မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်နေ

ပြုံးယမ်း၊ စက်တင်ဘာ-၈-၂၀၂၄
မျိုးဆက်(VOM)
လာမယ့်သီတင်းပတ်မှာ ကျရောက်မယ့် မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း နှစ်ပတ်လည်နေ့မတိုင်ခင် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောကနေပါတယ်။
မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပတ်ခ်ဆန်ဂျီလ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က တရုတ်နိုင်ငံ ပေကျင်းလေဆိပ်မှာ ခေတ္တနားခဲ့ပြီး ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံအပါဝင် အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်မှာဖြစ်ပါတယ်။
အခြား မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာလည်း ဘူလ်ဂေးရီးယားနဲ့ အရှေ့ဥရောပရှိ အခြားနိုင်ငံတွေကို သွားရောက်ဖို့ စေလွှတ်ထားတယ်လို့ သံတမန် သတင်းရင်းမြစ်တွေက ပြောပါတယ်။
မြောက်ကိုရီးယားနဲ့ ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေးအဆင်ပြေအောင်လုပ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ယခုနှစ် သံတမန်ရေးရာ မူဝါဒမှာ ထည့်သွင်းပြောကြားထားပါတယ်။
ကင်ဂျုံအန်ဟာ ယခုနှစ်အတွင်း ရုရှား၊ အီရန်နဲ့ မွန်ဂိုလီးယားနိုင်ငံတွေကို ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ထားပြီး ရုရှားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း နက်ရှိုင်းစွာ လုပ်ဆောင်နေပြီး ဒါဟာ အမေရိကန် ၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကို တန်ပြန်တာလို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။
Ref:NHK
Photo:NHK

Related posts

Leave a Comment

VOM News

FREE
VIEW