ဓါးစာခံ ခြောက်ယောက်သေဆုံးပြီးနောက် အစ္စရေးနိုင်ငံတဝန်းမှာ လူသိန်းချီဆန္ဒပြ

တဲလ်အဗစ်၊ စက်တင်ဘာ-၂-၂၀၂၄
မျိုးဆက်(VOM)
ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးဓါးစာခံခြောက်ယောက်ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ပြီးနောက် အစ္စရေးနိုင်ငံတဝန်းမှာ လူသိန်းချီပြီး ဆန္ဒပြနေကြပါတယ်။
အစ္စရေးအလံတွေ ကိုင်ဆောင်ဝှေ့ယမ်းနေတဲ့ ဆန္ဒပြသူတွေကတော့ ဟားမတ်စ်တို့ဖမ်းဆီးထားတဲ့ ကျန်ရှိနေတဲ့ ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ဝန်ကြီးချုပ်နေတန်ယာဟုဦးဆောင်တဲ့ အစ္စရေးအစိုးရက လုံလောက်တဲ့ အစီအမံတွေ မလုပ်ခဲ့ဘူးလို့ ဆိုပါပါတယ်။
ဆန္ဒပြပွဲတွေဟာ မြို့တော် တဲလ်အဗစ် ၊ ဂျေရုဆလင်နဲ့ အခြားမြို့ကြီးတွေမှာ ဖြစ်ပွားခဲ့ပြီး တဲလ်အဗစ်မြို့ရဲ့ အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ဆန္ဒပြခဲ့ကြတဲ့အပြင် ရဲတပ်ဖွဲ့က တားမြစ်ထားတဲ့ အတားအဆီးတွေကိုလည်း ဖြတ်ကျော်ခဲ့ပါတယ်။
အစ္စရေးအလုပ်သမား သမဂ္ဂကလည်း စက်တင်ဘာ ၂ ရက်မှာ နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်မှောက်ဖို့ တိုက်တွန်းခဲ့ပြီး ဓါးစာခံလွတ်မြောက်ရေး သဘောတူညီချက်အတွက် တွန်းအားပေးနေပါတယ်။
ဂါဇာတောင်ပိုင်း ရာဖာဒေသရှိ မြေအောက်ဥမင်လှိုဏ်ခေါင်းထဲမှာ ဟားမတ်စ်တို့ သတ်ဖြတ်ထားတဲ့ အစ္စရေးဓါးစာခံ ခြောက်ယောက်ရဲ့အလောင်းတွေကို ပြီးခဲ့တဲ့ စနေနေ့က တွေ့ရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပြီး အလောင်းတွေကို အစ္စရေးဘက်ကို ပြန်လည်ပို့ဆောင်ပေးထားပါတယ်။
လက်ရှိမှာတော့ ဂါဇာစစ်ပွဲအဆုံးသတ်ရေးနဲ့ ဓါးစာခံလွတ်မြောက်ရေး သဘောတူညီချက်အတွက် အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အမေရိကန် ၊ အီဂျစ်နဲ့ ကာတာတို့က ကြားဝင်စေ့စပ်နေပေမယ့် ရှေ့မတိုးနောက်မဆိုတ်ဖြစ်နေပါတယ်။
Ref:BBC
Photo:Times of Israel/ Reuters

Related posts

Leave a Comment

VOM News

FREE
VIEW