ဝါရှင်တန်၊ ဩဂုတ်-၂၄-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်သည် လာမယ့်သီတင်းပတ်မှာ တရုတ်နိုင်ငံကို သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ တွေ့ဆုံဆွေးနွေးရာမှာ မြန်မာ့အရေးလည်း ပါဝင်မယ်လို့ အိမ်ဖြူတော်တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။
အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်ရဲ့ တရုတ်ခရီးစဉ်ဟာ နိုဝင်ဘာ ၅ ရက်မှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဩဂုတ် ၂၇ ရက်ကနေ ၂၉ ရက်ထိ ဒီခရီးစဉ်အတွင်း အမေရိကန်-တရုတ် စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲတွေ ကျင်းပရေး၊ ထိုင်းဝမ်အရေးနဲ့ မြန်မာ့အရေးတို့ကို ဆွေးနွေးသွားဖို့ရှိတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ဆိုပါတယ်။
ပေကျင်းမှာပြုလုပ်မယ့်ဆွေးနွေးပွဲမှာတော့ ရုရှားစစ်တပ်ကို တရုတ်နိုင်ငံက ကူညီထောက်ပံ့နေမှုတွေ၊ တောင်တရုတ်ပင်လယ်အရေး၊ အရှေ့အလယ်ပိုင်းအရေးနဲ့ ဉာဏ်ရည်တုနည်းပညာနဲ့ ပတ်သက်တာတွေလည်း ပါဝင်မယ်လို့ဆိုပါတယ်။
ဒီမိုကရက်တစ်သမ္မတလောင်းနဲ့ ဒုတိယသမ္မတဖြစ်သူ ကမလာဟားရစ်နဲ့ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန်တို့ရဲ့ သမ္မတရွေးကောက်ပွဲပြိုင်ဆိုင်မှုဟာလည်း တရုတ်အပေါ်ထားတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒက အဓိကအခန်းကဏ္ဍကပါဝင်နေပါတယ်။
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ အမေရိကန်ပေါ် ဖြတ်ပျံလာတဲ့ တရုတ်သူလျှိုမိုးပျံပူပေါင်းတွေကို အမေရိကန်က ပစ်ချခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစပြီး ပိုမိုတင်းမာနေခဲ့ပြီး ဆက်ဆံရေးတည်ငြိမ်ဖို့ သံတမန်ရေးအရ ကြိုးပမ်းနေကြပါတယ်။
Ref:Reuters/rl
Photo:Reuters
Related posts
-
မြန်မာပြည်အလယ်ပိုင်း ရေဘေးသင့်ဒေသတွေရဲ့ နောက်ဆုံးအခြေအနေများ
စက်တင်ဘာ ၁၇ – ၂၀၂၄ SN (VOM) မုန်တိုင်းကြောင့် မိုးများ၊ ရေကြီးခဲ့တဲ့အတွက်... -
ရုရှားနိုင်ငံပိုင် မီဒီယာတွေ Facebook အပါအဝင် လူမှုကွန်ရက်တွေကနေ ပိတ်ပင်တားမြစ်ခံရ
ဝါရှင်တန်၊ စက်တင်ဘာ-၁၇-၂၀၂၄မျိုးဆက်(VOM)Facebook ရဲ့မိခင်ကုမ္ပဏီ Metaဟာ ရုရှားတူဒေးအပါအဝင် ရုရှားနိုင်ငံပိုင် သတင်မီဒီယာအများအပြားကို သူ့ရဲ့ လူမှုကွန်ရက်တွေကနေ... -
နိုင်ဂျီးရီးယားမှာ ယာဉ်တိုက်မှုကြောင့် တနေ့ကို လူ ၁၆ ယောက်ဝန်းကျင် သေဆုံးနေ
အဘူဂျာ၊ စက်တင်ဘာ-၁၇-၂၀၂၄ မျိုးဆက်(VOM) နိုင်ဂျီးရီးယား နိုင်ငံတဝန်းမှာ ယာဉ်တိုက်မှုတွေကြောင့် တနေ့ကို ပျှမ်းမျှ လူ...