စက်တင်ဘာ ၆၊ ၂၀၂၄
Shy V (VOM)
တရုတ်ဘက် အထည်ချုပ်သွားမယ့် သူတွေ လတ်တလော လမ်းမှာ ပိတ်မိနေသူတွေ ရှိနေသလို ဖမ်းခံထားရသူတွေလည်းရှိနေကြောင်း ခရီးသည် ယာဉ်မောင်းတွေနဲ့ စက်ချုပ်သွားမယ့် သူတွေ ဆီက သိရပါတယ်။
“အထည်ချုပ်သမားတွေ လမ်းမှာ ဖမ်းတာလားဖမ်းထားတာရှိတယ်။ မှတ်ပုံတင်မှာ ဘာမျဥ်းစောင်းတွေလဲတော့ မသိဘူး။” လို့ မျက်မြင် ယာဉ်မောင်း တယောက်က ပြောပါတယ်။
မူဆယ် ကနေ တရုတ်ဘက် အထည်ချုပ် အလုပ်သွားလုပ်မယ့် သူတွေအနေနဲ့ တောင် ကြီး ကနေ မူဆယ် ကို ရှမ်းပြည်နယ် မှတ်ပုံတင် ၁၃ / ဆိုရင် သွားရ လွယ်ကူပေမယ့် ကျန် မျဉ်းစောင်းတွေက သွားဖို့ လမ်းမှာ အရမ်းခက်ခဲတယ်လို့ သူက ပြောပါတယ်။
“အေးဂျင့် (ပွဲစား /ကိုယ်စားလှယ်) တိုင်းကိုည်း မယုံ ကြပါနဲ့။ နမ့်ခမ်းအဝင်မှာ အေးဂျင့်လာမကြိုရင် ဒဏ်ငွေ တရုတ်ငွေ တရာ့ငါးဆယ် ( ကျပ် တစ်သိန်းကျော် ဝန်းကျင်) ဆောင်ရပါ တယ်” လို့ သူက ပြောပါတယ်။
လမ်းတဝက်မှာ ပိတ် မိနေသူတွေလည်းအများအပြား ဆွေ့ရပြီး အခြေနေ သေချာစုံစမ်း ပြီးမှ သွားကြဖို့၊ လားရှိုးကားနဲ့ တယောက်ချင်းပဲ လာကြဖို့၊ လားရှိုးမှာ လူစုပြီးမှ မူဆယ်တက်ကြဖို့ ပိုအဆင်ပြေမယ်လို့ သူက အကြံပြုပါတယ်။
“ကျွန်မတို့ တက်လာတော့ နမ့်ခမ်းမှာ စစ်တယ်။ စမတ်ကတ်ပါလားလို့ မေးတယ်။ ကျွန်မတို့ ကတော့ မပါဘူးလို့ ပြောလိုက်တယ်။ မှတ်ပုံတင်ပဲ ပြလိုက်တယ်။ ၁၃ မျဉ်းစောင်းဆိုတော့ ကျွန်မတို့က အေးဆေး ဖြတ်လို့ ရတာပေါ့နော်။ ကျွန်မတို့ နောက်က ကားမှာ အောက်ပိုင်းက စက်ချုပ်ဖို့ တက်လာတဲ့ သူတွေ ၁၀ ယောက်ကျော်ပါလာတယ်။ ကား တစီးထဲမှာပဲ။ သူတို့ရဲ့ စမတ်ကတ်ကို အကုန်သိမ်းလိုက်တာ တွေ့တယ်။ မင်းတို့ရဲ့ သူဌေးတွေကို ခေါ်လာပြီး လာရွေးခိုင်းလိုက်လို့ ပြောသံကြားတယ်။ အဲဒီမှာပဲ သူတို့ ကျန်ခဲ့တယ်။” လို့ တရုတ်ဘက် စက်ချုပ်သွားမယ့် အမျိုးသမီးငယ် တယောက်က ပြောပါတယ်။
မန္တလေးကနေ တက်လာရင် သံရွာမှာလည်း နစက တပ်ဖွဲ့က အစစ်အဆေးတင်းကြပ်ပြီး မကွေး၊ စစ်ကိုင်း၊ ချင်း၊ ရခိုင် မှတ်ပုံတင်ဆိုရင် စစ်ဆေးရေး ပိုတင်းကြပ်တာ တွေ့ရပြီး အဲဒီမှာဝောာ့ ၁၃ မျဉ်းစောင်း ဆိုရင် အရမ်း စစ်တာဆေးတာ မရှိပဲ သွားခိုင်းတယ်လို့ သူက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် အလုပ်အကိုင် ရှားပါးမှုဖြစ်နေပြီး မြန်မာ လုပ်သား တော်တော်များများ တရုတ်နယ်စပ်ဘက် စက်ချုပ် စက်ရုံတွေမှာ အလုပ်လုပ်နိုင်ဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။
Photo:ဒေသခံ
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...