စက်တင်ဘာ ၈၊ ၂၀၂၄
Shy V (VOM)
သီပေါမြို့နယ်၊ နမ့်လန်မြို့မှာ စက်တင်ဘာလ ၅ ရက်နေ့ကစ ဒီနေ့အထိကားတချို့ ပိတ်မိနေပြီး တချို့ ကားတွေ နောက်ကြောင်း ပြန်လှည့်ရကြောင်း ယဉ်ေမာင်းတွေနဲ့ ဒေသခံ တွေဆီက သိရပါတယ်။
“ဟုတ်တယ် ကားပိတ်မိနေတာ။ ဒီမနက် အခြေအနေ မကောင်းလို့ဆို ကားတွေကို ပြန်လှည့်ခိုင်းတာ။ အခု ဒီဘက် နမ့်လန် မြို့ အထွက်ဘက် ပြန်ရောက်နေပြီ။” လို့ ကုန်တင်ယာဉ်မောင်း တယောက်က ပြောပါတယ်။
နမ့်လန် ကနေ လားရှိုးဘက် အထွက်ဘက် နစက တပ်ဖွဲ့တွေနဲ့ မြောက်ပိုင်း ညီနောင် မဟာမိတ် နဲ့ ပူးပေလင်း တပ်ဖွဲ့တွေကြား စစ်ရေး တင်းမာနေတာလို့ ဆိုပါတယ်။
နမ့်လန်မြို့ထဲမှာ နစက တပ်ဖွဲ့ဘက်က တားထားပြီး အတက်ကားတွေကို မသွားခိုင်းဘူး၊ အဆင်းက ကတော့ ဆင်းလာလို့ရတယ်လို့ သူက ပြောပါတယ်။
ကားသေးတွေရော ကားကြီးတွေရော ပိတ်မိနေတာ သုံးရက်ခန့် ရှိပြီဖြစ်ပီ့း အရင်ရက်တွေက ပိတ်မိပြီး လမ်းဖွင့်ဖို့ စောင့်ဆိုင်းနေတဲ့ ကားတွေ ရာချီ ရှိပေမယ့် ဒီနေ့မှာတော့ ကားတချို့ ပြန်လှည့်သွားကြတာကြောင့် ရာချီတော့ မရှိတော့ဘူးလို့ သူက ရှင်းပြပါတယ်။
“ဟိုတနေ့ ၅ ရက်နေ့ ရေကြီးကတည်းက လမ်းပိတ်ထားတယ်။ လမ်းပိတ်တာက ရေကြီးလို့တော့ မဟုတ်ဘူး။ ကိစ္စရှိလို့ လို့ပြောတာပဲ။ နေ့တိုင်း ပစ်ခတ်သံတွေကြားနေရတယ်။ လုံတော့ မလုံခြုံဘူး။” လို့ ဒေသခံ အမျိုး သမီး တယောက်ကလည်း ပြောပါတယ်။
ခရီးသွား ပြည်သူတွေ အနေနဲ့ နမ့်လန် – သီပေါ အတက်လမ်း ပိတ်ထားရင် နမ့်လန် – ပန်ကေတု – ကျေးသီး – မိုင်းရယ် – လားရှိုးလမ်းကို လမ်းကျဉ်းပေမယ့် အသုံးပြုလို့ရပြီး ဟိုယ လမ်းခွဲ အဝင် အထွက်ကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ဖြတ်သန်းခွင့်ပြုကြောင်း ခရီးသည် ယာဉ်မောင်း တယောက်က ပြောပါတယ်။
လောလောဆယ် လားရှိုး – မန္တလေး အတက်အဆင်း ခရီးကို မန္တလေး – ပြင်ဦးလွင် – လွန်းကျော် – ဆမ္မဆယ် – အုမ္မသီး – နောင်ချို – လားရှိုးလမ်းပိုင်းနဲ့ မန္တလေး – တောင်ကြီး – ပင်လုံ – လွိုင်လင် – လဲချား – ကျေးသီး – မိုင်းရယ်လမ်းပိုင်း တွေကို အသုံးပြုလို့ရ နေပေမယ့် လုံခြုံရေး အနေအထားနဲ့ တိုက်ပွဲအခြေအနေ တွေကြောင့် လမ်းကြောင်းတွေက အချိန်မရွေး အပြောင်းအလဲ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
ဒီနေ့ မနက်ပိုင်းမှာတော့ နောင်ချို – ပြင်ဦးလွင် လမ်းမကြီးပေါ်ရှိ သဲခေ့်ရွာအနီးမှာ နစက တပ်ဖွဲ့နဲ့ TNLA ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲ ပြန်လည် ပြင်းထန်လာနေပြီး ဘန့်ဘွေးရွာ ကနေ ပြင်ဦးလွင် သွားတဲ့ လမ်းဘက်ပိုင်း ၃ ရက်လောက် ပိတ်မယ်လို့လည်း ကြားနေတယ်လို့ ရေဝင် ဒေသခံ တယောက်က ပြောပါတယ်။
TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က နောင်ချိုကို ထိန်းချုပ်လိုက်ပြီး နောင်ပိုင်း ပြည်ထောင်စု လမ်းမပေါ် ရှိ အုမ္မတီး – သဲခေါ် – ရေဝင် – ဘန့်ဘွေး အထိ လမ်းပိုင်း ပိတ်ထားတာကြောင့် အရပ်သား ပြည်သူတွေက လက်ရှိအထိ အဲဒီ လမ်းကိုကွင်းပြီး အဆင်ပြေမယ့် ဝောာင်ပေါ်လမ်းတွေကနေ သွားလာနေကြရတာဖြစ်ပါတယ်။
Photo ၊ ဒေသခံ
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...