မြင်းခြံဓာတ်အားပေးစက်ရုံ ပြန်လည် လည်ပတ်‌နေပြီလို့ စင်ကာပူအခြေစိုက် ကုမ္ပဏီပြော

ဩဂုတ် ၂၄ – ၂၀၂၄SN (VOM)တိုက်ပွဲတွေကြောင့် ရပ်ဆိုင်းခဲ့ရတဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့က ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ ပြန်လည် လည်ပတ်နေပြီလို့ စင်ကာပူအခြေစိုက် Sembcorp Industries (Sembcorp) က မနေ့ ဩဂုတ် ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။Sembcorp Industries ကုမ္ပဏီအနေနဲ့ မြင်းခြံမြို့အတွင်းက တိုက်ပွဲ အခြေအနေတွေကြောင့် သူတို့ရဲ့ ဓာတ်အား ပေးစက်ရုံကို ယာယီ ရပ်ဆိုင်းလိုက်တယ်လို့ ဩဂုတ် ၁၂ ရက်မှာ အသိပေး ကြေညာခဲ့တာ ဖြစ်ပါတယ်။ကုမ္ပဏီက “စက်ရုံအနီးဝန်းကျင်တဝိုက်မှာ ပဋိပက္ခအခြေအနေတွေ လျော့ပါးသွားပြီး ကုမ္ပဏီဝန်ထမ်းတွေအတွက် အန္တရာယ်မရှိတော့တာကြောင့် စက်ရုံ ပြန်လည်ပတ်တာဖြစ်ပါတယ်။ စက်ရုံမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ပြန်လာဖို့ ဘေးကင်းမှု ရှိ၊ မရှိ ဆိုတာကိုလည်း အကဲဖြတ်သွားမှာ ဖြစ်ပါတယ်” လို့ အသိပေး…

Read More

ယူကရိန်းအရေး စစ်မြေပြင်မှာ ဖြေရှင်းမရကြောင်း ပူတင်ကို အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပြောကြားခဲ့

ကိဗ်ယက်၊ ဩဂုတ်-၂၄-၂၀၂၄မျိုးဆက်(VOM)ယူကရိန်းအရေးနဲ့ပတ်သက်ပြီး စစ်မြေပြင်မှာ ဖြေရှင်းလို့မရကြောင်း ရုရှားသမ္မတ ပူတင်ကို ပြောခဲ့တယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ထုတ်ဖော်ပြောဆိုပါတယ်။ဝန်ကြီးချုပ်မိုဒီဟာ ပြီးခဲ့တဲ့နေ့က ယူကရိန်းကို ရောက်ရှိနေပြီး ယူကရိန်းငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ပုဂ္ဂိုဟ်ရေးကဏ္ဍကနေ ပါဝင်ပေးဖို့ အဆင့်သင့်ရှိတယ်လို့ သမ္မတဇီလန်စကီးနဲ့ တွေ့ဆုံရာမှာ မိုဒီက ပြောပါတယ်။“ ပြသနာတွေပြေလည်ဖို့ နှစ်ဘက်စလုံးက တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းမှာ အတူထိုင်ပြီး ရုန်းထွက်နိုင်မယ့်နည်းလမ်းတွေကို ရှာဖွေရလိမ့်မယ်လို့ ” အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။မကြာသေးမီကာလက ကိဗ်ယက်ရှိ ကလေးဆေးရုံကို ရုရှားက လေကြောင်းတိုက်ခိုက်မှုကြောင့် လူအများအပြား သေဆုံးခဲ့နေမှာပဲ မိုဒီဟာ ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံခဲ့ပြီး ယူကရိန်းသမ္မတကိုလည်း ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာ အကြီးအကျယ်စိတ်ပျက်ဖွယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက အဲဒီအချိန်က ဝေဖန်ပြောဆိုခဲ့ပါတယ်။ လက်ရှိသူတို့နှစ်ယောက်တွေ့ဆုံမှုမှာတော့ ယူကရိန်းသမ္မတဟာ မျက်မှောင်ကြုတ်နေပုံရပြီး အရယ်အပြုံးခပ်နည်းနည်းသာဖြစ်တယ်လို့ သတင်းဌာနတွေဖော်ပြထားပါတယ်။Ref:BBCPhoto:Reuters

Read More

ကုန်စည်တွေကို လေကြောင်းလိုင်းကသာ တင်သွင်းနေရလို့ ပူတာအိုမှကုန်ဈေးနှုန်း ဆက်လက် မြင့်တက်

ဩဂုတ် ၂၄ – ၂၀၂၄ SS (VOM) ကချင်ပြည်နယ်၊ ပူတာအိုမြို့အတွက် အခြေခံစားသောက်ကုန်တွေကို လက်ရှိမှာ လေကြောင်းလိုင်းတခုတည်းကသာ တင်သွင်းနေရတာကြောင့် ကုန်ဈေးနှန်းတွေ ဆက်လက် မြင့်တက်လျက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လလကုန်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ကြီးနား – ပူတာအိုလမ်းပိုင်း နေရာတချို့ မြေပြိုခြင်း၊ တံတားပျက်စီးခြင်းနဲ့ လမ်းပြိုကျခြင်းတွေ ဖြစ်ပေါ်နေတဲ့အတွက် အခြေခံ စားသောက်ကုန်တွေကို လေကြောင်းလိုင်း တခုတည်းကသာ သယ်ယူနေရတာဖြစ်တယ်လို့ သိရပါတယ်။ “ကားလမ်းတွေက အခုထိ ပြင်နေတုန်းဆိုတော့ လေကြောင်းကနေပဲ ကုန်တွေသယ်နေရတာ။ လေယာဉ်နဲ့ဆိုတော့ ကုန်ပစ္စည်းတွေက လိုသလောက်အကုန် တင်လို့မရဘူး။ အဲဒီတော့ ဒီကရှိသမျှ ပစ္စည်းတွေအကုန် ဈေးတက်နေတာ။ ဈေးတွေက အဆမတန်ဖြစ်နေတော့ ဝယ်စားနိုင်တဲ့သူက မရှိသလောက်ဘဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။ လက်ရှိ ပူတာအိုမြို့ပေါ်မှာ အသင့်စား ခေါက်ဆွဲခြောက်…

Read More

ထိုင်းနိုင်ငံ ဖူးခက်မြေပြိုမှု မြန်မာကိုးယောက်အပါအဝင် လူတဒါဇင် သေဆုံး

ဘန်ကောက်၊ ဩဂုတ်-၂၀၂၄ မျိုးဆက်(VOM) ထိုင်းနိုင်ငံ ဖူးခက်မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် မြန်မာနိုင်ငံသား ကိုးယောက်အပါအဝင် လူတဒါဇင်ကျော် သေဆုံးခဲ့ပြီး နေအိမ် ၅၀ ကျော် ပျက်ဆီးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မနေ့ကမနက်အစောပိုင်း ၁ နာရီလောက်ကစပြီး ဖူးခက်ကျွန်းနေရာအနှံ့အပြားမှာ မိုးသည်းထန်းစွာရွာသွန်းခဲ့ပြီး ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ကာ မြေပြိုမှုကြောင့် သေဆုံးသူတွေထဲမှာတော့ မြန်မာနိုင်ငံသားကိုးယောက် ပါဝင်ပြီး ရုရှားစုံတွဲတတွဲလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ကရွန်ဒေသမှာရှိတဲ့ ဆွိုင်ပါတက်၂ အရပ်ဒေသမှာ ဖြစ်ပွားခဲ့ ကြီးမားတဲ့ မြေပြိုမှုအတွင်း နေအိမ်တလုံးနဲ့ အလုပ်သမားတွေနေထိုင်တဲ့ တန်းလျားတခုနဲ့ ပိုင်ဆိုင်မှုတွေ မြေအောက်နစ်မြုပ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အခင်းဖြစ်ရာနေရာက အိမ်ထောင်စုငါးစု လူ ၂၅ ယောက်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားရပြီး ရွှံ့တွေအောက်မှာ လူတွေပိတ်မိနေတယ်လို့ ယူဆရတဲ့နေရာလေးခုမှာ ကယ်ဆယ်ရေးသမားတွေက ရှာဖွေရေးတွေ လုပ်ဆောင်နေပါတယ်။ ရေကြီးရေလျှံနဲ့ မြေပြိုမှုတွေအဆိုးရွားခံခဲ့ရတဲ့ မိုင်းခရိုင်ရှိ ချာလောင်းနဲ့ကရွန်တို့မှာတော့…

Read More

ဒူဘိုင်းနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေဆီ PV နဲ့ သွားမယ့်သူအများစု လေဆိပ်ကနေ လှည့်ပြန်နေရ

ဩဂုတ် ၂၄ – ၂၀၂၄ SN (VOM) ဒူဘိုင်းနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) နဲ့ သွားရောက်မယ့် လူငယ် အမျိုးသား၊ အမျိုးသမီးတွေ လေယာဉ်ပေါ် တက်ခွင့်မရဘဲ ရန်ကုန်လေဆိပ်မှ လှည့်ပြန်နေရတယ်လို့ ပြည်ပသွားမယ့်သူတွေဆီက သိရပါတယ်။ မြန်မာနိုင်ငံမှ နိုင်ငံကူးလက်မှတ် PV ကိုင်ဆောင်ပြီး အလုပ်အကိုင်ဗီဇာနဲ့ ပြည်ပထွက်ခွာမှုတွေကို လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေမှာ စိစစ် တားမြစ်သွားမှာဖြစ်တယ်လို့ နစက က ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ တရားဝင် ကြေညာခဲ့ပြီးတဲ့နောက် ဒူဘိုင်းနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေဆီ သွားရောက်မယ့်သူတွေကို လေဆိပ်မှာ တားဆီးမှုတွေ များပြားနေတာဖြစ်တယ်လို့ သိရပါတယ်။ “လေဆိပ်မှာ အမေးခံရတဲ့ မေးခွန်းတွေက ဘယ်သွားမှာလဲ၊ ဘာသွားလုပ်မှာလဲ၊ အပြန်လက်မှတ်၊ Hotel booking နဲ့ Show money ပြခိုင်းတယ်။…

Read More

သီပေါမှာ လက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှု တလအတွင်း ၂၀ ဝန်းကျင်ရှိလာပြီး ၅၀ ကျော်ဒဏ်ရာရ

ဩဂုတ် ၂၄၊ ၂၀၂၄ Shy V (VOM) သီပေါမှာ ပစ်ခတ်သံတွေ ကြားနေရဆဲဖြစ်ပြီး ဩဂုတ် ၂၄ ရက် ဒီနေ့မနက်ပိုင်းမှာ ဘုရားကြီးကုန်းဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျလို့ တယောက်သေပြီး နှစ်ယောက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ “သီပေါမှာ ဒီမနက် ၉ နာရီလောက်က ဘုရားကြီးကုန်းဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး ရပ်ကွက်ထဲ ကျလာလို့ အရပ်သား တယောက် ခေါင်းပွင့်ပြီး သေသွားတယ်။ နှစ်ယောက် ဒဏ်ရာရတာ ပရဟိတ တွေ ဆေးရုံခေါ်သွားပြီ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ အခု သြဂုတ်လ ၉ ရက်နေ့ ကနေ ဒီနေ့ ဩဂုတ်လ ၂၄ ရက်နေ့ အထိ အရပ်သား လက်နက်ကြီးထိပြီး သေဆုံးတာ အယောက် ၂၀ ရှိပြီး ထိခိုက် ဒဏ်ရာရသူ အရပ်သား…

Read More

ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ လာမယ့်ရက်ပိုင်းအတွင်း မိုးကြီးရေလျှံနိုင်

သြဂုတ်၂၄ ၊ ၂၀၂၄Ms(VOM)ဘင်္ဂလားပင်လယ်အော် မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်သြဂုတ် ၂၂ရက်ကနေ ၃၁ ရက်အတွင်း ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာလာမယ့် ၈ရက်ကနေ ၁၀ရက်အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။မိုလေဝသနဲ့ ဇလဗေဒဦးစီး ဌာနရဲ့ တိုင်းထွာချက်တွေအရ သြဂုတ်လ ၂၁ရက် မှ ၃၁ရက်အထိ ယခုလ တတိယ၁၀ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တခု ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။ဒါကြောင့် မိုးရွာသွန်းမှု အခြေအနေတွေအနေနဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် ၈ ရက်မှ ၁၀ ရက်ခန့် ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့တွင် ၅ ရက်မှ ၇…

Read More

ရုရှား အကျဉ်းထောင်ဆူပူမှု အထူးတပ်ဖွဲ့ စီးနှင်းထိန်းချုပ်ခဲ့ရပြီး ဓါးစာခံလေးယောက်သေ

မော်စကို၊ ဩဂုတ်-၂၄-၂၀၂၄ မျိုးဆက်(VOM) ရုရှားရှိ ဝေးလံခေါင်သီတဲ့ ကိုလိုနီအကျဉ်းထောင်တခုမှာ အကျဉ်းသားအများအပြားက ဆူပူပုန်ကန်မှုတွေပြုလုပ်ပြီး ဓါးစာခံတွေကို ဖမ်းဆီးခဲ့ပြီးနောက် ထောင်ဝန်ထမ်း လေးယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အိုင်အက်စ်စစ်သွေးကြွလို့ သတ်မှတ်ခံထားရတဲ့ ဓါးကိုင်အကျဉ်းသားတွေဟာ အနောက်တောင်ပိုင်း ဗိုလ်ဂိုဂါ့ဒ်ဒေသရှိ အိုင်အေ-၁၉ ဆူရိုဗစ်ကီနို အကျဉ်ထောင်အတွင်းမှာ ဆူပူအုံကြွမှုကြောင့် ရုရှားအထူးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းပြီး ထိန်းချုပ်ခဲ့ရပါတယ်။ ဖြစ်စဉ်အတွင်း ဓါးစာခံအချို့ လွတ်မြောက်စေခဲ့ပြီး အကျဉ်းထောင်ဝန်ထမ်းလေးယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကယ်ဆယ်ရေးစစ်ဆင်ရေးအတွင်း တိုက်ခိုက်သူလေးယောက်ကိုလည်း စနိုက်ပါဖြင့် ပစ်ခတ်ခဲ့သုတ်သင်ခဲ့ပါတယ်။ တိုက်ခိုက်သူတွေဟာ အကျဉ်းထောင်ဝန်ထမ်းများကို ဓါးကိုင်တိုက်ခိုက်မှုကြောင့် ဝန်ထမ်းအများအပြား ဒဏ်ရာရရှိသွားကြောင်း ၊ တိုက်ခိုက်သူတွေဟာ ထောင်ဝန်ထမ်းရှစ်ယောက်နဲ့အကျဉ်းသားလေးယောက်ကို ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အကျဉ်းထောင် ညွှန်ကြားရေးမှူးနဲ့ လက်ထောက်ညွှန်ကြားရေးမှူးတို့ ပါဝင်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ တိုက်ခိုက်ရေးသမားတွေဟာ အကျဉ်းထောင်တခုလုံးကိုတော့ ထိန်းချုပ်နိုင်ခြင်းမရှိဘူးလို့ ရုရှားတာဝန်ရှိသူတွေက…

Read More

This Day in History

Voice of Myanmar ပြင်သစ်နိုင်ငံသည် ၎င်း၏ပထမဆုံးသော ဟိုက်ဒရိုဂျင်ဗုံးကို ပြင်သစ်ပိုလီနီးရှားဒေသ၌ ၁၉၆၈ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် ပြုလုပ်ခဲ့ပြီး အမေရိကန်၊ ဆိုဗီယက်ယူနီယံ၊ ဗြိတိန်နှင့် တရုတ်တို့ပြီးလျှင် ကမ္ဘာ့ပဉ္စမမြောက် နျူကလီးယား အင်အားကြီးနိုင်ငံဖြစ်လာခဲ့သည်။

Read More

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးရဲ့ တရုတ်ခရီးစဉ် မြန်မာ့အရေး ဆွေးနွေးဖို့ရှိ

ဝါရှင်တန်၊ ဩဂုတ်-၂၄-၂၀၂၄မျိုးဆက်(VOM)အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်သည် လာမယ့်သီတင်းပတ်မှာ တရုတ်နိုင်ငံကို သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ တွေ့ဆုံဆွေးနွေးရာမှာ မြန်မာ့အရေးလည်း ပါဝင်မယ်လို့ အိမ်ဖြူတော်တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်ရဲ့ တရုတ်ခရီးစဉ်ဟာ နိုဝင်ဘာ ၅ ရက်မှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင် ထွက်ပေါ်လာတာဖြစ်ပါတယ်။ဩဂုတ် ၂၇ ရက်ကနေ ၂၉ ရက်ထိ ဒီခရီးစဉ်အတွင်း အမေရိကန်-တရုတ် စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲတွေ ကျင်းပရေး၊ ထိုင်းဝမ်အရေးနဲ့ မြန်မာ့အရေးတို့ကို ဆွေးနွေးသွားဖို့ရှိတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ဆိုပါတယ်။ပေကျင်းမှာပြုလုပ်မယ့်ဆွေးနွေးပွဲမှာတော့ ရုရှားစစ်တပ်ကို တရုတ်နိုင်ငံက ကူညီထောက်ပံ့နေမှုတွေ၊ တောင်တရုတ်ပင်လယ်အရေး၊ အရှေ့အလယ်ပိုင်းအရေးနဲ့ ဉာဏ်ရည်တုနည်းပညာနဲ့ ပတ်သက်တာတွေလည်း ပါဝင်မယ်လို့ဆိုပါတယ်။ဒီမိုကရက်တစ်သမ္မတလောင်းနဲ့ ဒုတိယသမ္မတဖြစ်သူ ကမလာဟားရစ်နဲ့ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန်တို့ရဲ့ သမ္မတရွေးကောက်ပွဲပြိုင်ဆိုင်မှုဟာလည်း တရုတ်အပေါ်ထားတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒက အဓိကအခန်းကဏ္ဍကပါဝင်နေပါတယ်။အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ အမေရိကန်ပေါ် ဖြတ်ပျံလာတဲ့ တရုတ်သူလျှိုမိုးပျံပူပေါင်းတွေကို အမေရိကန်က ပစ်ချခဲ့တဲ့ ၂၀၂၃…

Read More
VOM News

FREE
VIEW