အိန္ဒိယ ခရီးသည်တင်လေယာဉ်တစင်း ဗုံးခြိမ်းခြောက်ခံရလို့ တူရကီမှာ အရေးပေါ်ဆင်းသက်



အန်ကာရာ၊ စက်တင်ဘာ-၇-၂၀၂၄
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံ Vistara လေကြောင်းလိုင်းက လေယာဉ်တစင်းဟာ ဗုံးခြိမ်းခြောက်ခံရမှုကြောင့် တူရကီနိုင်ငံ အရှေ့ပိုင်း အာဇူရမ်မြို့လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ်ပေါ်မှာ ဗုံးထောင်ထားတယ်ဆိုတဲ့ စာရွက်တရွက်ကို လေယာဉ်ပေါ်က သန့်စင်ခန်းမှာ တွေ့ရှိပြီးနောက်မှာ အခုလို အရေးပေါ်ဆင်းသက်ခဲ့တာဖြစ်ပြီး ခရီးသည် ၂၃၄ ယောက်နဲ့လေယာဉ်အမှုထမ်း ၁၃ ယောက်တို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ တူရကီတာဝန်ရှိသူတွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းကနေ ဂျာမနီနိုင်ငံ ဖရန့်ဖတ်ကို ပျံသန်းလာတဲ့ လေယာဉ်ဟာ လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် လမ်းကြောင်းပြောင်းခဲ့ရပြီး တူရကီနိုင်နိုင်ငံ အာဇူရမ်လေဆိပ်မှာ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၀ မိနစ်မှာ ဆင်းသက်ခဲ့တယ်လို့ Vistara လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။

“ည ၁၁ နာရီခွဲမှာ လေယာဉ်ကို ရှာဖွေရေးလုပ်ငန်းစဉ်အားလုံး ပြီးမြောက်ခဲ့ပါတယ်။ ဘာဗုံးမှမတွေ့ပါဘူး ။ ဗုံးထောင်ထားတယ်ဆိုတာ ခြိမ်းခြောက်မှုသာ ဖြစ်တယ် ”လို့ အာဇူရမ်အုပ်ချုပ်ရေးမှူးက လေဆိပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။

လက်ရှိမှာတော့ လေဆိပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပြန်လည် လည်ပတ်နေပြီဖြစ်ပါတယ်။ ခရီးသည်တွေကို ဖရန့်ဖတ်ကို ပို့ဆောင်ဖို့ ဒီနေ့ ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီကျော်မှာ တူ၇ကီကို အလှည့်ကျလေယာဉ်တစင်း စေလွှတ်ထားကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။

Ref:CNA
Photo:Bloombergj

Related posts

Leave a Comment

VOM News

FREE
VIEW