မိတ္ထီလာမြို့နယ်မှာ မိသားစုလိုက်ရေနစ်ပြီးံ ၇ လအရွယ် ကလေးငယ်အပါအဝင် လေးယောက်သေဆုံး

 

ဩဂုတ် ၁၀ – ၂၀၂၄
GG (VOM)

မန္တလေးတိုင်း၊ မိတ္တီလာမြို့ နယ်၊ ရှမ်းမငယ်ဂွေ့အိုင်မြောက်ဘက်ရှိ မြေခြားကျေးရွာမှာ မိသားစုလိုက်ရေနစ်ပြီး လေးယောက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့မနက် ၈ နာရီခွဲလောက်မှာ အမေဖြစ်သူနဲ့သားသမီးသုံးယောက်ဟာ မြေခြားရွာရှိ သဲကျင်းရေအိုင်မှာ အဝတ်လျှော်ရာကနေ ရေနစ်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

” သူတို့ကရေချိုးအဝတ်လျှော်ရင်း ကလေးတွေရေနစ်တော့အမေဖြစ်သူက လိုက်ကယ်ရင်း ရေနစ်သေဆုံးတာလို့ပြောတယ်။ ကလေးတွေအလောင်းကတွေ့ပြီ။ အမေဖြစ်သူကတော့ရှာတုန်းပဲ။သေတဲ့ကလေးထဲမှာအသက် ၇ လကလေးတောင်ပါတယ်။” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မေတ္တာပါရမီအသင်းကတာဝန်ရှိသူတယောက်ကပြောပါတယ်။

ရေနစ်သေဆုံးတဲ့ သားသမီးသုံးယောက်ကတော့ အသက် ၄ နှစ်အရွယ် သမီးဖြစ်သူ မဝိုင်းပြည့်စုံ၊ အသက် ၂ နှစ်အရွယ်မောင်ကောင်းထက်ဇော်နဲ့အသက် ၇ လအရွယ် မဆောင်းဟေမာန်တို့ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ သေဆုံးကလေးသုံးယောက်ရဲ့ရုပ်အလောင်းကို မေတ္တာပါရမီလူမှုကူညီရေးအသင်းကားနဲ့မိတ္တီလာပြည်သူဆေးရုံကြီးကို ပို့ဆောင်ထားပြီး သက်ဆိုင်ရာနယ်မြေတာဝန်ခံ ရှမ်းမငယ်နယ်မြေရဲစခန်းမှသေမှုသေခင်းရေး ဖွင့်စုံစမ်းစစ်ဆေးဆောင်ရွက်နေတယ်လို့သိရပါတယ်။

#Voiceofmyanmar #vom #မိထ္ထီလာ #မိသားစုလိုက်ရေနစ် #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW