Starliner အာကာသယာဉ် အာကာသယာဉ်မှူးတွေမပါဘဲ ကမ္ဘာမြေပြန်လာနေ

ဝါရှင်တန်၊ စက်တင်ဘာ-၇-၂၀၂၄
မျိုးဆက်(VOM)
ဘိုးအင်းကုမ္ပဏီရဲ့ Starliner အာကာသယာဉ်ဟာ အာကာသယာဉ်မှူးတွေမပါဘဲ ကမ္ဘာမြေအပြန်ခရီးစဉ် စတင်နေပြီဖြစ်တယ်လို့ အမေရိကန်အာကာသအေဂျင်စီ(နာဆာ) က ပြောပါတယ်။
အာကာသယာဉ်ဟာ နို်ငငံတကာ အာကာသစခန်းက အလိုအလျောက်မောင်းနှင်မှုစနစ်နဲ့ ကမ္ဘာမြေကို ပြန်လာမှာဖြစ်ပြီး နာဆာအာကာသယာဉ်မှူး ဘတ်ချ်ဝီလ်မောနဲ့ ဆူနီဝီလီယံတို့နဲ့အတူ လွှတ်တင်ခဲ့တဲ့ ဒီအာကာသယာဉ်ဟာ သူတို့တွေနဲ့အတူ ပြန်လာဖို့ အန္တရာယ်များတယ်လို့ ဆိုပါတယ်။
ဒီအစား အာကာသယာဉ်မှူးတွေဟာ SpaceX Crew Dragon အာကာသယာဉ်နဲ့ ပြန်လာမှာဖြစ်ပြီး နိုင်ငံတကာ အာကာသစခန်းမှာ ရှစ်လနေထိုင်ဦးမှာဖြစ်တယ်လို့ နာဆာက ပြောပါတယ်။ သူတို့တွေရဲ့ အခြေအနေကောင်းမွန်တယ်လို့ ဆိုပါတယ်။
Starliner အာကာသယာဉ် ကမ္ဘာမြေအပြန်ခရီးစဉ်ဟာ အချိန် ခြောက်နာရီကြာမြင့်မှာဖြစ်ပြီး ကမ္ဘာ့လေထုထဲကို ပြန်လည်ဝင်ရောက်ပြီးနောက် နယူးမက္ကဆီကိုမှာ ဆင်းသက်မှာဖြစ်ပါတယ်။ ဘိုးအင်းက ထုတ်လုပ်ထားတဲ့ ဒီအာကာသယာဉ်ဟာ အာကာသယာဉ်မှူးတွေနဲ့အတူ အာကာသပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။
အဲဒီနောက်မှာ တွန်းကန်အားစနစ်နဲ့ပတ်သက်တဲ့နည်းပညာဆိုင်ရာ ပြသနာတွေ ဖြစ်ပေါ်ခဲ့ပြီး ပြသနာကိုဖြေရှင်းဖို့ လပေါင်းများစွာ ကြိုးပမ်းပြီးနောက်မှာ ဒီယာဉ်နဲ့အတူ အာကာသယာဉ်မှူးတွေ ကမ္ဘောမြေကိုပြန်လာဖို့ မလုံခြုံတော့ဘူးလို့ နာဆာက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
Ref:BBC
Photo: NASA

Related posts

Leave a Comment

VOM News

FREE
VIEW