ကိဗ်ယက်၊ ဩဂုတ်-၅-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းဟာ မဟာမိတ်တွေထောက်ပံ့တဲ့ အမေရိကန်လုပ် အက်ဖ်-၁၆ တိုက်လေယာဉ်တွေကို ပထမဆုံးအကြိမ် လက်ခံရရှိပြီလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ “ယူကရိန်းကို အက်ဖ်-၁၆ တိုက်လေယာဉ်တွေရောက်ပါပြီ။ ဒါကိုကျွန်တော်တို့ လုပ်နိုင်ခဲ့တယ် ” လို့ အမည်မဖော်တဲ့ လေတပ်စခန်းတခုက လေယာဉ်နှစ်စင်းနောက်ခံထားပြီး ပြုလုပ်တဲ့ အခမ်းအနားတခုမှာ ယူကရိန်းသမ္မတက ပြောပါတယ်။ အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ယူကရိန်းကို ထောက်ပံ့ရေးအတွက် ယခင်က ချီတုံချတုံဖြစ်နေတဲ့ မဟာမိတ်နိုင်ငံတွေက အခုလိုပေးပို့မှုအတွက် ကျေးဇူးတင်ရှိပြီး နောက်ထပ်များစွာ လိုအပ်နေသေးတယ်လို့ ဇီလန်စကီးက ပြောပါတယ်။ အမေရိကန်လုပ် အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ယူကရိန်းကို ရောက်ရှိလာတာဟာ ဆိုဗီယက်ခေတ်တိုက်လေယာဉ်တွေကို အဓိကအားထားနေရတဲ့ ယူကရိန်းလေတပ်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ယူကရိန်းအတွက် ပေးပို့ဖို့ဆန္ဒရှိတဲ့နိုင်ငံတွေအနေနဲ့ အမေရိကန်လုပ် အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ပေးပို့ခွင့်ကို…
Read MoreMonth: August 2024
အီရန်ရဲ့ တိုက်ခိုက်မှုမှန်သမျှ လက်တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ အစ္စရေးဝန်ကြီးချုပ် သတိပေး
တဲလ်အဗစ်၊ ဩဂုတ်-၅-၂၀၂၄ မျိုးဆက်(VOM) ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဟားမတ်စ်ခေါင်ဆောင် လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အီရန်ရဲ့ ဘယ်လိုတိုက်ခိုက်မှုကိုမဆို တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သတိပေးလိုက်ပါတယ်။ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာဟာ အီရန်သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲတက်ဖို့ အီရန်မှာရောက်နေချိန် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ္စရေးက လူသိရှင်ကြား မှတ်ချက်မပေးပေမယ့် အီရန်နဲ့မဟာမိတ်တွေရဲ့ လက်တုံ့ပြန်နိုင်ခြေကို ကြိုတင်ပြင်ဆင်လို့နေပါတယ်။ အီရန်ကျောထောက်နောက်ခံပြု လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ကလည်း လက်ဘနွန်မှာ သူတို့ရဲ့ ထိပ်တန်းတပ်မှူးကို အစ္စရေးက လေကြောင်းတိုက်ခိုက် သတ်ဖြတ်ခဲ့တာကြောင့် လက်တုံ့ပြန်မယ်လို့ ကတိပြုထားပြီး မနေ့ကတော့ အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ “ ဘယ်အခြေအနေအတွက်အဆို အစ္စရေးကတော့ အသင့်ဖြစ်နေပါပြီ။ ရန်လိုမှုမှန်သမျှကို ဘယ်လိုမျက်နှာစာကလာနေပါစေ ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ ကြုံရလိမ့်မယ်လို့ ” နေတန်ယာဟုက အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။ အစ္စရေး ကာကွယ်ရေးဝန်ကြီး…
Read Moreရန်ကုန်မှာ ဇူလိုင်လအတွင်း ဖောက်ခွဲတိုက်ခိုက်ခံရမှု ခြောက်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိ
ဩဂုတ် ၅ – ၂၀၂၄ SN (VOM) ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ရန်ကုန်တိုင်းမှာ နစကစခန်း ဖောက်ခွဲတိုက်ခိုက်ခံရမှုတွေ ခြောက်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဖောက်ခွဲတိုက်ခိုက်ခံရမှုတွေဟာ အင်းစိန်၊ ဗဟန်း၊ လသာ၊ မှော်ဘီ၊ လှိုင်သာယာ၊ မင်္ဂလာဒုံနဲ့ လှည်းကူးမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တာ လို့ သိရပါတယ်။ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဇူလိုင်လ ၆ ရက်နေ့က အင်းစိန်မြို့နယ်ရှိ အမှတ် (၁) တပ်မတော် စစ်သားစုဆောင်းရေးတပ် ပြင်းအားမြင့် လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ “အဲဒီည ၉ နာရီထိုးခါနီးမှာ ပေါက်ကွဲသံ နှစ်ချက် အကျယ်ကြီးပဲ ကြားလိုက်ရတယ်။ လုံခြုံရေးဂိတ်ကိုထိတာ။ အဲဒီဂိတ်မှာ စစ်သားနှစ်ယောက်၊ သုံးယောက်လောက် အမြဲတမ်းရှိတယ်”…
Read Moreဖားကန့်မှာ တိုကင်စနစ်နဲ့ တနာရီ ကျပ်နှစ်သောင်းပေးပြီး အင်တာနက်သုံးနေရ
ဩဂုတ် ၅ – ၂၀၂၄ SS (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ တိုကင်စနစ်နဲ့ တန်းစီရကာ တနာရီကို ကျပ်နှစ်သောင်းပေးပြီး အင်တာနက် အသုံးပြုနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ်မှာ ဖားကန့်အပါအဝင် မြို့နယ်အများစုမှာ ဖုန်းလိုင်း အင်တာနက်လိုင်း ပြတ်တောက်နေတာဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ကတည်းကဖြစ်ပြီး MPT , Mytel , Telenor , Ooredoo ဖုန်းလိုင်းတွေ အသုံးပြုလို့မရဘဲ အားလုံး ပြတ်တောက်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖားကန့်မြို့အတွင်းက IP Star နဲ့ Star link တပ်ဆင်ထားတဲ့ ဆိုင်တွေမှာ တိုကင်စနစ်နဲ့ တန်းစီပြီး အင်တာနက် အသုံးပြုနေရတာဖြစ်ကာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်ကနေ ဩဂုတ်လ ၆ ရက်နေ့ထိ တပတ်စာ…
Read Moreဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နန်းတော်ကို ဆန္ဒပြသူတွေ ဝင်စီးပြီးနောက် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ တိမ်းရှောင်နေရ
ဒါကာ၊ ဩဂုတ်-၅-၂၀၂၄ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်မှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ နန်းတော်ကို ဒီနေ့ဝင်ရောက်စီးနှင်းခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟာ နန်းတော်ကနေ ထွက်ပြေးသွားပြီးလို့ သတင်းရင်းမြစ်တွေက အတည်ပြုပြောဆိုပါတယ်။ “သူမ လုံခြုံတဲ့နေရာမှာရှိနေပါတယ်။ နန်းတော်က ထွက်ခွာသွာပြီ ”လို့ အသက် ၇၆ နှစ်အရွယ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ နီးစပ်သူတယောက်က အေအက်ဖ်ပီကို ပြောပါတယ်။ ဒီအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်အကြီးအကဲ Waker-Uz-Zaman က မိန့်ခွန်းပြောကြာဖို့ရှိနေတယ်လို့ စစ်ဘက် သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ်နန်းတော်ကို ဝင်မစီးခင် ဒါကာမြို့လမ်းတွေပေါ်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံအာဏာကို နှစ်ရှည်လများရယူခဲ့တဲ့ဝန်ကြီးချုပ် ဟာစီနာ နှုတ်ထွက်ရေး ကျောင်းသားများဦးဆောင်တဲ့ သပိတ်ခေါင်းဆောင်များက အာဏာဖီဆန်ရေး လှုပ်ရှားမှုပြုမယ်လို့ ကြေညာထားပါတယ်။ မနေ့ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခတွေကြောင့် လူ ၉၀ ကျော်သေဆုံးပြီး ရာနဲ့ချီဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ရဲ…
Read Moreယနေ့ ရွှေဈေး (ဩဂုတ် – ၄ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၄၁ ဒေါ်လာ ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၉၉၀၀၀၀ ကျပ် ဝယ်ဈေး ၆၉၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၇၉၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဩဂုတ် – ၄ ရက်)
Voice of Myanmar -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၅၃၈၀ ကျပ် ဝယ်ဈေး – ၅၂၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၃၉၀၀ ကျပ် ဝယ်ဈေး – ၃၇၉၀ ကျပ် -ယူရို ရောင်းဈေး – ၅၇၄၃ ကျပ် ဝယ်ဈေး – ၅၄၉၇ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၄၇.၀၆ ကျပ် ဝယ်ဈေး – ၁၄၀.၈၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၁၇၀ ကျပ် ဝယ်ဈေး – ၁၁၂၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၇၃၆ ကျပ်…
Read Moreအသက် ၃၅ နှစ်အောက် လူငယ်တွေ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့် ကန့်သတ်ခံရမှု အချို့ရှိနေ
ဩဂုတ် ၄ – ၂၀၂၄ SN (VOM) လက်ရှိမှာ နစကအနေနဲ့ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မယ့် အသက် ၃၅ နှစ်အောက် လူငယ်တွေ ကန့်သတ်မှုတွေ ပြုလုပ်လာတယ်လို့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့က ဂျပန်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံအသီးသီးကို သွားရောက် အလုပ် လုပ်ကိုင်မယ့် အလုပ်သမား ၄၀ ကျော်ကို နစက က ပြည်ပထွက်ခွာခွင့် မပေးခဲ့တာကြောင့် အဲဒီ အလုပ်သမားတွေဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ လှည့်ပြန်လာရတယ်လို့ သိရပါတယ်။ လေယာဉ်ပေါ် တက်ခွင့်မရလိုက်တဲ့ အဲဒီ အလုပ်သမား ၄၀ ကျော်ဟာ ပြည်ပမှာ အလုပ်လုပ်ကိုင်နေရာကနေ အကြောင်းအမျိုးမျိုးနဲ့ အိမ်ပြန်လာကြတဲ့သူတွေဖြစ်ပြီး အေဂျင်စီ ငါးခုနဲ့ ချိတ်ဆက် လုပ်ကိုင်နေသူတွေ ဖြစ်ကာ စစ်မှုထမ်းဥပဒေကို ရှောင်ရှားတယ်ဆိုတဲ့ သံသယနဲ့…
Read Moreမူဆယ်မှာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်နဲ့ ယာယီ ဖြတ်ကျော်ခွင့်ကဒ်တွေ သယ်ယူဖို့ခက်ခဲလို့ ထုတ်ပေးမှု ဆိုင်းငံ့ထားရမယ့် အခြေအနေဖြစ်လာ
ဩဂုတ် ၄၊ ၂၀၂၄ Shy V (VOM) မူဆယ်မှာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်နဲ့ ယာယီ ဖြတ်ကျော်ခွင့်ကဒ်တွေ သယ်ယူဖို့ခက်ခဲလို့ ထုတ်ပေးမှု ဆိုင်းငံ့ထားရမယ့် အခြေအနေဖြစ်လာကြောင်း ဌာနဆိုင်ရာ နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ “စာအုပ်နည်းသွားတော့ စိုးရိမ် စရာပေါ့။ လေယာဉ်ကလည်း မလာနိုင်ဘူးလေ” လို့ ဌာနဆိုင်ရာ နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ ကုန်းလမ်းကနေ သယ်ယူလို့ အဆင်မပြေတာကြောင့် ပုံမှန်အားဖြင့် စစ်ရဟတ် ယာဉ်တွေနဲ့ သယ်ယူနေရတာဖြစ်တယ်လို့ဆိုပါတယ်။ “လားရှိုးမှာ စစ်ဖြစ်သွားလို့လေ။ ခါတိုင်း လားရှိုးကနေ သယ်ယူတာ။ အခုက အဆင်မပြေတော့လို့ စာအုပ်ကုန်သွားရင် စာအုပ်အနီနဲ့ တခါစုံးကဒ် လုပ်ပေးတာ သုံးလလောက် နားထားမယ်လို့ကြားတယ်” လို့ လဝက နဲ့ နီးစပ်သူ အမျိုးသမီး တယောက်က ပြောပါတယ်။ တရုတ် နယ်စပ်ဖြတ်ကျော်ခွင့်…
Read Moreတိုက်ပွဲဖြစ်မှာ စိုးရိမ်လို့ ချင်းတွင်းမြစ်ဘေး ကျေးရွာ ၄၀ ဝန်းကျင်က ဒေသခံတွေ စစ်ရှောင်
ဩဂုတ် ၄ – ၂၀၂၄ SN (VOM) စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်မှာ နစကသင်္ဘော ၁၇ စီး ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတာကြောင့် တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီး မြစ်ဘေးမှာ ရှိတဲ့ ကျေးရွာ ၄၀ ဝန်းကျင်က ဒေသခံပြည်သူတွေ စစ်ရှောင်နေရတယ်လို့ လူမူကူညီရေးအသင်းတွေဆီက သိရပါတယ်။ လက်ရှိမှာတော့ စစ်ရှောင်နေရသူတွေဟာ ဘေးလွတ်ရာ တောတောင်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေရပြီး ကလေးငယ်၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ သက်ကြီးရွယ်အိုတွေအပြင် နာမကျန်းဖြစ်နေသူ အယောက် ၃၀ ကျော်လည်း ပါဝင်နေတာကြောင့် အရေးပေါ် ဆေးဝါးအကူအညီတွေလည်းလိုအပ်နေတယ်လို့ သိရပါတယ်။ “အခု မင်းကင်းမြို့ကို ရောက်နေပြီ။ ဩဂုတ် ၂ ရက်နေ့ကတည်းက ရောက်လာကုန်ကြတာ။ မြစ်ဘေးတဝိုက်က ရွာတိုင်း အကုန် စစ်ရှောင်နေကြပြီ။ စစ်ရှောင်အရေအတွက်က ခန့်မှန်းခြေဆိုရင် ၅၀၀၀ ကျော်လောက်ရှိမယ်” လို့ အဲဒီ စစ်ရှောင်တွေကို…
Read More