ဝါရှင်တန်၊ စက်တင်ဘာ-၁၁-၂၀၂၄
မျိုးဆက်(VOM)
ရုရှားကို တိုက်ခိုက်ရာမှာ ယူကရိန်းအတွက် ထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးလက်နက်တွေအသုံးပြုခွင့် ကန့်သတ်ချက်ကို ရုပ်သိမ်းပေးနိုင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အရိပ်အမြွတ် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် ၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီတို့ ကိဗ်ယက်မှာ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေချိန်မှာ သမ္မတဂျိုးဘိုင်ဒင်ရဲ့ မှတ်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ ယူကရိန်းရဲ့ ရည်မှန်းချက်တွေ ၊ လိုအပ်ချက်တွေနဲ့ မိမိတို့ ဘာလုပ်ပေးနိုင်လဲဆိုတာတွေကို ယူကရိန်းခေါင်းဆောင်ပိုင်းဆီက တိုက်ရိုက် ကြားသိလိုတယ်လို့ ခရီးစဉ်မတိုင်မီ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးကပြောပါတယ်။
တကယ်လို့ ရုပ်သိမ်းပေးမယ်ဆိုရင် ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်ဖို့ ပေးထားတဲ့ တာဝေးပစ်လက်နက်တွေကို အသုံးပြုခွင့်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုနေခဲ့တဲ့ ယူကရိန်းရဲ့ ဆန္ဒနဲ့ ကိုက်ညီနေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားဘက်က မှတ်ချက်မပေးပေမယ့် ဒီလိုတာဝေးပစ်လက်နက်တွေ အသုံးပြုခွင့်ပေးလိုက်တာဟာ အလွန်ဆိုးရွားတဲ့ ပြသနာတွေဆီကို ဦးတည်သွားနိုင်တယ်လို့ သမ္မတပူတင်က သတိပေး ပြောဆိုခဲ့ဖူးပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...