား အမျိုးအစားများဖြစ်ပြီး အခြေစိုက်စခန်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ အမေရိကန်နဲ့ ဒေသတွင်းမဟာမိတ်တွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ စစ်သွေးကြွတွေကို ကိုယ့်ကိုကိုယ်ခုခံကာကွယ်မှုအရ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အီရတ်မှာ စစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားထားပါတယ်။ Ref:BBC Photo:Reuters #Voiceofmyanmar…

Read More

ဆိုးရွားလာတဲ့ မြန်မာ့ကုန်သွယ်ရေး အကျပ်အတည်း

  ဩဂုတ်-၆-၂၀၂၄ SS (VOM) နိုင်ငံရေး အပြောင်းအလဲဖြစ်မှု နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံမှာ ကုန်သွယ်မှုကျဆင်းတာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်သွားတာနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် အခု ၂၀၂၄ ခုနှစ်မှာလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးက အဆိုးဘက်ကို ဆက်လက် ဦးတည်နေဦးမယ်လို့ ပညာရှင်တွေက ခန့်မှန်း သုံးသပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု ပို့ကုန်တွေကတော့ လယ်ယာထွက်ကုန်ပစ္စည်း၊ သစ်တောထွက်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်း၊ ရေထွက်၊ တွင်းထွက်နဲ့ တခြားပစ္စည်းတွေ ပါဝင်တယ်လို့ သိရပါတယ်။ အဲဒီအထဲ CMP လို့ခေါ်တဲ့ စက်မှုကုန်ချောပစ္စည်း ပို့ကုန်က ရတဲ့ဝင်ငွေက အများဆုံးဖြစ်ပါတယ်။ လက်ရှိကာလမှာ မရေရာမှု၊ ပဋိပက္ခနဲ့ အထွေထွေ စီးပွား ကျဆင်းမှုတွေ ရှိနေတာကြောင့် ပုဂ္ဂလိကနဲ့ စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှုသစ် နည်းပါးလာပါတယ်။ ဒါကြောင့် နစကရဲ့ ကုန်သွယ်ရေး ပိုငွေပြဖို့ အားထုတ်မှုဟာ ဆိုးကျိုးဖြစ်စေပြီး နိုင်ငံစီးပွား…

Read More

ဝန်ကြီးချုပ် ထွက်ပြေးပြီးနောက် ဘင်္ဂလာဒေ့ရှ်ကို စစ်တပ်က ထိန်းချုပ်ထားပြီး ကြားဖြတ်အစိုးရဖွဲ့မယ် အာမခံ

  ‘ဒါကာ၊ ဩဂုတ်-၆-၂၀၂၄ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆန္ဒပြပွဲတွေ ပြင်းထန်လာပြီးနောက် နိုင်ငံကို ကာလရှည်ကြာအုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးကနေထွက်ကာ နိုင်ငံကိုနေ ထွက်ပြေးသွားပြီးနောက် နိုင်ငံကို စစ်တပ်က ထိန်းချုပ်ထားပြီး ကြားဖြတ်အစိုးရ ဖွဲ့ပေးမယ်လို့ စစ်တပ်အကြီးအကဲက အာမခံလိုက်ပါတယ်။ “ တိုင်းပြည်က အများကြီးဒုက္ခအများကြီးရောက်နေတယ်။ စီးပွားရေးလည်းကျဆင်းနေတယ်။ လူအတော်များများ သေကုန်ကြပြီ။ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ အချိန်ရောက်ပြီ” လို့ ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Waker-Uz-Zaman က ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောပါတယ်။ ပြီးခဲ့တဲ့လကစတင်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဖြိုခွင်းဖို့ ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားများစွာ အသုံးပြုတာကြောင့် လူသုံးရာနီးပါး သေဆုံးခဲ့ပေမယ့် ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ်နန်းတော်ကို မနေ့က ဝင်ရောက်စီးနှင်းပြီးနောက် ရှိတ်ဟာစီနာဟာ ရာထူးကနေထွက်ပြီး ပြည်ပထွက်ပြေးခဲ့ပါတယ်။ ကြားဖြတ်အစိုးရဖွဲ့မယ်ဆိုတဲ့ စစ်တပ်အကြီးအကဲရဲ့ ကြေညာချက်အပြီးမှာတော့ ဘင်္ဂလားဒေ့ရှ်ပြည်သူ…

Read More

မိုးကုတ်ကို ဝင်ထွက်ခွင့်ရနေပေမယ့် စားသောက်ကုန်၊ဆေးဝါးနဲ့စက်သုံးဆီ တရားဝင် သယ်ခွင့်မပြု

  ဩဂုတ် ၆ – ၂၀၂၄ GG (VOM) မိုးကုတ်ကို ပြင်ဦးလွင် လမ်းကနေ သွားလာခွင့်ရနေပေမယ့် စားသောက်ကုန်နဲ့ဆေးဝါးတွေကလည်း တရားဝင်သယ်ခွင့်ပြုထားခြင်းမရှိသလို စက်သုံးဆီလည်းသယ်ယူခွင့်မပြုလို့ သိရပါတယ်။ ဆန်ဆီအပါအဝင် စားသောက်ကုန်တွေကိုတရားဝင် သယ်ယူခွင့်မပြုထားပေမယ့် ရံဖန်ရံခါမှသာ တနိုင်တပိုင်အနည်းငယ်သယ်ယူခွင့်ပေးပြီး များရင်တော့ လုံးဝသယ်ယူခွင့်မပြုဘဲတားမြစ်ထားတာဖြစ်တယ်လို့သိရပါတယ်။ ” ခုကဘယ်လိုဖြစ်နေလည်းဆိုတော့ တရားဝင်ပုံသေ ဘာမှမှတ်မရဘူး။ဒီနေ့နည်းနည်းသယ်ခွင့်ပေးပေမယ့်နောက်ရက်ကျသယ်ခွင့်ပေးချင်မှပေးတာမျိုး။ပစ္စည်းများရင်တော့ လုံးလုံးပေးမဖြတ်ဘူး။ကားပြန်လှည့်မလားပစ္စည်းတွေထားခဲ့မလားပြောပါတယ်။ကား ငါးစီးချင်းအတူတူသွားရင်တောင် အဲဒီကားအကုန်လုံးတပြိုင်ထဲသွားခွင့်ပေးချင်မှ ပေးတာမျိုးပါ။ဆေးဝါးနည်းနည်းပါရင်ရတယ်။ဒါလည်းပုံသေမရှိဘူး။” လို့ မိုးကုတ် – ရန်ကုန်ကို ပြေးဆွဲပေးနေတဲ့ ကားသမားတယောက်ကပြောပါတယ်။ မန္တလေးကနေ ပြင်ဦးလွင်ကိုသွားရောက်ပြီး ပြင်ဦးလွင်အထွက်မှာသာ နစက လုံခြုံရေးစစ်ဆေးရေးဂိတ်ရှိပြီး အဲဒီဂိတ်တာဝန်ကျ တပ်ဖွဲ့ဝင်တွေက မိုးကုတ်တက်မယ့်ကားတွေကိုစစ်ဆေးခြင်းဖြစ်တယ်လို့သိရပါတယ်။ လတ်တလောမှာတော့ မန္တလေး-ပြင်ဦးလွင် -မိုးကုတ် လမ်းကသွားလာလို့ရနေပေမယ့်လည်း တရားဝင်ခွင့်ပြုပေးတာမျိုးမဟုတ်လို့ လုံခြုံရေးအရအာမခံချက်မရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ အရဲစွန့်ပြီးသွားလာနေကြရတာဖြစ်တယ်လို့သိရပါတယ်။ ” ဘယ်လိုပြောရမလဲ ခုတော့သွားရနေတယ်။ပိတ်ချင်ရင်ပိတ်လိုက်တာမျိုးဆိုတော့ အာမခံချက်တော့မရှိဘူး။ဘာဖြစ်မလဲဆိုတာလည်းဘယ်သူမှမသိဘူး။ဒီလိုပဲသွားနေရတာ။ဒါကြောင့်လည်းကားခတွေကမြင့်နေတဲ့သဘောရှိတယ်။လမ်းတွေကလည်းတောလမ်းကနေသွားရတော့ထွန်စက်နဲ့ဆွဲရတာမျိုးရှိတယ်။ ” လို့ဒေ သခံတယောက်ကပြောပါတယ်။ လက်ရှိမိုးကုတ်မြို့မှာတော့…

Read More

ရန်ကုန်နဲ့ နေပြည်တော်မှာ MNDAA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်

  ဩဂုတ် ၆ – ၂၀၂၄ SS (VOM) ရန်ကုန်နဲ့ နေပြည်တော်မှာ ဒီကနေ့ ဩဂုတ် ၆ ရက်၊ မနက်ပိုင်းက ကိုးကန့်တပ်ဖွဲ့ (MNDAA) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီ ကန့်ကွက်ရှုတ်ချပွဲတွေကို ရန်ကုန်မြို့က မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ မနက် ၉ နာရီမှာလည်းကောင်း၊ နေပြည်တော်က မြို့တော်ခန်းမရှေ့မှာ မနက် ၁၀ နာရီမှာလည်းကောင်း ပြုလုပ်ခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုး ကုတင် (၁၀ဝ) ဆေးရုံကို ကိုးကန့်တပ်ဖွဲ့ (MNDAA) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အကြမ်းဖက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ “လူတွေကတော့ အများကြီးပဲ တွေ့ခဲ့ရတယ်။ လုံခြုံရေးတွေလည်း အဲဒီနားတဝိုက်မှာ အများကြီးပဲ။ လမ်းတွေလည်း ပိတ်ထားတယ်။ ကားတွေ…

Read More
VOM News

FREE
VIEW