ဟိုင်နန်ကျွန်းကို တိုက်ခတ်မယ့် စူပါတိုင်ဖွန်း မုန်တိုင်းကြောင့် လူလေးသိန်းကို ဘေးလွတ်ရာ ရွှေ့ပြောင်း

ပေကျင်း၊ စက်တင်ဘာ-၆-၂၀၂၄
မျိုးဆက်(VOM)
တရုတ်နိုင်ငံမှာ ယခုနှစ်အတွင်း အပြင်းထန်ဆုံးမုန်တိုင်းအဖြစ် သတ်မှတ်မယ့် စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီဟာ ကမ္ဘာလှည့်ခရီးသွားတွေအကြား နာမည်ကြီးတဲ့ ဟိုင်နန်ကျွန်းကို ဝင်ရောက်တိုက်ခတ်မှာဖြစ်လို့ လူလေးသိန်းကို အာဏာပိုင်တွေက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပါတယ်။
ရာဂီဟာ များမကြာခင်မှာ ပျက်စီးမှုတွေ များစွာဖြစ်ပေါ်စေနိုင်မုန်တိုင်းကြီးအဖြစ် ကုန်းတွင်းပိုင်းကို ကျရောက်မယ့် အလွန်အန္တရာယ်များပြီး ပြင်းထန်တဲ့ စူပါတိုင်ဖွန်းမုန်တိုင်းကြီးဖြစ်ကြောင်း အင်ဒို-ပစိဖိတ် အပူပိုင်း ဆိုင်ကလုန်းဌာနကလည်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။
စူပါတိုင်ဖွန်းတွေဟာ ပြင်းအား အဆင့် ၅ ရှိတဲ့ ဟာရီကိန်းမုန်တိုင်းတွေနဲ့ ညီမျှပါတယ်။ ၁၉၄၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဟိုင်နန်ကျွန်းကို ဝင်ရောက်တို်ကခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ၁၀၆ ခုအနက် ကိုးခုကိုသာ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် သတ်မှတ်ခဲ့ဖူးပါတယ်။
မုန်တိုင်းကြောင့် တရုတ်နိုင်ငံတောင်ပိုင်းဒေသတွေမှာ စာသင်ကျောင်းနဲ့ လုပ်ငန်းတွေ ပိတ်သိမ်းထားရသလို လေယာဉ်ခရီးစဉ်တွေလည်း ဖျက်သိမ်းထားရပါတယ်။ မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဆက်လက်ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
ယခုသီတင်းပတ်အစောပိုင်းက ဖိလစ်ပိုင်မြောက်ပိုင်းမှာ အပျက်အစီးများစွာ ဖြစ်ပေါ်စေခဲ့တဲ့ မုန်တိုင်းရာဂီဟာ အင်အားနှစ်ဆကောင်းလာခဲ့ပြီး မုန်တိုင်းဗဟိုအနီးမှာ လေတိုက်နှုန်း တနာရီကို ၂၄၀ ကီလိုမီတာထိ ရှိနေပါတယ်။
စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် ဟိုင်နန်အပြင် တရုတ်နိုင်ငံရဲ့ လူဦးရေအများဆုံး ဂွမ်ဒေါင်းပြည်နယ်၊ ကွမ်တုံတို့မှာလည်း မုန်တိုင်း ပြင်းထန်စွာ ဝင်ရောက်တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။
ပြီးခဲ့တဲ့နေ့က ဒေသအချို့မှာ မိုးရေချိန် ၅၀၀ မီလီမီတာထိ ရွာသွန်းခဲ့ပါတယ်။ ရာဂီဟာ ဆယ်စုနှစ်အတွင်း တရုတ်တောင်ပိုင်းကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်တဲ့ အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်း ဖြစ်လာဖွယ်ရှိကြောင်း တရုတ်အာဏာပိုင်တွေက ပြောပါတယ်။
Ref:BBC
Photo:AFP/Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW