ဂါဇာစစ်ပွဲ အပစ်ရပ်ရေးဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံးပြန်

  ဝါရှင်တန်၊ ဩဂုတ်-၁၇-၂၀၂၄ မျိုးဆက်(VOM) ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ကာတာမှာနောက်ဆုံးပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ အောင်မြင်မှုမရှိဘဲ ပြီးဆုံးသွားပါတယ်။ သဘောတူညီချက်မရဘဲ ဆွေးနွေးပွဲပြီးဆုံးခဲ့ပေမယ့် အစ္စရေးနဲ့ ဟားမတ်စ်နှစ်ဘက်စလုံးကို အဆိုပြုချက်တခု တင်ပြခဲ့ပြီး ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အမေရိကန်၊ ကာတာနဲ့ အီဂျစ် စေ့စပ်ညှိနှိုင်းရေးမှူးတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်ခဲ့တဲ့ ဆွေးနွေးပွဲတွေအတွင်း စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ အစ္စရေးဘက်က ကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့ပေမယ့် ဟားမတ်စ်အဖွဲ့ဘက်ကတော့ တက်ရောက်မှုမရှိပါဘူး။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကတော့ အပစ်ရပ်ရေးသဘောတူညီချက်အတွက် အားထုတ်မှုတွေ မပျက်ပြားစေဖို့ အစ္စရေးနဲ့ ဟာမတ်စ်တို့ကို သတိပေးထားပါတယ်။ သဘောတူညီချက်ရရှိရေး အရှိန်မြှင့်ဖို့ နို်ငငံခြားရေးဝန်ကြီး ဘလင်ကင်ကို အစ္စရေး စေလွှတ်မယ်လို့ ဆိုပါတယ်။ နောက်ဆုံးစေ့စပ်ညှိနှိုင်းမှုတွေအပြီးမှာ အပစ်အခတ်ရပ်စဲရေးဟာ ယခင်ကထက် ပိုမိုနီးကပ်လာပြီလို့ သမ္မတဂျိုးဘိုင်ဒင်က ပြောဆိုထားပြီး ဟားမတ်စ်တို့ကတော့ ဒီကိစ္စအပေါ် သံသယရှိတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ လက်ရှိမှာတော့ အစ္စရေးဂါဇာမှာ ထိုးစစ်ဆင်မှုတွေကို…

Read More

ကျိန္တလီမှာ လက်နက်ကြီးကြောင့် ကလေးငယ်တွေအပါအဝင် သေဆုံး ဒဏ်ရာရသူတွေရှိ

  ဩဂုတ် ၁၇ – ၂၀၂၄ SS (VOM) ရခိုင်ပြည်နယ် (တောင်ပိုင်း) အစွန်ဆုံး ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲအတွင်း မနေ့ ဩဂုတ် ၁၆ ရက်၊ နေ့လယ်ပိုင်းက လက်နက်ကြီးကြောင့် ကလေးငယ်တွေအပါအဝင် လူသေဆုံး ဒဏ်ရာရမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ နေ့လယ် ၁ နာရီဝန်းကျင်က ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ခရစ်ယာန် ဘာသာရေးကျောင်းပေါ်ကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး အသက် ၁၂ နှစ်အရွယ် မိန်းကလေး တယောက်၊ ၁၅ နှစ်အရွယ် ယောက်ျားလေး တယောက်၊ အမျိုးသမီး ခြောက်ယောက်နဲ့ အမျိုးသား သုံးယောက်တို့ သေဆုံးခဲ့ကာ ၁၁ ယောက်ဝန်းကျင် ပြင်းထန် ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။ “ထိခိုက် သေဆုံးသူတွေထဲမှာ ဓမ္မဆရာတွေအပြင် ဘုရားကျောင်းမှာ…

Read More
VOM News

FREE
VIEW