This Day in History

Voice of Myanmar ဒုတိယကမ္ဘာစစ်အတွင်းက နာဂါဆာကီမြို့ကို ကြဲချခဲ့သော အမေရိကန်၏ Fat Man ဗုံးကို ပုံစံတူနီးပါး ပြုလုပ်ထားသည့် ဆိုဗီယက်ယူနီယံ၏ ပထမဆုံး အနုမြူဗုံးကို ၁၉၄၉ ခုနှစ် ဩဂုတ် ၂၉ ရက်တွင် စမ်းသပ်ခဲ့ပြီးနောက် ဆိုဗီယက် ယူနီယံသည် ကမ္ဘာ့ဒုတိယ နျူကလီးယားအင်အားကြီး ဖြစ်လာခဲ့သည်။

Read More

ဗန်းမော် ၇ မိုင်အနီး နဲ့ နောင်ချို တောင်ခမ်းဘက် တိုက်ပွဲ ပြင်းထန်နေ

ဩဂုတ် ၂၉ ၊ ၂၀၂၄ Shy V (VOM) ကချင်ပြည်နယ်၊ ဗန်းမော် နဲ့ မိုးမောက်ကြား အခုရက်ပိုင်းမှာ တန်ပြန် စစ်ကြောင်းထိုးလာတဲ့ နစက တပ်ဖွဲ့ နဲ့ KIA ပူးပေါင်း တပ်ဖွဲ့ တို့ အကြား တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “ဗန်းမော် ၇ မိုင် မရောက်ခင်မှာ တိုက်ပွဲ ပြင်းထန်နေတာ။ တအား ပစ်တယ်။ စစ်တပ်ဘက်က သူတို့ ဆုတ်ခွာထားခဲ့တဲ့ ဒီ ၄၃၇ ဘက်ကို စစ်ကြောင်း ပြန်ထိုးလာတာ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ နှစ်ဖက် အထိအခိုက်တွေ များတယ်လို့ ကြားပြီး ဒေသခံပြည်သူတွေလည်း ရက်ပေါင်းများစွာ စစ်ဘေး ရှောင်ရတာကြောင့် တိုက်ပွဲ မဖြစ်စေချင်တော့ဘူး လို့ သူက…

Read More

ရွှေ၊ ငွေဈေး ကျပေမယ့် ကုန်ဈေးနှုန်း ကျမလာသေး

ဩဂုတ် ၂၈ – ၂၀၂၄SS (VOM)အခု ဩဂုတ်လ ဒုတိယပတ်အတွင်း စံချိန်တင်အမြင့်ဈေး ရောက်ရှိခဲ့တဲ့ ပြည်တွင်းက ပြင်ပ ရွှေ၊ ငွေဈေးတွေဟာ ဩဂုတ် ၁၆ ရက်နေ့ကစလို့ တဖြည်းဖြည်း ပြန်လည် ကျဆင်းလာပေမယ့် အထွေထွေ ကုန်စည်ဈေးနှုန်းတွေကတော့ ပြန်လည် ကျဆင်းလာခြင်း မရှိသေးတဲ့အပြင် အတက်ဘက်ကို ဆက်သွားနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ဩဂုတ် ၁၄ ရက်နေ့က အခေါက်ရွှေဈေး ၈၃ သိန်း ဝန်းကျင်အထိ၊ အမေရိကန် တဒေါ်လာ ၇၁၀၀ ကျော်အထိ အတက်ကြမ်းခဲ့စဉ်က အထွေထွေ ကုန်စည်ဈေးနှုန်းတွေပါ လိုက်ပါ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။လက်ရှိမှာတော့ အခေါက်ရွှေဈေး ၇၃ သိန်း ဝန်းကျင်အထိ၊ အမေရိကန် တဒေါ်လာ ၅၇၀၀ ကျော်အထိ ပြန်လည်ကျဆင်းနေပြီ ဖြစ်ပေမယ့် ကုန်ဈေးနှုန်းတွေကတော့ ကျဆင်းခြင်း မရှိသေးပါဘူး။“ဒေါ်လာဈေးက ကျသာကျတာ။ ၅၉၀၀ ဖြစ်လိုက်၊…

Read More

ပင်လယ်နီမှာ ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှု သမိုင်းတလျှောက် အဆိုးရွားဆုံး ရေနံယိုဖိတ်မှု ဖြစ်လာနိုင်

ဝါရှင်တန်၊ ဩဂုတ်-၂၈-၂၀၂၄ မျိုးဆက်(VOM) ပင်လယ်နီတွင် ယီမင်အခြေစိုက် ဟူသီသူပုန်အဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်ခိုက်ခဲ့တဲ့ ရေနံတင်သင်္ဘောဟာ လက်ရှိချိန်ထိ မီးလောင်နေဆဲဖြစ်ပြီး သမိုင်းတလျှောက် အဆိုးရွားဆုံး ရေနံယိုစိမ့်မှုများ ဖြစ်ပေါ်နိုင်ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က သတိပေးထုတ်ပြန်လိုက်ပါတယ်။ ဂရိပိုင်သင်္ဘော အမ်ဗီဆိုယူနီယံကို ပြန်လည်ထိန်းချုပ်ရေး ကြိုးပမ်းမှုတွေမှာ ဟူသီသူပုန်တွေက နောက်ထပ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ ခြိမ်းခြောက်မှုတွေကြောင့် အစီအစဉ်တွေ ပျက်ပြားနေရတယ်လို့ ဆိုပါတယ်။ ဆိုနီယံသင်္ဘောပေါ်မှာ ရေနံစိမ်းတန်ချိန် တသိန်းငါးသောင်း သို့မဟုတ် စည်ပေါင်းတသန်းကျော်ကို တင်ဆောင်ထားပြီး ရေနံယိုဖိတ်မှုဟာ သမိုင်းတလျှောက်မှာ အကြီးမားဆုံးရေနံယိုဖိတ်မှုဖြစ်နိုင်ကြောင်း အမေရိကန်က သတိပေးထားပါတယ်။ ဆိုနီယံရေနံတင်သင်္ဘောတိုက်ခိုက်ခံရမှုအပေါ် လွန်စွာစိုးရိမ်ပူပန်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပြီး ဒါဟာ အလက်စကာ ကမ်းရိုးတန်းမှာ ရေနံစည်ပေါင်း နှစ်သိန်းငါးသောင်းကျော် ယိုဖိတ်ခဲ့တဲ့ ၁၉၈၉ ခုနှစ် Exxon Valdez ရေနံယိုဖိတ်မှုထက် လေးဆ ပိုများနိုင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့…

Read More

Dawei Watch သတင်းထောက်နှစ်ယောက်ကို တသက်တကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်

ဩဂုတ် ၂၈ – ၂၀၂၄SN (VOM)Dawei Watch မီဒီယာရဲ့ တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် သတင်းသမားနှစ်ယောက်ဖြစ်တဲ့ ကိုမျိုးမြင့်ဦးနဲ့ ကိုအောင်ဆန်းဦးတို့ကို နစက က တသက်တကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ Dawei Watch သတင်းဌာနက မနေ့ ဩဂုတ် ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။သူတို့နှစ်ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရား စွဲဆိုပြီး ၂ဝ၂၄ ခုနှစ် (ခန့်မှန်း) ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ကိုအောင်ဆန်းဦးကို ထောင်ဒဏ် နှစ် ၂ဝ ၊ ၂ဝ၂၄ ခုနှစ် (ခန့်မှန်း) မေလ ၁၅ ရက်မှာ ကိုမျိုးမြင့်ဦးကို ထောင်ဒဏ် တသက်တကျွန်းချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။၂၀၂၄ ခုနှစ်၊ ဇွန် ၂၈ ရက်ကလည်း ရခိုင်ပြည်အခြေစိုက် Development Media Group (DMG)…

Read More

EAO တွေအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်မယ့်အဖွဲ့ မရှိသေး

သြဂုတ် ၂၈- ၂၀၂၄KG( VOM)တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ EAO တွေအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာပါဝင်မယ့်သူဆိုတာမရှိသေးဘူးလို့ နေပြည်တော်မှာပြုလုပ်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်နေ့က နေပြည်တော်မှာရှိတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှာ နစကရဲ့ NSPNC ၊ NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ရဲ့ အလုပ်အဖွဲ့တို့ သုံးပွင့်ဆိုင် တွေ့ဆုံပြီး ရွေးကောက်ပွဲကျင်းပရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို နှစ်ရက်တာဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။အဲဒီဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်သူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်းက ဆွေးနွေးရလဒ်နဲ့ပတ်သက်ပြီး VOM ကို အခုလိုပြောပြခဲ့ပါတယ်။“အစိုးရရဲ့ ဦးတည်ချက်ကတော့ရွေးကောက်ပွဲကို ကောင်းကောင်းမွန်မွန်လုပ်ချင်တယ်။ မြန်မြန်ဆန်ဆန်လုပ်ချင်တယ်။ သတ်မှတ်ထားတဲ့ကာလမှာ လုပ်ချင်တယ်ဆိုတာမျိုးကိုဆွေးနွေးတာရှိတယ်။ ရှင်းပြတာရှိတယ်။ ထို့အတူနိုင်ငံရေးပါတီတွေကလည်းအားတက်သရောတော့ရှိတယ်။ဒါပေမယ့် EAO တွေကျတော့လည်းရွေးကောက်ပွဲမှာပါဝင်မယ့်သူဆိုတာမရှိသေးဘူး။ရွေးကောက်ပွဲကတော့ နိုင်ငံရေးပါတီနဲ့အများကြီးဆိုင်တာပေါ့။ဒါပေမယ့် တိုင်းပြည်တပြည်မှာဒီမိုကရေစီစနစ်ကိုသွားမယ်လို့ဆိုလို့ရှိရင် ရွေးကောက်ပွဲဟာလိုအပ်တယ်။အဲဒီရွေးကောက်ပွဲဟာဆိုလို့ရှိရင်လွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲအမှန်တကယ်ဖြစ်ဖို့လိုတယ်”လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။အခုပြုလုပ်ခဲ့တဲ့ NSPNC၊ နိုင်ငံရေးပါတီများနဲ့ EAO…

Read More

အိန္ဒိယ ဆရာဝန်အမျိုးသမီးအသတ်ခံမှု ဆန္ဒပြပွဲ ရဲတပ်ဖွဲ့ကဖြိုခွင်းပြီး လူ ၁၀၀ ကျော်ကို ဖမ်းဆီး

ဒေလီ၊ ဩဂုတ်-၂၈-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ ဆရာဝန်အမျိုးသမီးတယောက် အဓမ္မကျင့် သတ်ဖြတ်ခံရမှုကြောင့် တရားမျှတမှုတောင်းဆိုတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေနဲ့ ဖြိုခွင်း လူစုခွဲခဲ့ကြပါတယ်။ ဆန္ဒပြမှုတွေအတွင်း အကြမ်းဖက်လုပ်ဆောင်ခဲ့မှုကြောင့် လူ ၁၀၀ ထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတယောက်က ပြောပါတယ်။ နိုင်ငံအရှေ့ပိုင်း ကိုလ်ကတ္တားမြို့မှာ ယခုလအစောပိုင်းက အသက် ၃၁ နှစ်အရွယ် ဆရာဝန်အမျိုးသမီးတယောက် အခုလိုသတ်ဖြတ်ခံရပြီးနောက် နိုင်ငံတွင်းမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေးတွေ နိုင်ငံတဝန်း ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နေ့မှာတော့ အမျက်ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ ကိုလ်ကတ္တားမြို့ရှိ အစိုးရရုံးတခုကို ချီတက်ခဲ့ပြီး အနောက်ဘင်ဂေါဝန်ကြီးချုပ် မာမာတာဘန်နာဂျီက ရာထူးကနေနုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆရာဝန်အမျိုးသမီး အဓမ္မကျင့်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ဆေးရုံက စေတနာ့ဝန်ထမ်းတယောက်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုကို အိန္ဒိယဗဟို စုံစမ်းစစ်ဆေးရေးဗျူရိုက ကိုင်တွယ်စုံစမ်းနေပါတယ်။ အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေတားဆီးရေးအတွက် တင်းကြပ်တဲ့ ဥပဒေတွေ ပြဌာန်းခဲ့ပေမယ့်လည်း…

Read More

This Day in History

Voice of Myanmarဗြိတိန် ဝေလမင်းသား ချားလ်စ်နှင့် မင်းသမီး ဒိုင်ယာနာတို့သည် ၁၅ နှစ်ကြာ လက်ထပ်ပေါင်းသင်းခဲ့ပြီးနောက် ၁၉၉၆ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် တရားဝင်ကွာရှင်းပြတ်စဲ လမ်းခွဲခဲ့ကြသည်။

Read More

EVကား စွန့်ပစ်ဘက်ထရီနဲ့ အစိတ်အပိုင်းတွေ တင်သွင်းရင် ထောင်ဒဏ်ကျတဲ့ထိ တရားစွဲဆိုနိုင်

သြဂုတ်၂၈ ၊ ၂၀၂၄ Ms(VOM) လျှပ်စစ်သုံးယာဉ် EVနဲ့ပတ်သက်တဲ့ စွန့်ပစ်ဘတ်ထရီနဲ့ အစိတ်အပိုင်းတွေ ဟာ ပတ်ဝန်းကျင် ညစ်ညမ်းတာနဲ့ ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုတဲ့ အချက်တွေကြောင့် မြန်မာပြည်တွင်းကို တင်သွင်းခြင်းမပြုဖို့ သံယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက အသိပေးထားပါတယ်။ EVကား စွန့်ပစ်ပစ္စည်းနဲ့ ဘတ်ထရီတွေကို တင်သွင်းလာသူတွေအနေနဲ့ အသိပေးထားတာကို မလိုက်နာပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေပုဒ်မ (၃၂) အရ တနှစ် နဲ့ အထက်ပိုသော ထောင်ဒဏ် ၊ ငွေဒဏ်တွေကို ချမှတ်ခံရမယ်လို့ဆိုပါတယ်။ ” စွန့်ပစ်Evပစ္စည်းတွေကို တင်သွင်းခွင့်တားမြစ်တာဟာ ကျန်းမာရေးပြသနာရှိတာ ဆိုတာထက် အဓိကတော့ ပတ်ဝန်းကျင် ညစ်ညမ်းမှု က ပိုမယ်ထင်တယ်။ ဒီEVကားတွေက သူများနိုင်ငံတွေမှာ သုံးတာကြာလာတာနဲ့အမျှ သူကထွက်တဲ့ စွန့်ပစ်ပစ္စည်းပမာဏကလည်း အဲဒီနိုင်ငံတွေမှာ များလာတယ် တောင်ပုံယာပုံ ဖြစ်လာတယ်။ ဒါကို မြန်မာက အခုမှ EVကားသုံးတာကိုစတော့ ဒီပစ္စည်းတွေကို ကိုယ့်နိုင်ငံပြန်ယူမယ်…

Read More

ဂျပန်မှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်ပြီ

တိုကျို၊ ဩဂုတ်-၂၈-၂၀၂၄ မျိုးဆက်(VOM) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းကို စတင်ဝင်ရောက်တိုက်ခတ်မယ့် အင်းအားပြင်းမုန်တိုင်း ရှန်ရှန်ကြောင့် အာဏာပိုင်တွေက ဒီနေ့မှာ အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အလွန်ပြင်းထန်တဲ့ မုန်တိုင်းအဖြစ် သတ်မှတ်ခံထားရတဲ့ တိုင်ဖွန်းမုန်တိုင်း ရှန်ရှန်ဟာ တစက္ကန့်ကို မီတာ ၅၀ ကနေ ၇၀ နှုန်း သို့မဟုတ် တနာရီလေတိုက်နှုန်း ၂၅၂ ကီလိုမီတာထိ ရှိမယ်လို့ မိုးလေဝသထာနက သတိပေးထားပါတယ်။ ယနေ့အချိန်ထိ မတွေ့ရဖူးသေးတဲ့ လေပြင်းတို်ကခတ်မှု ၊ လှိုင်းကြီးမှုနဲ့ ဒီရေတက်တာတွေနဲ့ပတ်သက်ပြီး သတိပြုကြဖို့ ဂျပန်မိုးလေဝသ အေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မုန်တိုင်းရှန်ရှန်ဟာ လာမယ့်ရက်အနည်းငယ်အတွင်း နိုင်ငံအနောက်ပိုင်း ကျူရှူးကျွန်းကိုလည်း ဝင်ရောက်တိုက်ခတ်နိုင်ပြီး သီတင်းပတ်ကုန်ပိုင်းမှာတော့ ကုန်းတွင်းပိုင်းဖြစ်တဲ့ တိုကျိုအပါအဝင် နိုင်ငံအလယ်ပိုင်းနဲ့ အရှေ့ပိုင်းတွေထိပါ ဝင်ရောက်တိုက်ခတ်မယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ အလယ်ပိုင်း အိုင်ချီ၊ ရှီဇူအိုကာ စီရင်စုနဲ့ ကျူရှူးကျွန်းရှိ ကာဂိုရှီးမားစီရင်စုမှာ…

Read More
VOM News

FREE
VIEW