မြန်မာအမျိုးသမီးငယ်တွေကို တရုတ်ဇနီးမယားအဖြစ် ပစ်မှတ်ထားရှာဖွေမှု ပိုမို များပြားလာ

စက်တင်ဘာ ၄ – ၂၀၂၄
KG(VOM)
မကြာသေးမီ နှစ်များအတွင်း မြန်မာပြည်တွင်းမှာ တရုတ်ဇနီးမယား ရှာဖွေရေးလုပ်ငန်းများ ပိုမိုတွင်ကျယ်လာနေပြီး မြန်မာအမျိုးသမီးငယ်အများစုကို အဓိကပစ်မှတ်ထားရှာဖွေမှုတွေ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံသားတွေရဲ့ ဖူးစာဖက်ရှာဖွေရေးလုပ်ငန်းတွေဟာ ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်ရှိ နဝဒေးဥယျာဥ်အိမ်ရာတွင် အများဆုံးဖြစ်ပွားနေတယ်လို့လည်း ဒေသခံ သတင်းရင်းမြစ်တွေနဲ့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
“အဲဒီကိစ္စတွေက ကြာပြီခင်ဗျ ။ အရင်ကတော့တိုးတိုးတိတ်တိတ်လုပ်ကြတာပေါ့။ အခုကတော့လူမှုကွန်ရက်တွေ ဖေ့ဘွတ်စ်တွေက အတော်လေးကျယ်ပြန့်လာတော့လိုင်းပေါ်မှာရှာကြ၊ဖွေကြနဲ့ ကြားထဲကပွဲစားကတမျိုးနဲ့ပေါ်ပေါ်ထင်ထင်ဖြစ်လာတာပါ”လို့ ပြည်သူတယောက်က မှတ်ချက်ပြုပြောပြပါတယ်။
ဒါအပြင် အွန်လိုင်းလူမှုကွန်ရက်တွေဖြစ်တဲ့ Tik Tok၊Facebook၊What App တွေမှတဆင့် တရားမဝင် တရုတ်ဇနီးမယားအဖြစ်ရှာဖွေရေးလုပ်ငန်းတွေ တွင်ကျယ်လာနေပြီး တရုတ်နိုင်ငံသားတွေအတွက် ဖူးစာဖက်ရှာဖွေရေးအကျိုးဆောင်လုပ်ငန်းတွေဟာ ယခုနှစ်ပိုင်းတွေအတွင်းမှာ မြို့ပေါ်ရပ်ကွက်တွေအထိ တွင်တွင်ကျယ်ကျယ်လုပ်ဆောင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်ဇနီးမယားအဖြစ် ငွေကြေးမက်လုံးပေးကာ မြန်မာအမျိုးသမီးငယ်အများစုကို စည်းရုံး အဓိကပစ်မှတ်ထားရှာဖွေမှုတွေရှိနေပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးပြောင်းလဲမှုဖြစ်စဥ်တွေဖြစ်ပေါ် ပြီးနောက်ပိုင်း မြန်မာအမျိုးသမီးတွေဟာ တရုတ်ဇနီးမယားအဖြစ် လိမ်လည်ရောင်းစားခံရမှုက သိသိသာသာပိုတိုးလာတယ်လို့ အမျိုးသမီးရေးရာကိစ္စရပ်တွေကိုကူညီပေးနေသူတွေက ပြောပါတယ်။
ထိုသို့လိမ်လည်လှည့်ဖျားခံရသူများတွင် မိသားစုစား ၀တ်နေရေးမပြေလည်သူတွေနဲ့ မသိနားမလည်သောအမျိုးသမီးအချို့ပါဝင်နေပြီး ဘွဲ့ရအမျိုးသမီးငယ်များလည်းပါ၀င်နေတယ်လို့ ဆိုပါတယ်။
“ဟိုတလောကကောင်မလေးလေးယောက် တရုတ်ပြည်သွားဖို့ဗီဇာကိစ္စအဆင်မပြေလို့ ကျွန်တော်ဆီရောက်လာတာ ကျွန်တော်မေးကြည့်တော့သူတို့က တရုတ်ကိုအလည်သွားမှာ ခဏပဲပြန်လာမယ်ဆိုပြီးပြောတယ်။ နောက်သေသေချာချာမေးကြည့်မှ သူတို့ကတရုတ်နိုင်ငံသွားပြီး အဲဒီကိစ္စပေါ့။တရုတ်ဇနီးမယားလုပ်ဖို့အတွက်သွားမှာလို့သိရတာပါ။ သူတို့ပြောပုံအရဆိုရင်ဟိုဘက်က ငွေကြေး၊ရေးကြေးပိုင်းကအစသူတို့ကိုအမြဲကူညီထောက်ပံ့ပေးထားတယ်ပြောပါတယ်။ သူတို့မိသားစုတွေအတွက်လည်းအဆင်ပြေတယ်ပေါ့။ အခုကသူတို့ဘက်ကလှမ်းခေါ်လို့လိုက်သွားရမှာပေါ့။ အဲဒီဘက်ကပဲ လာဖို့လေယာဥ်လက်မှတ်ခတွေဗီဇာခတွေအားလုံးအကုန်ကျခံပေးထားတယ်လို့လည်းပြောတယ်။အခုနောက်ပိုင်းအဲလိုကိစ္စတွေနဲ့ မိန်းကလေးငယ်တော်တော်များများက တရုတ်ဘက်ကိုထွက်ဖို့ကြိုးပမ်းနေတာတွေရှိတယ်။တချို့ကျတော့လည်းနယ်စပ်ဘက်တွေကနေတရုတ်ပြည်ဘက်ကိုလှည့်ဝင်တာမျိုးရှိတယ်”လို့ ပတ်ပို့စ်ကိစ္စနဲ့ သံရုံးဗီဇာကိစ္စရပ်တွေကိုဝန်ဆောင်မှုပေးနေသူ တယောက်က VOM သို့ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမှာထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ အချက်အလက်တွေအရ လူကုန်ကူးခံရတဲ့ဖြစ်စဥ် ၅ ခုမှာ ၄ ခုလောက်က တရုတ်နိုင်ငံဘက်မှာ အဓမ္မလက်ထပ်ဖို့ လူကုန်ကူးခံရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တရုတ်ဇနီးမယားအဖြစ်လိမ်လည်ရောင်းစား ခံရတဲ့ အမျိုးသမီးတွေဟာ ရှမ်း၊ကချင်၊ချင်း စတဲ့ တိုင်းရင်းသားဒေသက အမျိုးသမီးတွေအပြင် ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်၊၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း က အမျိုးသမီးတွေလည်း အများအပြားပါဝင်နေတယ်လို့ ပြည်တွင်းသတင်းဌာနကြီးတွေက ဖော်ပြထားတဲ့ မှတ်တမ်းအချက်အလက်အချို့အရ သိရပါတယ်။
“ဒီကအမျိုးသမီးအများစုကသူတို့အခေါ်အဌားမယား ပုံစံနဲ့ရောက်သွားကြတယ်။သူတို့မျိုးဆက်အတွက် ဘဝတွေစတေးခံရတာပေါ့။ ဘယ်လိုပုံစံမျိုးလဲဆိုတော့ သူတို့ဇနီးမယားအဖြစ်နေပေးရမယ်။ သူတို့ကစားရေးသောက်ရေးအကုန်ထောက်ပံ့ပေးထားတယ်။ လစာသဘောမျိုးပေးတာပေါ့။ သူတို့ရဲ့ဇနီးမယားအဖြစ်နေရမယ်၊ကလေးတစ်ယောက်မဖြစ်မနေမွေးပေးရမယ်၊ ကလေးမွေးပြီးရင် ်အဲဒီကလေးကို သူတို့ဆီမှာထားခဲ့ရမယ်။ ၊ပြီးရင်ကိုယ့်နိုင်ငံကိုပြန်လာပေါ့။ ဒီကိုပြန်လာလို့ရတယ်ပေါ့။ နောက်လစာကောင်းတယ်၊၀င်ငွေကောင်းတယ်၊ချမ်းချမ်းသာသာနေရမယ်။ အဲ့လိုမျိုး ဆွယ်ကြတာလည်းရှိတယ်။ တချို့လည်းမိသားစုအရေးစား၀တ်နေရေးတွေ မပြေလည်ကျတော့ လခ သုံးလစာလောက်ကြိုတင်ထုတ်ပြီးဟိုဘက်ရောက်သွားတာမျိုးရှိတယ်”လို့ အလုပ်သမားရေးရာကိစ္စရပ်တွေကို ကူညီပေးနေသူတယောက်က ပြောပြပါတယ်။
စားဝတ်နေရေးကျပ်တည်းတဲ့ ဒီလိုအချိန်ကာလမျိုးမှာ မြန်မာအမျိုးသမီးငယ်တွေအတွက် စိတ်ထွက်ပေါက်အနေနဲ့ ငွေရခြင်းတမျိုးကိုပဲ သူတို့ ဦးစားပေးတွေးတောလိမ့်မယ်။ ဒီလိုတရုတ်နိုင်ငံသားတွေရဲ့ ဖူးစာဖက်ရှာဖွေရေးလုပ်ငန်းတွေဟာ တရားဝင်ခြင်းမရှိသလိုအမျိုးသမီး များအတွက်လည်းမည်သည့်အာမခံချက်မှမရှိဘူးလို့ ပြည်တွင်းသတင်းစာဆရာတယောက်က သုံးသပ်ပြောပြပါတယ်။
တရုတ်နိုင်ငံသားများ၏ ဖူးစာဖက်အဖြစ် လုပ်ကိုင်လိုသူများကို တရားမဝင် စာချုပ်အတုပေါ်တွင် အမည်၊ နေရပ်လိပ်စာနဲ့ သဘောတူညီကြောင်းစာကို အရပ်စာချုပ်အဖြစ် နှစ်ဦးသဘောတူ ချုပ်ဆိုမှုပြုလုပ်လျက်ရှိတယ်လို့လည်း ထိုဖူးစာဖက်ရှာဖွေရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဇနီးမယားလိုချင်တဲ့ တရုတ်လူမျိုးတွေအနေနဲ့ မြန်မာအမျိုးသမီးတွေကို အခုလို ငွေနဲ့ လိမ်လည်ဝယ်ယူတာဟာ တရားမဝင်ကြောင်း တရုတ်အစိုးရဘက်ကအသိပေးထုတ်ပြန်မှုတွေရှိထားပါတယ်။ ဒါအပြင် မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ လူကုန်ကူးမှုတွေမှာ တရုတ်နိုင်ငံကို ပို့ဆောင်ကြံစည်ခဲ့တဲ့ ဖြစ်စဉ်တွေအများဆုံး ပ

Related posts

Leave a Comment

VOM News

FREE
VIEW